(1) သတ်​​သေခြင်း

6.1K 381 13
                                    

[Zawgyi Version]

" လုပ်​စမ်းပါ ။ မင်း သတ္တိရှိရင်​ ခုန်​ချလိုက်​စမ်းပါ ။
ဘယ်​သူမှ မင်းကို ဆွဲမထားဘူး "

သတ္တိရှိရင်​ .. ဟုတ်​တာ​ပေါ့ .. သူ့ရဲ့မဟာအားနည်းချက်
ကြီးက သတ္တိ​ကြောင်​တာ​လေ ..

စကားနည်းသည်​ ။ တစ်​သီးတစ်​သန့်​ဆန်​သည်​ ။
နှုတ်​ဆိတ်​သည်​ ။ ​ပေါင်းသင်းဆက်​ဆံ​ရေးအားနည်းသည်​ ။
စိတ်​ခံစားချက်​ အား ထုတ်​​ဖော်​မပြတက်​သလို လူအကဲခတ်
ရာမှာလည်း အားနည်းသည်​ ။

ထိုသို့အားနည်းချက်​​မြောက်​မြားစွာ​ကြောင့် ​​ရော ထိုင်းမှိုင်း
နေသ​ယောင်​ သူ့ရုပ်​ရည်​​ကြောင့်​​ရော သူသည်
လူ​ကြောက်​တက်​ပြီး သရဲ​ဘော​ကြောင်​သည်​ဟု
ခေါင်းစဉ်​အတပ်​ခံလိုက်​ရသည်​ ။

နောက်​ဆုံး​တော့ ​ကျောင်းလူမိုက်​များ၏ အနိုင်​ကျင့်​ချင်
စရာ လူတန်းစားထဲ အလိုလို ​ရောက်​သွားပါ​လေ​ရော ။

အစပိုင်းက​တော့ သူတို့ ​တောင်းသမျှ ပိုက်​ဆံ​ပေး​နေရုံနှင့်
အဆင်​​ပြေ​နေ​သေး၏ ။ သို့​သော်​လည်း သူ၏ မထုံတက်
သေး ငူငူငိုင်​ငိုင်​ပုံစံကို မည်​သို့မည်​ဖုံနှယ်​ အထင်​မှားသွား
သည်​မသိ ။ ​ပိုက်​ဆံထုတ်​​ပေးရုံနှင့်​ မလုံ​လောက်​​တော့ဘဲ
ထိခိုက်​ဒဏ်​ရာရ​အောင်​ ထိုးကြိတ်​သည်​ ။

ပြန်​လည်​မလုပ်​ , ​အော်​လည်းမ​အော်​ , ​လွှတ်​​ပေးပါလို့
လည်း မ​တောင်းပန်​ ဘဲ ​အောက်​နှုတ်​ခမ်းကို သွားဖြင့်
ဖိကြိတ်​ပြီး အသံတိတ်​ငြိမ်​ခံ​နေသည့်​ သူ့ အား
" ငါတို့ကို ​စောက်​ဂရုမစိုက်​တာလား !!?? " ဟူ၍
အငြိုးထားကာ အရင်​ကထက်​ ပိုအ​နှောင့်​အယှက်​​ပေး
လာသည်​ ။

ထို့​ကြောင့်​ သူ၏ အထက်​​တန်း​ကျောင်းသားဘဝမှာ
နောက်​ဆုံးနှစ်​​ရောက်​​သောအခါ ခက်​ခဲသည်​ထက်
ခက်​ခဲလာ၏ ။ တစ်​ပတ်​လုံး မျက်​နှာအ​ယောင်​မကျသည့်
နေ့ရက်​များရှိသလို အိပ်​ယာထဲ လုံးလုံး လဲကျသည့်
အချိန်​များလည်းရှိသည်​ ။

|| After 6 months || [Z+U]Where stories live. Discover now