🐰 Episode - 1 🐹

10.1K 560 106
                                    

Zawgyi

"ကဲ....သတို့သားနဲ့သတို့သမီး နေရာယူလို့ရပါပြီ"

ရယ်လိုက်ရင် အထင်းသားပေါ်လာတဲ့ ပါးချိုင့်တွေနဲ့
ကောင်လေးကပြောလိုက်တော့ နှုတ်ခမ်းဖူးဖူးလေး
နဲ့ကောင်လေးက ဘေးက အရုပ်မလေးတစ်ရုပ်ကို
ယူလိုက်ပြီး ပါးချိုင့်နဲ့ကောင်လေးရှေ့ ရပ်လိုက်သည်။

"သတို့သားရော သတို့သမီးရော အဆင့်သင့်ဖြစ်ပါပြီ ဖာသာ Joon"

"အာ Jin Hyung....ဘာလို့ ကျွန်တော့
ကောင်မလေးကို ယူသွားရတာလဲ"

ဘေးခုံမှာထိုင်နေတဲ့သွားသေးသေးလေးတွေနဲ့ကောင်
လေးက ဆူပုတ်စွာပင် အော်ပြောတော့ နှုတ်ခမ်းဖူးဖူး
လေးနဲ့ကောင်လေးက သွားဖြီးပြရင်း....

"Yah...Min Yoongi...ငါ့ကို ခဏလေးဌားလေကွာ"

"ပြီးရော....ခဏပဲနော်"

ဘုတ် 💥💥

"အ့..ဟင် ဒီဘောလုံးက ဘယ်ကရောက်လာတာလဲ အား...ငါ့ဖင်နာသွားပြီ"

"ဟုတ်ပါ့....Jin Hyung ကို ဘယ်သူဘောလုံးနဲ့
ပစ်ပေါက်တာလဲကွ"

"မိုက်ရင် ထွက်ခဲ့ကွာ"

သူ့ဆီကို ဘယ်ကမှန်းမသိတဲ့ဘောလုံးမှန်လာတာ
ကြောင့် ထအော်လိုက်တော့ ဘေးက အငယ်နှစ်
ကောင်ကပါ လိုက်အော်သည်။

"အာ....တောင်းပန်ပါတယ်...ငါဘောလုံးဆော့နေ
တာ...ဘောလုံးက ခြံထဲကကျော်ထွက်သွားလို့"

"မင်းကဘယ်သူလဲ..မင်းကို ငါတို့တစ်ခါမှမမြင်
ဖူးဘူး"

သူတို့ခြံထဲကိုဝင်လာပြီး ဘောလုံးကောက်ရင်း ပြော
လာတဲ့ကောင်လေးကို သူမေးလိုက်တော့ ထိုကောင်
လေးဆီက ပေါ်ထွက်လာသည်က လေးထောင့်ဆန်ဆန် အပြုံးလေးတစ်ခု ။

"ငါ့နာမည်က Kim Tae Hyung ပါ...မနက်ကမှ ဟိုဘက်ခြံကို ပြောင်းလာတာ "

"အာ...သိပြီ...သိပြီ ငါက Kim Seokjin....သူက Kim Namjoon.....သူက ငါတို့ရဲ့ အငယ်ဆုံးလေး Min Yoongi....ငါတို့ မင်္ဂလာဆောင်တမ်း ကစားနေတာ....မင်းရော ပါဦးမလား...ပါချင်ရင်
ငါ့သတို့သမီးရဲ့ အဖေနေရာကဝင်လုပ်...ဟီး"

အကြီးဖြစ်တဲ့ သူကပဲသွက်သွက်လက်လက်နဲ့ အငယ်
နှစ်ကောင်ကို လက်ညှိုးထိုးပြီး မိတ်ဆက်ပေးရင်း လူများလေကောင်းလေဆိုတဲ့အတိုင်း ဆော့ဖို့
အဖော်ပါစပ်လိုက်သေးသည်။

𝙼𝚈 𝙱𝙴𝙻𝙾𝚅𝙴𝙳  [𝐂𝐨𝐦𝐩𝐥𝐞𝐭𝐞𝐝]Where stories live. Discover now