Zawgyi
တွဲနေတာလည်းမဟုတ်ပေမယ့် ဘာရယ်မဟုတ်အကြောင်းပြ
ချက်မရှိပဲပါ့ခ်ဂျီမင်နဲ့အတူသွားလာနေမိသည်။အချိန်ပိုင်းအလုပ်လည်းပြောင်းသွားသည်မို့ နှစ်ယောက်တွေ့ဖို့အချိန်ပိုရသွားသလားတော့မပြောတတ်။လာခေါ်မယ်လည်းကြိုမပြောပါပဲနဲ့အမြဲရောက်ချလာတတ်သည်မို့ သေချာမသိပဲစောင့်နေတတ်တာတောင်အကျင့်တစ်ခု
လိုဖြစ်နေပြန်သည်။အရင်စကားများထားတဲ့ကိစ္စရှိတာကြောင့်
နှစ်ယောက်သား သူနိုင်ကိုယ်နိုင်စကားလုတာမျိုးလည်းရှား
သွားပြန်သည်။အရင်ကအနည်းငယ်အနေခက်သလိုခံစားရပေမယ့် ပိုပြီးရင်းနီးလာတယ်လို့ခံစားရလာသည်။သူ့ရဲ့ကောင်မလေးဟန်ဆောင်နေတယ်ဆိုတဲ့စည်းကို နှစ်ယောက်ကြားမှာသေချာတားထား
သည်။ရှုပ်ပြီးပွေတတ်တဲ့လူတစ်ယောက်လို့ထင်ထားပေမယ့် တကယ်တမ်းအဲ့လိုမဟုတ်တာကိုတဖြည်းဖြည်းသိလာရသည်။ဘာခံစားချက်အသစ်မှထပ်ပြီးဖြစ်မလာတာမို့ သူကကိုယ့်အတွက်
အသစ်ရလာတဲ့ သူငယ်ချင်းတစ်ယောက်ပါပဲ။"ရား...မိုးရေထဲမှာငေးပြီးဘာလုပ်နေတာလဲ ထီးလည်းမပါပဲ
နဲ့ ကားထဲအမြန်ဝင်"မိုးဖွဲလေးကျလာတာကိုသတိမထားမိသလို ဘေးနားကနေထီးလာမိုးပေးပြီးကားထဲကိုပို့လိုက်တဲ့သူ့ကိုလည်းသတိမထား
မိလိုက်ပေ။"မိုးရွာနေတာတောင်မသိလိုက်ဘူး စောင့်နေတာမကြာသေး
ပါဘူး..."ကိုယ်ပြောတဲ့စကားကိုကြားတော့ ခေါင်းလေးစောင်းပြီးကြည့်
လို့လာသည်။"စောင့်နေတာ? ကိုယ်လာမယ်ဆိုတာသိတယ်ပေါ့?"
"ထင်..ထင်လို့ပါ"
ကိုယ်ရဲ့တွန့်ဆုတ်ဆုတ်ဖြစ်နေတဲ့ပုံစံကိုကြည့်ပြီး အသံထွက်
အောင်ရယ်ပြန်သည်။"ဒီနေ့အချိန်ရလား??"
"ရပါတယ် ဘာဖြစ်လို့လဲ??"
"ရတယ်ဆိုပြီးရော...အခုအိမ်မပြန်နဲ့တော့"
ဘာကိုဆိုလိုမှန်းမသိတဲ့မေးခွန်းကိုမေးပြီးတဲ့နောက် ကားကို
မောင်းထွက်သွားတော့သည်။အခုဘယ်ကိုလိုက်သွားရမှာလဲ။