16

2.1K 298 28
                                    

Zawgyi

"ဟင်?....ထယ်ယောင်းရှီက ဒီကိုဘယ်လိုလုပ်ပြီး..."

"ဆောရီးပါနာရယ်ရှီ ကျနော်နည်းနည်းနောက်ကျသွားတယ်
ဂျီမင်ကအခုအရေးကြီးအစည်းအဝေးတစ်ခုတက်နေတာမို့
လို့ ကျနော်လာခဲ့လိုက်တာ..."

စကားပြောရင်းမှကိုယ့်ပုံစံကိုသတိထားမိတော့ တံခါးရှေ့မှာ
ငုပ်တုပ်ထိုင်နေတာမို့ အမြန်ထရပ်လိုက်ရင်းမျက်နှာကိုလည်း
ပွတ်သပ်လိုက်မိသည်။

"ဟို...ကျနော်ဘာကူညီပေးရမလဲ နာရယ်ရှီတစ်ခုခုဖြစ်နေ
တာမဟုတ်ဘူးလား??"

"အာ...မဟုတ်တာ ထယ်ယောင်းရှီကိုအလုပ်ရှုပ်စေမိပြီ
ဘာမှထွေထွေထူးထူးမဟုတ်ပါဘူး"

"အဲ့ဒါဆိုအခုအိမ်ပြန်မှာမလား...ကျနော်လိုက်ပို့ပေးမယ်လေ"

"ရပါတယ် ကျမဘာသာ--"

"မငြင်းပါနဲ့ ဂျီမင်ကအကူအညီတောင်းလိုက်တာမို့လိုက်ပို့ပေး
ဖို့တော့ခွင့်ပြုလိုက်ပါ"

ကိုယ်လည်းတဖြည်းဖြည်းအားနာလာတာမို့ ခေါင်းငြိမ့်ရင်း
လိုက်ပို့ဖို့ကိုလက်ခံလိုက်တော့သည်။

.

.

.

"ဂျီမင် ငါမင်းကိုသေချာပေါက်ငါ့ကိုမျက်နှာမပျက်စေရအောင်
သူဋ္ဌေးချွဲသမီးနဲ့သွားတွေ့ဖို့ပြောခဲ့တယ်နော်...ဒါကိုမှ မင်းက
ငါ့ကိုကန့်လန့်တိုက်ချင်တာနဲ့ပဲ မသွားပဲနေတယ်ပေါ့!!!တစ်
ဖက်ကမိန်းကလေးကဟိုမှာအကြာကြီးစောင့်နေရတာ ဘယ်
လောက်တောင်အရှက်ရသွားမလဲနားမလည်ဘူးလား!!!"

"ကိုယ့်သားသမီးခံစားချက်ကျမထည့်မတွေးပဲ သူများခံစားချက်တွေတော့တအားနားလည်ပေးနေတယ်ပေါ့"

ဖြန်းးး

ဂျီမင်စကားသံဆုံးသည်နှင့်အတူရိုက်ချက်တစ်ခုရဲ့အသံက
လည်းဖောင်းခနဲမြည်အောင်ထပ်တူကြသည်။

"မင်းငါ့ကိုမစော်ကားနဲ့!!!"

"ဟက်~အဖေတောင်တော်တော်အသက်ကြီးလာပြီပဲ ရိုက်ချက်တွေအရင်ကလောက်မပြင်းတော့ဘူး"

ခပ်ရွဲ့ရွဲ့ပြောလိုက်ပေမယ့် နှုတ်ခမ်းထောင့်မှာချက်ချင်းသွေးစို့
တက်လာပြီးဒဏ်ရာဖြစ်သွားတာကရိုက်ချက်ရဲ့လက်ဆကိုပြ
လို့နေသည်။

RIVALS [Completed]Where stories live. Discover now