Final

3.3K 302 30
                                    

Zawgyi

"Hmm....ဘယ်နှစ်နာရီရှိသွားပြီလဲ??"

သူ့ဖက်ထားတာကနေပြီးတော့လှုပ်စိလှုပ်စိနဲ့မရရအောင်တွန့်
လိမ်ပြီး တဖက်စားပွဲပေါ်မှာတင်ထားတဲ့နာရီကိုမရရအောင်
ကြည့်နေပြန်သည်။

"နည်းနည်းထပ်အိပ်ဦးလေ တစ်ပတ်လုံးအိပ်ရေးပျက်ထားတာအန်ကယ်လည်းနားလည်မှာပါ"

"မရဘူး...နားလည်လည်းသွားမှာပဲ နေမှသိပ်မကောင်းသေး
တာကို ကျမဘေးမှာရှိမှပိုအဆင်ပြေမှာ နည်းနည်းလွှတ်"

ဘယ်လိုပင်ထဖို့လုပ်နေပါစေဦး သူကအတင်းဖက်ထားတော့
လှုပ်မရပြုမရဖြစ်နေတယ်ထင်သည်။လက်တွေကိုအတင်းဖြုတ်ပစ်နေတော့တာ။ဒီလူကလည်းလွှတ်ပေးဖို့စိတ်ကူးမရှိပါဘူး။

ကိုယ်ချစ်တဲ့သူကိုမပင်ပန်းစေချင်တာကထုံးစံပဲမို့ မ​နေ့ကအနာဂတ်ယောက္ခမလောင်းကြီးဆီကိုကျန်းမာရေးသတင်းမေးဖို့အားနာနာနဲ့ညကြီးမိုးချုပ်ဖုန်းဆက်ရင်း သူ့သမီးလေးကိုအေးအေးဆေးဆေးအနားယူစေပြီးမှပြန်လာခိုင်းဖို့ တစ်ပါတည်းမှာကြားလိုက်သည်လေ။

ပြန်လာတည်းကပင်ပန်းလွန်းပြီးသူ့နားမှာတစ်ချိုးတည်းအိပ်ပျော်သွားတဲ့အိတ်ပုတ်လေးကတော့ ဒါတွေကိုဘယ်သိလိုက်ပါ့
မလဲ။အခုလိုမိုးလင်းတာနဲ့ပြောစကားနားမထောင်ပဲဇွတ်တရွတ်ထလာဖို့လုပ်တော့မယ်ဆိုတာကို သူ့အဖေကတော့ကြိုသိ
နေပုံပါပဲ။

"အိပ်ရေးမဝသေးဘူးဆိုတာကိုကိုယ်သိတယ်နော် လာအိပ်
ဦး....ညကသိပ်တုန်းကတော့ဖြင့်တစ်ချိုးတည်းအိပ်သွားပြီး
တော့~"

သူ့စကားကိုကြားတော့တွန့်ချိုးနေတဲ့မျက်ခုံးတွေနဲ့လှည့်ကြည့်လို့လာသည်။

"ရှင်သိပ်ရအောင် ကျမက ကလေးလား?? မဟုတ်တာတွေ
မပြောနဲ့နော်"

"ဟောဗျာ...စွာလိုက်တာ ညကကိုယ့်နားကိုတိုးလာပြီးအိပ်
လို့ကိုယ်ကဟောဒီလိုဆွဲဖက်ပေးပြီး ဟောဒီလို ပုတ် ပုတ် ပြီး
သိပ်ပေးတာလေ မမှတ်မိတော့ဘူးလား ကလေးလေးရဲ့"

ပြောတဲ့စကားတွေကိုကြောင်ကြည့်နားထောင်နေတာမို့ အငိုက်မိတုန်းလေး ဟောဒီလိုဆွဲဖက်တယ်လို့ပြောတဲ့အချိန်မှာ
လက်ကနေဆွဲပြီးမွေ့ယာပေါ်ကိုပြန်ဆွဲချလိုက်ပြီး စကားထဲက
အတိုင်းဆွဲဖက်ပေးရင်းကိုယ်လေးကိုပုတ်ပုတ်ပေးတော့သူ့ကို
ဆူပုတ်ပြီးကြည့်နေပြန်သည်။

RIVALS [Completed]Where stories live. Discover now