『 Wife, Children And Warm Bed 』

5.2K 201 10
                                    

Wife, Children And Warm Bed

[ Zhou Jin Xing x Ding Xiao Wei ]

အင်္ဂလန် • လန်ဒန် • မြင်းစီးခြင်း

°•°•°•°•°•°•°•°•°•°•°

°•°•°•°•°•°•°•°•°•°•°

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

🐎🏡🐎🏡🐎

နေအရှိန်ပြင်းလှသည့် နွေလလယ်သို့မရောက်ခင်လေး ၊ ကျိုးကျင်ရှင်းက သူ၏မိသားစုကို လန်ဒန်မြို့ရှိ ခြံဝင်းကျယ်နှင့် စံအိမ်ကြီးဆီသို့ အပူရှောင်ရန်အတွက် ခေါ်ဆောင်သွားတော့သည်။

ယင်းစံအိမ်ကြီးကို သူ Eton College တွင်ကျောင်းတက်စဉ်က သူ့အမေဝယ်ယူထားခဲ့ခြင်းဖြစ်ပြီး သူကျောင်းတက်သည့်ကာလတစ်လျှောက်လုံးနီးပါး weekend ရောက်တိုင်း ထိုအိမ်ကြီးထဲ၌ နေထိုင်ဖြတ်သန်းခဲ့ခြင်းဖြစ်သည်။ အိမ်ခြံဝန်းကြီးထဲရှိ ဥယျာဉ်အတွင်း၌ မျိုးကောင်းမျိုးသန့်မြင်းများစွာကို မွေးမြူထားလေရာ ၄ကသူ၏လူမှုဆက်ဆံရေးအတွက် အဓိကအချက်အချာတစ်ခုဖြစ်လာခဲ့ပြီး နောက်ပိုင်း ကျိုးမိသားစုအမွေလုသည့်ကိစ္စတွင် အကူအညီကောင်းကောင်းဖြစ်လာခဲ့၏။ သူ့အတွက် အောင်မြင်မှုကို ဆောင်ကြည်းပေးခဲ့သည့် မဟာမိတ်အားလုံးနီးပါးမှာ ဤအိမ်၌နေစဉ်ကာလတုန်းက မိတ်ဖွဲ့ခဲ့ခြင်းပင်။

သို့သော်ငြား သူဒီတစ်ခေါက်ပြန်လာသည့်အချိန်တွင်တော့ သူ၏သူငယ်ချင်းများကိုအသိပေးခြင်းမပြုတော့ပေ။ ကလေးသုံးယောက်ကို ကြည့်ရှုဖို့နဲ့တင် အားအင်ကုန်ဖို့လုံလောက်နေပြီဖြစ်ရာ သူနှင့်တင်းရှောင်ဝေတို့နှစ်ဉီး၏ ကိုယ်ပိုင်အချိန်လေးကို တခြားသူများက ဖဲ့ယူသွားမှာ မလိုလားတော့ချေ။

ကျိုးကျင်ရှင်း ကျောင်းတက်နေစဉ်တုန်းက မြင်းစီးပြိုင်ပွဲတွင် အနိုင်ရကာ ဆုရဖူး၏။ ယခုအခါ၌မူ သူ့အတွက် မြင်းစီးဖို့ရန် အချိန်ရှားသွားပြီဆိုသော်ငြား သူ၏အရည်အချင်းက နည်းပြတစ်ယောက်လုပ်ဖို့ထက်ပင် သာလွန်နေသေးသည်။ သူ့အတွက်ပြဿနာကား တင်းရှောင်ဝေ၏မြင်းစီးဝတ်စုံက ထိုသူ၏ကောက်ကြောင်းလှသောခန္ဓာကိုယ်အား အတော်လေးကိုဆွဲဆောင်မှုရှိအောင် ပုံဖော်ပြလွန်းနေခြင်းသာ။ ထိုသေးသိမ်သည့်ခါး ၊ တင်ပါးနှင့် ခြေတံရှည်ကြီးများက သူ၏မျက်လုံးများကို အင်မတန်ညှိ့ယူဖမ်းစားနေသည့်အတွက် သူမှာဆရာတစ်ယောက်လုပ်နေပြီး တပည့်ထက်ပင် အာရုံစူးစိုက်ဖို့ ခက်ခဲနေတော့သည်။

[188 BoyGroup] Summer Limited SeriesWhere stories live. Discover now