『 In Love With An Idiot 』

3.7K 216 13
                                    

In Love With An Idiot

[ Li Yu x Jian Sui Ying ]

စပိန် • ဘာစီလိုနာ • ယူအီးအက်ဖ်အေ ချန်ပီယံလိဂ် ( UEFA Champions League )

°•°•°•°•°•°•°•°•°•°•°

°•°•°•°•°•°•°•°•°•°•°

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

⚽🍺⚽🍺⚽

ဒီနှစ်ကျင်းပမည့် ယူအီးအက်ဖ်အေ ချန်ပီယံလိဂ်ပွဲစဉ်များက မစတင်သေးသော်လည်း လီယွိက သူ၏ဥရောပခရီးစဉ်အတွက် ကြိုတင်ပြင်ဆင်ပြီးနေပြီဖြစ်သည်။ အကြောင်းကား ကုမ္ပဏီအလုပ်များက အင်မတန်ရှုပ်နေသည်ကြောင့် ကျန်ဆွေယင်းမှာ အချိန်တစ်ပတ်ကို ကြံဖန်ပြီးဖယ်ထုတ်ထားရသည့်အတွက်ကြောင့်ပင်။ သို့နှင့် သွားရောက်ကြည့်ရှုဖို့ရာအတွက် အသင့်တော်ဆုံးပွဲစဉ်က ဘာစီလိုနာအိမ်ကွင်းတွင်ကျင်းပမည့် ကွာတားဖိုင်နယ်ပွဲစဉ်သာဖြစ်၏။ ကျန်ဆွေယင်းက လီယွိတစ်ယောက် သူအကြိုက်ဆုံးကစားသမား မက်ဆီအား သွားကြည့်ရန်အတွက် အဖော်လိုက်သွားပေးမှာဖြစ်သည်။

လီယွိသည် ကလေးအရွယ်ကတည်းကပင် သာမန်ကလေးများထက် ပိုမိုရင့်ကျက်ကာ စဉ်းစားချင့်ချိန်တတ်သော သူတစ်ယောက်ဖြစ်၏။ သူကမိဘများကို အပိုထပ်ဆောင်းတောင်းဆိုသည့်အခါမျိုးဆိုသည်မှာလည်း လုံးဝမရှိသလောက်ပါပေ။ စည်းမျဉ်းစည်းကမ်းများနှင့် နေထိုင်ရတာကိုလည်း ကျင့်သားရနေသည့်အပြင် ပြဿနာများနှင့် ဆုံးရှုံးမှုများ နည်းနိုင်သမျှနည်းအောင်လည်း စနစ်တကျလုပ်ကိုင်နိုင်သေး၏။ ထိုအကျင့်စရိုက်များမှာ ကျောင်းသားဘဝကတည်းက ကုမ္ပဏီလုပ်ငန်းခွင်ဝင်သည့်အချိန်ထိ ပြောင်းလဲခြင်းမရှိသည့်အတွက် လူတော်တော်များများက သူတို့၏ " သူဌေးလီ " မှာ ယခုမှဘွဲ့ရပြီးခါစ ကလေးဖြစ်ကြောင်း မေ့သွားလေ့ရှိသည်။

[188 BoyGroup] Summer Limited SeriesWhere stories live. Discover now