『 Years Of Intoxication 』

2.9K 178 8
                                    

Years Of Intoxication

[ Song Ju Han x He Gu ]

ဘရာဇီး • ရီးယို ဒစ်ဂျနေးရို • တေးဂီတဖျော်ဖြေပွဲ

°•°•°•°•°•°•°•°•°•°•°

°•°•°•°•°•°•°•°•°•°•°

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

🎼🎤🎼🎤🎼

ဟောကုက ဂီတကိုချစ်မြတ်နိုးသည်။ သူ့လိုမျိုး ငယ်စဉ်ကလေးဘဝကတည်းက အထူးစိတ်ဝင်စားသည့်ဝါသနာမျိုးမရှိဘဲ စာပေဖတ်ရှုခြင်းနှင့် အတတ်ပညာဆည်းပူးရန်သာ သိသော လူတစ်ယောက်အဖို့ ဂီတကသာလျှင် သူ့အတွက် စိတ်ဝင်စားဖို့အကောင်းဆုံးသောအရာဖြစ်ပေ၏။ သို့သော်အစပိုင်းတွင်တော့သူက စုန့်ကျွီးဟန်၏သီချင်းများကိုသာ ကြိုက်နှစ်သက်ခြင်းပင်။

စုန့်ကျွီးဟန်ကသူ့ကို ဂီတလောကကြီးဆီ ခေါ်ဆောင်မသွားခင်အထိပေါ့။

စုန့်ကျွီးဟန်က အမျိုးစုံသော ဂီတတူရိယာများနှင့်ပတ်သတ်ပြီး အကုန်လုံးနီးပါးသိကျွမ်းဝင်သူဖြစ်ကာ ဂီတတူရိယာခြောက်မျိုး သို့မဟုတ် ခုနစ်မျိုးလောက်ကို ကျွမ်းကျွမ်းကျင်ကျင် တီးခတ်နိုင်၏။ သူ့၏ဘဝသည်ကား သီချင်းဂီတများနှင့် ဝန်းရံပြည့်နှက်နေခြင်းပင်။ စုန့်ကျွီးဟန်က မူလတန်းကျောင်းမှာကတည်းကပင် သီချင်းများစပ်ဆိုနိုင်ခဲ့ပြီး တေးဂီတသီချင်းများစွာကိုလည်း နားထောင်လေ့ရှိသည်။ သည့်အပြင် ထူးခြားသည့်ရိုးရာဂီတတူရိယာများနှင့် တေးသံစဉ်များကို ရှာဖွေရန်အတွက် သာမာန်လူများမဆက်သွယ်နိုင်သည့်နေရာများကိုပါ သွားရောက်လည်ပတ်လေ့ရှိ၏။ ယင်းအရာများအားလုံးက သူ၏ဂီတဝမ်းစာနှင့် ဥာဏ်ကွန့်မြူးနိုင်စွမ်းများဖြစ်လာကြပြီး ထိုအချက်ကသာလျှင် စုန့်ကျွီးဟန်တစ်ယောက် ဂီတလောက၌ ဆယ်နှစ်ကျော်ကြာအောင် ရပ်တည်လာနိုင်ခြင်း၏ အဓိကအကြောင်းအရင်းဖြစ်သည်။

[188 BoyGroup] Summer Limited SeriesWhere stories live. Discover now