『 Additional Inheritance 』

2.6K 167 8
                                    

Additional Inheritance

[ Luo Yi x Wen Xiao Hui ]

ပြင်သစ် • ပဲရစ် • ကစားကွင်း

°•°•°•°•°•°•°•°•°•°•°

°•°•°•°•°•°•°•°•°•°•°

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

🎡🎠🎡🎠🎡

ယခုတစ်ခေါက် ပြင်သစ်ခရီးစဉ်သည် ဝမ်းရှောင်ဟွေးနှင့်လက်တွဲထားသော Beauty Brand ၏ ပရိုမိုးရှင်းပရောဂျက်တစ်ခုဖြစ်၏။ သို့ဖြစ်ရာ သူ့အတွက် First class လေယာဉ်လက်မှတ်ခကအစ ကြယ်ငါးပွင့်ဟော်တယ်ခအဆုံး တစ်ဖက်က စိုက်ထုတ်ပေးမှာပင်။ သူလုပ်ရမည့်အလုပ်က မိတ်ကပ်လေးပြင်ကာ ပျော်ပျော်ပါးပါးလျှောက်လည်ပြရမှာဖြစ်ပြီး ကင်မရာသမားတစ်ယောက်က သူတို့နောက်ကိုလိုက်၍ ရိုက်ကူးရေးလုပ်မည်ဖြစ်၏။ ပြီးလျှင်တော့ ဓာတ်ပုံ ၊ ဗီဒီယိုများ ၊ Product နှင့်ပတ်သတ်သည့်စာများနှင့်တကွ တခြားအကြောင်းအရာနည်းနည်းပါးပါးရေးသားကာ သူ၏ Weibo အကောင့်တွင်တင်၍ ပရိုမိုးရှင်းဆင်းပေးရမှာဖြစ်သည်။

သေချာပေါက် လော့ရိကတော့ မဆိုင်သည့်လူများအား သူတို့နောက်သို့မလိုက်စေချင်သလို ခရီးကိုတောင်မှ အလုပ်ကိစ္စများမပါဘဲ နှစ်ယောက်တည်းသီးသန့်သာ ထွက်ချင်နေသေးသည်။ သည့်အပြင် သူ့အနေနှင့်က ခရီးစရိတ်လည်း ရှားမနေပါချေ။ သို့သော် ယခုခရီးစဉ်ကမူ ဝမ်းရှောင်ဟွေးလက်ခံဖူးသမျှထဲတွင် အရေးကြီးဆုံးသောကြော်ငြာတစ်ခုဖြစ်ကာ Brand ကလည်း နာမည်ကြီး အင်တာနေရှင်နယ် Brand တစ်ခုဖြစ်နေသေး၏။ တကယ်တမ်းမှာလည်း ဤခရီးစဉ်က အပျော်သက်သက်သာမဟုတ်ဘဲ အလုပ်နှင့်ပတ်သက်သည့်ကိစ္စပါပေ။ သို့ဖြစ်ရာ သူဘယ်လောက်ပဲ စိတ်မတင်မကျဖြစ်နေပါစေ၊ ဝမ်းရှောင်ဟွေးမှ စိတ်လှုပ်ရှားမှုအပြည့်နှင့် အော်ဟစ်မြူးထူးနေသည့်အခါတွင်တော့ သူလည်းပြုံးရယ်ပြီး ဂုဏ်ပြုပေးမိတော့သည်။

[188 BoyGroup] Summer Limited SeriesWhere stories live. Discover now