『 Professional Substitute 』

2.9K 205 5
                                    

Professional Substitute

[ Yan Ming Xiu x Zhou Xiang ]

အီတလီ • မီလန် • Fashion Week

°•°•°•°•°•°•°•°•°•°•°

°•°•°•°•°•°•°•°•°•°•°

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

🎥🎬🎥🎬🎥

ယခုတစ်ခေါက် Milan Fashion Week တွင် တွဲဖက်ပါတနာ Brand က အစပိုင်းတွင်တော့ ကျိုးရှန်တစ်ဉီးတည်းကိုသာ ဖိတ်ကြားထားခြင်းဖြစ်၏။ သို့သော်ငြား ယန့်မင်ရှိုးတစ်ယောက် ဖရန့်ဖက်ထ် (Frankfurt) သို့ရောက်နေသည့်အကြောင်းကို သိသွားသည့်အချိန်တွင် Brand ၏လိမ္မာပါးနပ်သော ကိုယ်စားလှယ်များက ဖိတ်စာတစ်စောင်ကို ချက်ချင်းပြုလုပ်လိုက်ပြီး ယင်းဖိတ်စာထဲ၌မူ Brand ၏တန်ဖိုး ၊ အဆင့်သတ်မှတ်ချက် ၊ အိုင်ဒီယာဒီဇိုင်း ၊ ထုတ်ကုန်အကြောင်း ဘာဆိုဘာမှ ထည့်သွင်းဖော်ပြထားခြင်းမရှိပေ။ ကိုယ်စားလှယ်က ထိုဖိတ်စာထဲ၌ရေးသားထားသော " မစ္စတာကျိုးရှန်နဲ့အတူ Red Carpet အပေါ် လျှောက်လှမ်းလာဖို့ မျှော်လင့်မိပါတယ် " ဟူသည့် အကြောင်းအရင်းတစ်ခုလေးကသာလျှင် အနုပညာလောက၏ တော်ဝင်မင်းသားလေးကို ပွဲတက်ဖိတ်ဖို့ရန်အတွက် လုံလောက်နေပြီမှန်း သိနေသည်မို့ပင်။

သို့ဖြစ်ရာ ယန့်မင်ရှိုးသည် အချိန်အကြာကြီးအစည်းအဝေးထိုင်ပြီးသည့်နောက်တွင် သူ၏ကားဒရိုင်ဘာအား ညကြီးမိုးချုပ် မီလန်မြို့သို့မောင်းပို့ပေးရန် ပြောကြားလိုက်ပြီး ကျိုးရှန်တည်းနေသည့် ဟော်တယ်ဆီသို့ တိုက်ရိုက်သွားတော့သည်။

သူဟော်တယ်သို့ရောက်သည့်အချိန်၌ ညသုံးနာရီခွဲနေပြီဖြစ်သည်။ ကျိုးရှန်အိပ်ချင်မူးတူးနှင့် တံခါးဖွင့်လိုက်သည့်အခါဝယ် အရပ်ရှည်ပြီး မှောင်မဲနေသည့်လူရိပ်ကိုသာ မြင်ဖို့အချိန်ရလိုက်ပြီး ချက်ချင်းကိုပင် အေးမြသင်းပျံ့သောရေမွှေးနံ့လေးရသည့် နွေးထွေးလှသော ရင်ခွင်ကျယ်ကြီးတွင်းသို့ လှစ်ခနဲဆွဲသွင်းခံလိုက်ရသည်။

[188 BoyGroup] Summer Limited SeriesWhere stories live. Discover now