『 Beloved Enemy 』

2.5K 183 4
                                    

Beloved Enemy

[ Yuan Yang x Gu Qing Pei ]

ဖီဂျီ • ဆူဗား • ရေလွှာလှိုင်းစီးခြင်း

°•°•°•°•°•°•°•°•°•°•°

°•°•°•°•°•°•°•°•°•°•°

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

🏖️⛵🏖️⛵🏖️


ီနှစ်များအတောအတွင်း ယွမ်ယန်သည် ကုချင်းဖေ၏ အုပ်ထိန်းလမ်းညွှန်မှုအောက်၌ အရင်ကထက်ပိုပြီး ရင့်ကျက်တည်ငြိမ်လာခဲ့၏။ ကုမ္ပဏီဝန်ထမ်းများနှင့် အပြင်လူများ၏ရှေ့တွင်ဆိုလျှင် ယွမ်ယန်၏မူပိုင်အကျင့်များထဲ၌ ကုချင်းဖေ၏လောင်းရိပ်အနည်းငယ် ပါဝင်နေတတ်ကာ ကိုယ်ပိုင်အချိန် အထူးသဖြင့် ကုချင်းဖေ၏ရှေ့တွင်ဆိုလျှင်တော့ အရင်ပုံစံအတိုင်းလိုပင် ငယ်ရွယ်တက်ကြွကာ အပျော်အပါးခုံမင်သည့် လူငယ်လေးသာဖြစ်သည်မို့ တဖြည်းဖြည်းနှင့် စရိုက်နှစ်မျိုး၏ ကွာဟချက်ကကြီးလာလေ လူနှစ်ကိုယ်ခွဲထားသလိုပါပေ။

ယခုတစ်ခေါက်အားလပ်ရက် ဖီဂျီ(Fiji) ခရီးစဉ်မှာလည်း ယွမ်ယန်၏ ဂျီကျပူဆာမှုတို့ကြောင့် အလုပ်ချစ်သူကြီး ကုချင်းဖေမှာ အချိန်ဇယားစီစဉ်ပြီး ထွက်လာခဲ့ရခြင်းဖြစ်၏။

ကုချင်းဖေက အလုပ်ကိုသိပ်ပြီးသံယောဇဉ်မပြတ်ချင်သလို ဖြစ်နေခဲ့သော်ငြား လေယာဉ်က ဖီဂျီကျွန်းပေါ်မှ ဖြတ်သန်းသွားသည့်အချိန်တွင်တော့ သူလည်းချက်ချင်းကိုမှ ရတနာတစ်ပါးလို လင်းလက်လှပနေသည့်ကျွန်း၏ ဆွဲဆောင်မှုကိုခံလိုက်ရကာ လူတစ်ကိုယ်လုံး လန်းဆန်းသွားတော့သည်။

ကျွန်းပေါ်၌မူ နှစ်ယောက်သား ပျင်းရိပြီးသက်တောင့်သက်သာရှိသောဘဝကို ဖြတ်သန်းကြလေ၏။ ညဘက်ရောက်လျှင် အထိန်းအကွပ်မရှိ sex လုပ်ကြကာ နေမြင့်ချိန်ထိ အိပ်ရေးဝဝအိပ်ကြပြီး ထချင်သည့်အချိန်မှသာထကြ၏။ အိပ်ရာမှထပြီးပြီဆိုလျှင်တော့ သူတို့ဗိုက်ဖြည့်ဖို့ရန်စားသောက်ကြကာ ကမ်းခြေ၌ အေးအေးလူလူလမ်းလျှောက်ရင်လျှောက် မဟုတ်ရင် ပင်လယ်ထဲရွက်လှေစီးရင်စီး ဒါမှမဟုတ် ကမ်းခြေပေါ်၌လှဲလျောင်းကြကာ နေပူဆာလှုံခြင်းတို့ ပြုလုပ်ကြသည်။

[188 BoyGroup] Summer Limited SeriesWhere stories live. Discover now