EPISODE 2(Uni+Zawgyi)

1.1K 55 0
                                    

စမ်းရေကြည်ပေါက် (Part2)

ပန်းမဟုတ်သော ပန်းတစ်ပွင့် အကြောင်း ( အပိုင်း2)

“သူဟာသူ ဟိုတုန်းက ဘာပဲဖြစ်ဖြစ် ခုသူနေတာက ဘယ်သူကိုမှထိခိုက်နေတာမဟုတ်ပဲနဲ့ နင်ကဆရာကြီး ၀င်လုပ်နေရအောင် နင်ကရောဘာကောင်မို့လို့လဲ”

နှင်းဆီသည် လွန်စွာလှပသော ကောင်မလေးဖြစ်ပြီး ညီညီငယ်လိုပင် စာတော်ခဲ့သူတစ်ယောက်ဖြစ်ပါသည်။ သူမသည်လည်း အဆင့် ၂ ကို ညီညီငယ်ထက် ၂မှတ်လျော့ပြီး အဆင့်တစ်ကို ပေးခဲ့ရသူဖြစ်ပါသည်။ သူမသည်ကျောင်းတွင် ရေပန်းစားကာ နန္ဒတို့ ကြိတ်ခိုက်ခဲ့သော ကောင်မလေးပင်ဖြစ်ပါသည်။

“နင်နဲ့ဘာဆိုင်လို့၀င်ပြောတာလဲ”

“ငါနဲ့တော့ မဆိုင်ဘူး ဒါပေမယ့် မတရားတာကို လက်ပိုက်ပြီးကြည့်နေမည့် သူထဲမှာငါမပါဘူး”

သူနဲ့ငါကတစ်ခန်းထဲနေတာ အဲဒီလိုအပြုမုမျိုးရှိထားတဲ့သူနဲ့ နေရတာ ငါအောက်တယ်”

  “အောက်ရင်သေလိုက်ပေါ့ သူနဲ့တစ်ခန်းထဲနေရလို့ နင်က ဘာဖြစ်တယ်ညာဖြစ်တယ် ဆိုပြီး နင်ကပြောရအောင် နင်ကိုသူက ညညဘာလုပ်နေလို့လည်း”

  “ဘာ..”

  “ဟုတ်တယ်လေ နင်ပြောကြည့်စမ်း သူညည နင့်ကိုဘာလုပ်နေလို့လဲ ကဲပြော”

  “နင်ကရောဘာလို့ ငြိမ်ခံနေရတာလဲ ပြန်ထိုးလိုက်ပါလား နင့်ကိုအခြောက်လို့ပြောနေတာကို”

“ငါ….ငါ…ရန်မဖြစ်ချင်လို့…

“သေလိုက်….”

နှင်းဆီဒေါကန်စွာအော်လိုက်သည့် အသံသည်လိုတာထက် အနည်းကျယ်လောင်သွားသည်။

“အဟက်..”

“နင်ကဘာရယ်တာလဲ”

နှင်းဆီ နန္ဒကို ဆောင့်ကြီးအောင့်ကြီးပြောလိုက်သည်။

“ဘာဖြစ်လဲ ငါ့ဟာငါရယ်တာ နင်ကဘာဆိုင်လို့လည်း”

“အေး..နင်ကမှအခြောက်စစ်စစ်ပဲ သိလား နင်ခုလိုမျိုးလာပြောနေတာကိုးက မိန်မတွေရန်ဖြစ်သလို လုပ်နေတာလေ”

“ဘာ..ငါမိန်းခလေးရယ် ဘာရယ်နားမလည်ဘူးနော် ဆွဲထိုးမှာ င့ါကိုအခြောက်လို့လာပြောတာ မုန်းတာမရှိဘူး”

စမ်းရေကြည်ပေါက်(Uni+Zawgyi)              စမ်းရေကြည်ပေါက်(Complete)Where stories live. Discover now