EPISODE 4(Uni+Zawgyi)

667 32 0
                                    

စမ်းရေကြည်ပေါက် (Part 4)

လှလှတစ်ယောက် အိမ်ဘက်ဆီသို့ အမောတကော ပြေးခဲ့ပါတော့သည်။ အိမ်ရောက်တော့ သားငယ်၀သုန်က မျက်နာသစ်သွားတိုက်လုပ်နေပါပြီး၊ လှလှတစ်ယောက် အမောတကောနှင့်ပင် အိမ်ပေါ်တက်ကာ ဖိတ်စာကို ရှာရသေးသည်။ လိပ်စာသိရန်အတွက်ဖြစ်ပါသည်။ ထိုနောက် ဖြစ်သလိုပင် အိမ်ပေါ်မှ ဆင်းပြေးက...

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

လှလှတစ်ယောက် အိမ်ဘက်ဆီသို့ အမောတကော ပြေးခဲ့ပါတော့သည်။ အိမ်ရောက်တော့ သားငယ်၀သုန်က မျက်နာသစ်သွားတိုက်လုပ်နေပါပြီး၊ လှလှတစ်ယောက် အမောတကောနှင့်ပင် အိမ်ပေါ်တက်ကာ ဖိတ်စာကို ရှာရသေးသည်။ လိပ်စာသိရန်အတွက်ဖြစ်ပါသည်။ ထိုနောက် ဖြစ်သလိုပင် အိမ်ပေါ်မှ ဆင်းပြေးကာ မမပိုင်ဆိုင်သို့ပြေးခဲ့ပါတော့သည်။
၀သုန်မှာ သွားတိုက်တန်ကြီးဖြင့် တိုက်တိုက်ရင် လှလှကို လိုက်ကြည့်နေသည်။ မျက်လုံးပြုးမျက်စံများ ပြူးသွားတော့သည်။ အဘယ့်ကြောင့် ဆိုသော် လှလှသည် လှေခါးမှ ခုန်ကျော်ကာပင် ဆင်းပြေးသွားသောကြောင့် ဖြစ်သည်။ ၀သုန် တစ်သက်တွင် သူ၏ကြီးမေကို ထိုကဲ့သို့ ပြုမှုသည်ကို မမြင်ခဲ့သောကြောင့်ဖြစ်သည်။
၀သုန်ကြောင်စီစီ ဖြစ်ကာ ကြီးကြီးကို ကြည့်နေမိတော့သည်။
လှလှကတော့ အပြေးတပိုင်းဖြင့်ကာ မမပိုင်ဆိုင်သို့ရောက်လာခဲ့သည်။ သို့သော်ဆိုင်က ပိတ်ထားသည်။ ဘယ်လိုဖြစ်သည်ကိုပင်နားမလည်တော့ချေ။ ဘေးကဆိုင်တွေကိုကြည့်လိုက်တော့လဲ ဆိုင်အချို့သာဖွင့်ကြသည်။ အတော်များများကတော့ ပ်ိတ်ထားသည်။ လှလှ နှစ်ရက်လောက်ဆိုင်မလာခဲ့ သည့်အပြစ်ပင်ဖြစ်ပါတော့သည်။
ဘေးကဆိုင်ကိုမေးလိုက်တော့ သူတို့ကပင် လှလှကို တအံ့တသြပင် ပြန်ကြည့်နေကြတော့သည်။
“မနေ့ကပဲ မလှတို့ ဘက်ကဖိတ်စာတွေဝေတယ်ဆိုပြီး လာပေးသွားတယ်လေ”
“ဘယ်လို”
“ဟုတ်တယ်လေ ခုစျေးဆိုင်တွေကို မလှပဲ ဖိတ်ပြီးတော့၊ မမပိုင်ကတောင် ပြောသေးတယ် ဒါကြောင့် လှလှဆိုင်ကို မလာတာလို့”
ဟင် …သွားပြန်ပြီး၊ လှလှ ကိုတဘက်လှည့်နှင့်လုပ်ကြံသွားလိုက်ပြီး၊ ဒါဆို သက်ဆိုင်သူ လှလှနှင့် သားကြီးရဲ့ညီလေး ၀သုန်တို့သာ ကျန်ခဲ့ကြသည်ပေါ့၊ လှလှ ကြုံးအော်ပစ်လိုက်ချင်တော့သည်။ ဒီအချိန်မှ လိုက်သွားလျှင်လည်း မင်္ဂလာခမ်းမတွင် အမှိုက်ကောက်ရုံသာ ရှိတော့မည်။ မသက်သာသည့်အဆုံးတွင်တော့ လှလှ စိတ်ပျက်ကာ အိမ်သို့ ပြန်လာခဲ့တော့သည်။ အိမ်ရောက်တော့ သားငယ်မရှိတော့ချေ။ အလုပ်သွားလေပြီး။
အကြောင်းသက်သေ တစ်စုံတစ်ရာမပြနိုင်သည့် လှလှ မိမိကိုယ်ကို ခွင့်မလွှတ်နိုင်ချေ။ တဘက်သက် အားငယ်ချက်တွေနဲ့ တွေငေးနေလုိ့ခုလို လုပ်ကြံခံလိုက်ရသည့် ဖြစ်ခြင်း။
တောက်…
“ဒေါ်မိမိနိုင် ရှင်ကလေ လူကြီးလူုကောင်းဖြစ်ပြီး လူကြီးလူကောင်း စိတ်ထားမရှိတဲ့မိန်းမကြီး၊ ရှင်လဲလှလှ လို၀ဠ်မလည်ပါစေနဲ့လို့ လှလှဆုတောင်းပေးလိုက်တယ်”
လှလှနူတ်ခမ်းကို ပြတ်လုမတက်ကိုက်ကာနေမိသည်။ မိမိ တစ်ဘက်သက် အားငယ်စိတ်တွေ ဖြစ်နေလို့ ယခုလိုခံစားရလိုက်သည်ဟုပင် တွက်ချက်ထားလိုက်တော့သည်။
ခုတော့လှလှတစ်ယောက်တည်း အိမ်မှာ၊ သူငယ်ချင်းတွေလဲ မရှိကြ။ သားကြီးကလဲ အဝေးမှာ မင်္ဂလာဆောင်နေသည်။ လှလှကတော့ အိမ်မှာ ငိုနေသည်။ မပျော်ရွှင်ရတဲ့ ဒီမင်္ဂလာပွဲမှာ ဒေါ်မိမိနိုင်တစ်ယောက်ကော ပျော်ရွှင်နိုင်ပါသေးရဲ့လာ။
မိုးယံထက် မင်္ဂလာပွဲကို စိတ်မကောင်းစွာ ဖြတ်သန်းခဲ့ရသည်။ မင်္ဂဆောင်တွင်းမှာ လှမ်းနေသည့် ခြေလှမ်းများက သက်မဲ့နေသည်။ သူမျက်လုံးများက မင်္ဂလာ၀င်ပေါက်ကိုသာ၊ ညီလေး ၀သုန်ကိုလဲ မျှော်နေမိသလို၊ ကျေးဇူးရှင် ကြီးမေကိုလဲ မျှော်နေမိသည်။ မင်္ဂလာပွဲကို ဖြတ်သန်းခဲ့ပေမယ့် မင်္ဂလာပွဲ အထမမြောက်သလို ခံစားရသည်။ ထိုကြောင့် မင်္ဂလာပွဲ ပြီးပြီးခြင်း လူကြီးစုံရာ မင်္ဂလာကန်တော့ပွဲတွင်တော့ ကြီးမေကို မတွေ့ရတော့ မျက်ရည်များပင် ကျမိသည်။ ကံကောင်းသည်က ချိုချိုမေမေက အစစ၊အရာရာ ဂရုစိုက်နေခဲ့သည့်အတွက် သူမှာ အနေရခက်လှပါသည်။
မိုးယံထက်သိသည်က ဒေါ်မိမိနိုင်နှင့် ကြီးမေတိုင်ပင်ကာ ဖိတ်စာများရိုက်၊ တိုင်ပင်ပြီးလုပ်ကြသည်ဟုသာ ချိုချိုဘက်မှတဆင့် ကြားသိခဲ့ရသည်။ ကြီးမေကလဲ သူ့ဆီဖုန်းဘာမှ မဆက်အသွယ်မလုပ်တော့ မိုးယံထက် ဘာမှမသိခဲ့ရ၊ အစက သူရေးပေးလိုက်သော ဖိတ်စာ အကြမ်းသည် ပြောင်းလဲသွားတော့ သူ့မှာ အံ့သြမှင်သက်မိသည်။ အိမ်ကို ဖုန်းဆက်တော့လဲ မည်သူနှင့်မျှ မတွေ့ရတော့ ဘာမှမသိခဲ့ရပါ။ ထိုကြောင့် မင်္ဂလာဆောင်ရန် တစ်ရက်အလိုမှာတော့ သူ့မှာ အလုပ်တွေများပြီး အိမ်ကိုလဲ ဖုန်းမခေါ်နိုင်တော့၊ သူ့၏အပေါင်းဖော်များနှင့် ချိုချိုမိသားစုကြားထဲ ဗျာများနေသည်မှာ ရှုပ်ရှက်ခတ်နေခဲ့သည်။ ချိုချိုမေမေကတော့ ကြီးမေကို ဆက်သွယ်ခဲ့သည် ဟုပြောခဲ့၍ သူစိတ်ချခဲ့သည်။ ခုတော့ ဖြင့်မင်္ဂလာဆောင် ထဲမှာတော့ မိဘမစုံတဲ့သူ့မင်္ဂလာပွဲက ပြီးသာပြီးခဲ့သည်၊ ထိုကြောင့် မင်္ဂလာပွဲပြီးသည်နှင့် ရွှေဘိုကိုသွားရန်ပြင်လိုက်သည်။ ချိုချိုကလည်းသဘောတူသည်။ မိုးယံထက် စိတ်မကောင်း ဖြစ်တော့ ချိုချိုလဲ ထက်တူခံစားရသည်ပင် မဟုတ်လား။
သူတို့နှစ်ယောက် ခရီးထွက်ရန်ပြင်ဆင်နေချိန်တွင်တော့ ဒေါ်မိမိနိုင်ရောက်လာခဲ့သည်။
“သမီးရေ….သားမိုးယံ…ဒီမှာကြည့်စမ်း”
“ရှင်မေမေ ဘာများလဲ”
“ဒီမှာ”
ဒေါ်မိမိနိုင်မှာ လေယဉ်လက်မှတ်တစ်စုံကို ပြနေသည်။ လက်ကိုလဲ မွေ့ယမ်းနေသည်။
“ဘာလက်မှတ်လဲ မေမေ”
“မေမေသူငယ်ချင်းက သမီးနဲ့ သားအတွက် ဟန်နီးမွန် လက်ဖွဲ့လက်မှတ်ပေးတယ်၊ ငွေဆောင်ကိုတဲ့၊ ၅ ရက် ၆ ည အားလုံးအပြီးစီးပဲ”
“ဟုတ်လာ ကောင်းတာပေါ့ မေမေ၊ ရွှေဘိုက ပြန်လာပြီးရင်သွားတာပေါ့”
“ဟဲ့လက်မှတ်က ဒီညနေထွက်မှာ နောက်နှစ်နာရီဆိုသွားရမှာ”
“အိုသမီးတို့က ဘာမှလဲ မပြင်ဆင်ရသေးဘူး”
“ဒါတွေကိုကြိုသိလို့ မေမေစီစဉ်ပြီးသား၊ သမီးနဲ့ သားသာ လူကြီးပဲလိုက်သွားလိုက်၊ ကားလဲ အိမ်ရှေ့မှာရောက်နေပြီး၊ ဒါကြောင့် ဘာမှစိုးရီမ်မနေနဲ့တော့”
ဒေါ်မိမိနိုင်မှာတော့ ပျာယာခတ်ကာ မိုးယံနှင့်ချိုချိုကို အတင်း တွဲကာ ခေါ်ထုတ်သွားပါတော့သည်။ မိုးယံမှာ ကိုလို့ကန့်လန့်ဖြစ်ကာ ပါသွားတော့သည်။
မင်္ဂလာပွဲပြီးနောက်တစ်ရက်။
၀သုန်အလုပ်က ပြန်လာခဲ့သည်။ စိတ်ထဲမှာ မကျေနပ်ချေ။ သူဒီနေ့မှသိရသည့် အကြောင်းက ကိုကိုမနေ့က မင်္ဂလာဆောင်သွားသည်ဆိုသည့် ကိစ္စပင်ဖြစ်သည်။ ကြီးကြီးလည်း သူ့ကို ဘာမှမပြောခဲ့၊ ကြီးကြီးလဲ အိမ်မှာ ရှိနေသည်။ ကိုကိုမင်္ဂလာဆောင်ကို မသွားတာသေးခြားသည်။
မနက်က အလုပ်သွားတော့ ကြီးကြီးက အိပ်ယာမှ ထသေးဟန်မတူချေ။ ညကလဲ မေးတော့ နေမကောင်းလို့ဟုပြောကာ အိပ်နေသည်။ ထိုကိစ္စတွေက ကြီးကြီး ကိုနေမကောင်းစေခဲ့တာပဲ ဖြစ်မည်။ ထိုကြောင့် နေ့၀က်ပင် မကျိုးသေးပဲ အလုပ်မှပြန်လာခဲ့သည်။ အိမ်ကိုရောက်တော့ အိမ်က တိတ်ဆိတ်နေသည်။ ကြီးကြီး သည်လဲ အခန်းထဲမှာပင် ရှိနေမည်ဟုထင်သည်။ ၀သုန်အိမ်နောက် ဘက်သို့ ထွက်လာခဲ့လိုက်သည်။ မနက်က လှမ်းထားသည့် အ၀တ်စားများ သွားသိမ်းခြင်းဖြစ်ပါသည်။
လှလှတစ်ယောက် မမပိုင်တို့ကို မျှော်နေသည်။ မနေ့က ကိစ္စကို သိချင်သည်။ မနက်ကတည်းက မျှော်နေသည်မှာ ကြာလှပြီး၊ နေ့၀က်ပင် ကျိူးတော့မည် မမပိုင်တို့က မလာသေးချေ။ နောက်ဆုံးတော့ လှလှ မစောင့်နိုင်တော့ မမပိုင်တို့ဆီသွားရန် အိမ်ပေါ်မှဆင်းခဲ့လိုက်တော့သည်။ ထိုအချိန် ကားတစ်စီး အိမ်ရှေ့တို့ ရောက်လာသည်။ တစ်ခြားသူမဟုတ် ဒေါ်မိမိနိုင် ပင်ဖြစ်တော့သည်။ ဒီတစ်ခါတော့ ဒေါ်မိမိနိုင် တစ်ယောက် သားဖြစ်သူ မင်းခနိုင် ကိုပါ ခေါ်လာခဲ့သည်။
လှလှ မျက်မုန်းကျိုးစွာ၊ ရွံရှာစွာ ဒေါ်မိမိနိုင်ကို ကြည့်နေမိသည်။ ဒေါ်မိမိနိုင် အကြည့်များကလဲ လှလှလိုပင် ဖြစ်နေပါသည်။
“ဘာလာလုပ်တာလဲ ဒေါ်မိမိနိုင် လှလှမျှော်လင့်ထားတာက လှလှ သားကြီးကို အမကြီးကိုတော့ မဟုတ်ဘူး”
“အလိုတော် ကျုပ်ကလဲ လာချင်လို့လာတာ မဟုတ်ဘူး၊ တန်ရာတန်ကျေးလာပေးတာ၊ ပြီးတော့ ရှင်က သားမိုးယံနဲ့ ဆိုင်သာဆိုင်တယ် မပိုင်တော့ဘူး၊ ဒါကို လာပြောတာ ရော့”
ဒေါ်မိမိနိုင် ပိုက်ဆံထုတ်ကို လှလှရှေ့သို့ပစ်တင်လိုက်သည်။ လှလှ သည်းခံနိုင်တဲ့ အားအင်းတွေကုန်ခမ်းသွားတော့သည်။
“ရှင့်ကို ပြောလိုက်မယ် ရှင် သားမိုးယံရဲ့ဂုဏ်သိက္ခာကို စောင့်သိတယ်ဆိုရင် အဆက်သွယ်မလုပ်နဲ့တော့၊ ပြီးတော့ သားမိုးယံကို ရှောက်စောင့်လာလို့ တန်ရာတန်ကြေးပေးတယ်လို့ သဘောထားလိုက်၊ ပြီးတော့ ရှင့်လိုပုံမျိုးနဲ့ ကျမအမျိုးတော်ရမှာ ရင်နာလွန်လို့၊ ကျမဆွေမျိုးတွေကြားမှာ အမြဲတမ်းခေါင်းမော့ပြီးနေခဲ့တာ ခုတော့ ရှင့်ကြောင့် ကျမသိက္ခာတွေ မရှိသလောက်အောင် ဖြစ်နေပြီး၊ ဘယ်နဲ့တော် အခြောက်လို မျိုးမှ ခမည်းခမက် လာတော်ရတယ်လို့”
“ဒီမှာ ဒေါ်မိမိနိုင် လှလှမပြောချင်လို့ ကြည့်နေတာကို ရောင့်တက်မလာနဲ့ ဒီငွေတွေပြန်ယူသွား၊ လှလှကလဲ ကိုယ့်သိက္ခာနဲ့ ကိုယ်နေတာ”
“အေး မိမိနိုင်တို့ရဲ့ အမျိုးထဲမှာ ရှင့်လိုမျိုးဟာတွေ ကို မရှိစေချင်တာ မိမိနိုင်တို့က သန့်သန့်လေ နေတာ”
လှလှမှာ အသားများပင်တုန်ယင်လို့နေပါတော့သည်။
“သွားတော့ ထွက်သွားတော့ ဒီပိုက်ဆံတွေလဲ ပြန်ယူသွား”
လှလှပေါက်ကွဲကာ ပိုက်ဆံများကို ဒေါ်မိမိနိုင်ထံပစ်ပေါက်လိုက်ပါတော့သည်။ သူတို့ပြဿနာကို အစအဆုံးကြည့်နေသူနှစ်ယောက်ရှိခဲ့ပါသည်။ တစ်ယောက်ကတော့ သူတို့နှစ်ယောက်မြင်သာသည့် မြင်ကွင်းမှာ ရှိနေခဲ့သည့် ဒေါ်မိမိနိူင် သား …မင်းခနိုင်ဖြစ်သည်။
“မေမေဘာဖြစ်နေတာလဲ ဒီလိုလူမျိုးနဲ့ မေမေကလဲ ပြောနေသေးတယ် လာပြန်မယ်”
“ဟဲ့သား ဘာလို့အောက်ကိုဆင်းခဲ့တာလဲ၊ ဒီလိုမျိုးဟာတွေနဲ့ ပက်သက်ဘို့မပြောနဲ့ အရိပ်တောင် မနင်းမိစေနဲ့ လာသွားမယ်၊ ရှင့်ကိုနောက်ဆုံးတစ်ခေါက်ပြောလိုက်မယ် ကျမသမီး သားနဲ့ ဘယ်တော့မှ မပက်သက်ပါစေနဲ့၊ ရှင်သာ သားမိုးယံကိုချစ်တယ်ဆိုရင် သားမိုးယံဂုဏ်တွေ ညှိးနွမ်းသွားအောင် မလုပ်မိပါစေနဲ့၊ ရှင်ရှေ့ဆက်တိုးမယ်ဆိုခဲ့ရင်လဲ ကျမက လက်ပိုက်ကြည့်နေမှာမဟုတ်ဘူး၊ ဒါပဲ”
“ဒီမှာ ဒါတွေ ပြန်ယူသွား”
လှလှတစ်ယောက် ဒေါ်မိမိနိူင်ကို ကြုံးအော်လိုက်ပေမယ့် ဒေါ်မိမိနိုင်ကတော့ ကားပေါ်အသာလေ တက်သွားကာ ထွက်သွားတော့သည်။ လှလှမှာတော့ အရုပ်ကြိုးပျက်ကျကာ ထိုင်ချလိုက်ပြီး ရှုံးပွဲချ ငိုလိုက်မိပါတော့သည်။
ထိုအရာများကို အစအဆုံးကြည့်ကာ ဒေါသများဖြင့် လက်သီးကျစ်ကျစ်ပါအောင်ဆုပ်ကိုင်ထားသော ၀သုန်ခေါင်……
၀သုန် ထိုမိန်းမကြီး (ဒေါ်မိမိနိုင်) ၀င်လာကတည်းက မြင်ဖူပါသည်ဟုကြည့်ကာ နေသည်။ ကြီးကြီးနှင့် ရန်ဖြစ်ကာ လုပ်နေသော မိန်းမကြီးကိုကြည့်ရင်က တစ်ချိန်က မန်းစျေးချိုတွင် ထိုမိန်းမကြီး၏ သားဖြင့် ၀င်တိုက်မိသလို ဖြစ်သွားကာ မိမိအား နှစ်ပြားမတန်အောင် ပြောဆိုသွားသော မိန်းမကြီးမှန် သိလိုက်သည်။
ထိုမိန်းမကြီး လာရခြင်းအကြောင်းရင်းကို သိချင်၍ သူ၀င်မပါပဲ ကွယ်ရာကနေပြီး ကြည့်နေခဲ့သည်။ ထိုမိန်းမကြီးပြောဆိုသွားသော စကားများက သူ့၏ကျေးဇူးရှင် ကြီးကြီး ကိုစော်ကားသွားသည်။
(အေး မိမိနိုင်တို့ရဲ့ အမျိုးထဲမှာ ရှင့်လိုမျိုးဟာတွေ ကို မရှိစေချင်တာ မိမိနိုင်တို့က သန့်သန့်လေ နေတာ)
၀သုန်မမှိတ်မသုန်ပဲ ကြည့်နေရင်းက နာကြီးစိတ်က ကြီးထွားလာသည်။ ထိုမိန်းမကြီးထွက်သွားတော့ မှပို၍ ဆိုးရွားစွာ ခံစားရသည်။ ကြီးကြီးသည် အိမ်ပေါ်တက်သွားကာ ဧည့်ခန်းတွင် ငိုနေသည်ကို သိသည်။ တစ်အောက်လောက်နေတော့မှ ၀သုန်အိမ်ပေါ်တက်သွားလိုက်သည်။ ကြီးကြီးသည် ၀သုန်တက်လာသည်ကို သိသည်နှင့် မျက်ရည်များကို ကဗျာကရာ သုတ်လိုက်ကာ သူမမြင်နိုင်အောင်လုပ်လိုက်သည်။ ကြီးကြီး မျက်ရည်ကျသည်ကို သူမမြင်ဖူပါ။ ယခုတော့ ကြီးကြီး သူတို့ကြောင့် မျက်ရည်ကျရပြီး။
“အော် သားလေးတောင် ပြန်လာပြီး အစောကြီးသားရယ် ဘယ်လိုဖြစ်လို့လဲ”
“ကြီးကြီးကငိုနေတာလာ”
“အိုမဟုတ်ပါဘူးကွယ် အိမ်သန့်ရှင်းရေးလုပ်နေတာ အဲဒါကြောင့် မျက်လုံးထဲ ဖုန်တွေ၀င်သွားလို့”
“အိမ်ရှေ့လှေခါးပေါ်က ပိုက်ဆံတွေက ဘာတွေလဲ ကြီးကြီး”
“ဟင်…..အော် ကြီးကြီး အခန်းရှင်းတာ”
“ပိုက်ဆံတွေကို လူမြင်သာအောင် လုပ်ပြီး အခန်းရှင်းတာတော့ ထူးဆန်းတယ်”
“သားငယ် မျက်နာလည်း မကောင်းဘူး ဘယ်သူနဲ့ ဘာဖြစ်လို့လဲ ကြီးမေကို ပြောစမ်း”
“ဘယ်သူနဲ့ မှမဖြစ်ဘူး၊ ကျနော်မကျေနပ်တာ၊ ကြီးကြီးက သားကို သားတစ်ယောက်လိုရော တန်ဘိုးထားရဲ့လာ”
“အို…”
“ဟုတ်တယ် တစ်ခြားသူစိမ်းတွေပြောမှ သိရတဲ့ကိုကိုမင်္ဂလာကိစ္စ၊ လူကြီးအရာကို ပေးမထားခဲ့တဲ့ ကြီးကြီးကိစ္စ၊ ဘာဖြစ်လို့ ကျနော်ကို မပြောတာလဲ”
“အိုသားရယ် သားကို ချစ်လွန်လို့ သားလေးစိတ်ဆင်းရဲမှာစိုးလို့ သားကို မပြောတာပါ၊ ကြီးမေကြောင့် သားတို့ ဂုဏ်ငယ်မှာစိုးလို့”
“ဟာ…..ဗျာ………….မဆိုင်လိုက်တာ သားစိတ်ထဲမှာ ကြီးကြီးက ကျနော် အုပ်ထိမ်းသူ၊ မိဘ၊ အမေပဲ ကျနော်သိတတတ်စကတည်းက ကြီးကြီးလက်ပေါ်မှာ နေခဲ့တာ၊ သားကို သားလို သဘောမထားတော့ဘူးလာ၊ အရင်လို မချစ်တော့ဘူးလာ”
“အို မဟုတ်တာ သားရယ် သားလေးရော သားကြီးရော ကြီးမေက ဘယ်တော့ မှ အချစ်မလျော့တဲ့ ချစ်တွေနဲ့ အေးမြတဲ့ အချစ်တွေနဲ့ ပါ တသက်လုံး ဒီအတိုင်းပဲ၊ သားတို့သာ ကြီးမေကိုလေ…အခြောက်ကြီးဆိုပြီးတော့………….”
“အိုကြီးမေရယ်”
၀သုန်ဆက်ပြီး နားမထောင်နိုင်တော့ ကြီးမေကို ဆွဲပွေ့ဖက်လိုက်ပါတော့သည်။
“သားကို ခွင့်လွှတ်ပါ ကြီးမေရယ်၊ သားစကားပြောမှားသွားတဲ့အတွက် သားကို ခွင့်လွှတ်ပါ”
“ကြီးမေကလေ သားတို့ဘာပဲလုပ်လုပ် တသက်လုံး ခွင့်လွှတ်နေမှာပါကွယ်”
တူ၀ရီး နှစ်ယောက် ဖက်ကာ မျက်ရည်များကျနေမိကြသည်။
၀သုန်စိတ်ထဲမှာတော့
( ဒေါ်မိမိနိူင် ခင်များခံစားစေရမယ်၊ ခင်များသားကို လုံခြုံအောင်သာ ဖုံးထားပေတော့)
==================================
အခန်း(၂)
၀သုန်…
သူ့ဘ၀ကရိုးရှင်းသည်။ အများတကာကို ကူညီချင်စိတ်ရှိသူ၊ မဟုတ်မခံစိတ်ကြောင့် လူဆိုးလေး အမြင်ဖြင့် အများအမြင်ဖြစ်နေခဲ့သည်။ ကြီးကြီး (လှလှ) ၏ဆိုဆုံးမမှု့အောက်တွင် ရှိခဲ့သောကြောင့် အားငယ်သူများအပေါ်စာနာတတ်သည့် စိတ်ကရှိသည်။ လူငယ်ပီပီစိတ်ကတော့ ဆတ်သည်။ အရိုးရင်းခံအတိုင်း နေတတ်သည်။ ၀သုန်ကမ္ဘာလေးတွင် ချစ်ရသော အကိုကြီး မိုးယံထက် နှင့် ကြီးကြီးသာ ရှိသည်။ လူငယ်ပီပီစိတ်ကစားသည်ကတော့ ရှိခဲ့သည်။ ရည်းစားနှစ်ယောက်လောက်ထားခဲ့ဖူသည်။ ကျောင်းတွင် ပန်းယမုံဆိုသည့်ကောင်းမလေးကချစ်ရေးဆိုခဲ့ဖူသည်။ ရည်စားဖြစ်ပြီး နှစ်ရက်လောက်သက်တန်းသာရှိခဲ့သည်။ ကြီးကြီးကိုစော်ကားသောကြောင့် ဖြစ်သည်။
“ကိုကို ရယ် ကိုကိုကြီးကြီးဆိုတာကြီးက အခြောက်ကြီးလာ”
“ဘာပြောတယ်”
“အမလေး ဒါလေးမေးတာလေနဲ့ ရည်းစားကို ငေါက်ရလာ”
“ကျန်တာတွေခွင့်လွှတ်လို့ရမယ် ငါ့ကြီးကြီးကိုတော့ အထင်သေးတဲ့လေသံနဲ့လာမမေးနဲ့ ဒီနေ့ပဲပြတ်တယ်”
“ဒါကြောင့်ကျောင်းကလူတွေကပြောတာ အခြောက်ရဲ့တူက အခြောက်လိုပဲနေမှာပဲ”
၀ုန်း…
“အမလေး”…
၀သုန်ဒေါကန်ကာ ခုန်ကိုစောက်ကန်လိုက်တော့သည်။ ၀သုန်နှင့် ပန်းယမုံ ကျောင်း၏အရှေ့က ကင်တင်းတွင်ထိုင်ကာ စကားပြောနေကြပါသည်။ ထိုကြောင့် ရှေ့မှ ခုန်ကတော့ နှစ်ပတ်လောက် ကျွမ်းပစ်ထွက်သွားသည်။
“နောက်တစ်ခါ ဒီစကားပြောရင် အဲ့ဒီခုန်အစား နင်ဖြစ်သွားမယ် မှတ်ထား”
ထိုနောက်ရည်းစား တစ်ယောက်ပြတ်ခဲ့သည်။ စိတ်ကတော့ မပျက်ခဲ့ပါ၊ နောက်တစ်ယောက်ရှာလိုက်သည်။ သူငယ်ချင်းတွေကလဲ မြှောက်ပြောသည်။ ၀မ်းဂိုး တူးကမ်း(လ်) တဲ့။
ကိုကိုမင်္ဂလာဆောင်သည့် အချိန်တွင်လဲ ၀သုန်မှာ ရည်းစားရှိခဲ့ပြီး။ သူမနာမည်က ခိုင်မာလာ၊
မာလာကိုတော့ အလုပ် လုပ်ရင်းက ရင်းနှီးပြီးခင်မင်ပြီးတစ်ဆင့်တက်ကာ ရည်းစားဖြစ်ခဲ့သည်။ မာလာကတော့ ပိုက်ဆံရှိအသင့်တင့် မိသားစုမှပေါက်ဖွားလာသူ။ သူမကအနေအေးသည်။ ကြိုးစားသည်။ ၀သုန်နှင့် အတူကျောင်းအတူတက်နေဆဲဖြစ်သည်။ အထက်တန်းတုံးကတော့ မာလာကို ၀သုန်မမြင်ခဲ့၊ သူမကရိုးသောကြောင့် အများကြားထဲပျောက်နေခဲ့သည်။ အဝေးသင်တက်ရင်က ပိုရင်နှီးခဲ့သည်။ ထိုနောက် အဆင့်တက်ကာ ချစ်သူတွေဖြစ်ခဲ့သည်။ သိုသိုသိပ်သိပ်နေခဲ့ကြသည့် အတွက် သူတို့ချစ်သူနှစ်ယောက်ကို မည်သူကမှ မရိပ်မိခဲ့ကြပါ။
မာလာကတော့ ၀သုန်အကြောင်းကောင်းကောင်းသိသည်။ ထိုကြောင့် ၀သုန်နှင့် ပက်သက်သည့် ကြီးကြီးအကြောင်းကို မသိကျိုးကျွံပြုကာနေခဲ့သည်။ ဘယ်တော့မှ သူမဘက်က ထိုကိစ္စကို စ၍မပြောခဲ့ပါ။ သူမ ၀သုန်ကို အလွန်ချစ်သောကြောင့်ဖြစ်သည်။ မာလာမိဘများကတော့ မာလာကို သူဌေးသားတစ်ယောက် နှင့်သဘောတူထားသည်ကိုတော့ ၀သုန်ကို ဖွင့်မပြောရဲပါ။ ထိုကြောင့်သူမမှာတော့ ၀သုန်နှင့်မိဘကြားတွင် ဗျာများနေခဲ့သူဖြစ်ခဲ့ပါတော့သည်။
သူ့အတွက် မင်းခနိုင်အကြောင်းကို စုံစမ်းရတာလွယ်ကူပါသည်။ မင်းမခလိုလူမျိုးအသိုင်းဝုိင်းက မြို့မျက်နာဖုံးများ ဖြစ်သည့် အတွက် သတင်းအစုံကို သိခဲ့ရသည်။ သူလိုငမွဲလိုလူမျိုးကတော့ တော်ရုံလူမည်သူမှ မသိပါ၊ မင်းခနိုင်တို့လူမျိုးအတွက်တော့ သူစုံစမ်းရတာလွယ်ကူသည်မဟုတ်လား။ ခုတော့ ၀သုန်စိတ်ထဲမှာ အကြံစည်းတစ်ခုကို ဖန်တီးယူရတော့မည် ဖြစ်သည့်အတွက်၊ ရွှေဘိုမြို့မှခွာခဲ့တော့သည်။ ကြီးကြီးကိုတော့ ကြည့်ကောင်းအောင်ပြောဆိုခဲ့သည်။
“သားဒီအတိုင်းကြီးရပ်နေလို့ မဖြစ်ဘူး၊ တိုးတက်အောင် စီးပွားရှာမယ်၊ သားတို့လုပ်နေတဲ့ ၀ပ်ရှော့က သူဌေးသူငယ်ချင်းလဲ မန်းမှာ ၀ပ်ရှော့ဖွင့်ထားတယ်၊ ဒါကြောင့်သားအတွက် အဆင်ပြေမယ့် မန်းကိုသွားမယ် ကြီးကြီးနော်”
“အေးပေါ့လေ အတောင်စုံကြတော့ ကြီးမေရင်ခွင်ကို စုံကန်နေကြပြီးပေါ့”
“မဟုတ်ပါဘူးကြီးမေရယ်”
“ကြီးမေလို့ သားငယ်ခေါ်ရင်တော့ ကြီးမေကြောက်လာတယ်”
“အဟား…ကြီးမေကတော့ လုပ်တော့မယ်၊ ကြီးမေရယ်နောက်ဆိုရင် သားကြီးမေလို့ပဲခေါ်တော့မယ် ၊ သားကို ၂နှစ်လောက်ပဲ လုပ်မှာပါ ပြီးရင် သားကြီးမေဆီပဲ ပြန်လာမယ်”
“အေးပါ အေးပါ…သူလုပ်ချင်ရာလုပ်ပြီးဆိုရင် ကပ်ချွဲနေတော့တာပဲ”
ကြီးမေဆီမှ ခွင့်တောင်းကာ ထွက်ခဲ့ပါတော့သည်။ ကြီးမေဆီမှ ထွက်ခဲ့သည့် ၀သုန်အကြံစည်းများ အကောင်းထည်ဖေါ်ရန် ဒေါ်မိမိနိုင်ပေးခဲ့သည့် ငွေထုတ်များကို ပိုက်ကာ ထွက်ခဲ့လိုက်သည်။ ကြီးမေကတော့ နာကျင်လို့ ထိုငွေထုတ်များကို အမိုက်သဖွယ် င်္ဗီရိုထဲ အလွယ်တကူ ထားသည့် အတွက် ၀သုန်ယူသွားသည်ကိုတော့ လုံး၀မသိခဲ့ပါချေ။
မင်ခနိုင်..
သူကတော့ မွေးကတည်းက ရွှေဇွန်းကိုက်ကာ ဖွားလာသည့်အတွက် သူ့အတွက်ကတော့ အားလုံးစေလိုရာစေ ဖြစ်စေခဲ့သည့်အတွက် မာနခေါင်ခိုက်ကာ နေသည်။ ပေါင်းသည့်သူငယ်ချင်းများကလဲ သူလိုတန်းတူညီတူ မိသားစုမှပေါက်ဖွားလာသည့် သူများသာပေါင်းသင်းနေထိုင်သည်။ သူ့အပေါင်းသင်းမျာကတော့
သန့်စင်နိုင်၊ နိုင်မင်းကျော်၊ ချစ်သမီး နှင့် နန်းရင်မွှေးတို့ပင်ဖြစ်ပါသည်။ သူတို့ဘ၀ကတော့ သာယာနေသည်။ ကျောင်းကိုသွား ဝေးလာဝါးလာ ဖြင့်ပျော်ပျော်နေကာ လူရှုပ်လေးတစ်ယောက် ဖြစ်လို့နေပါတော့သည်။
သားတစ်ယောက်သာ ဖြစ်သည့်အတွက်တော့ လိုတရဖြစ်စေခဲ့သည့် မင်းခနိုင်ဘ၀ထဲသို့ ၀င်လာမည့် လူတစ်ယောက်ကို မတွေ့ခင်ချိန်ထိတော့ မင်းခနိုင် ဘ၀ဆိုသည့် အကြောင်းရာများကို ချိုမြိန်စွာ ဖြတ်သန်းနေပါတော့သည်။ ခုလဲ သူတို့အဖွဲ့ ဦးပိန်တံတားအောက်က ကင်တင်းမှာငါးကြော်လေးများကို စားရင် ကျောင်းချိန်ကို ဖြတ်သန်းနေကြပါသည်ဒ
“ဟဲ့ ကြည့်စမ်း ဟိုဘဲကြီးက ငါတို့ဝုိင်းကိုကြည့်နေတာ ကြောက်စရာကြီး”
ချစ်သမီးရဲ့ စကားကြောင့် သူတို့အားလုံး ချစ်သမီးပြောသည့်ဝုိင်ကို ကြည့်လိုက်သည်။ လူတစ်ယောက် ထိုင်နေကာ အအေးသောက်ရင် သူတို့ဝုိင်းကို ကြည့်နေသည်။ ခပ်မိုက်မုိက်နှင့် အမိသားပင်၊ နေကာမျက်မှန်ကို တက်ထားသည့် အတွက် သူ့မျက်လုံးများကိုတော့ မမြင်မိပါ။
“နင်ကလဲ အကန်းလာမှမသိတာ”
“အေးလေ”
“သန့်စင် နင့်ထက်ရုပ်ဖြောင့်လို့ နင်မနာလိုဖြစ်နေတာမဟုတ်လာ၊ နော်နန်းရာ”
“အေးလေဟယ် ဟိုကောင် အနိုင်ပါ ပါသေးတယ်၊ သူလို နင့်တို့က မမိုက်ပါဘူး”
“သွားစမ်းပါ ဒါမျိုးတွေက တောဂိုက်တွေ”
“ဟဲ့ အလန်းဇယားလေပါ သူတို့ထက်သာလို့ မှိုချိုးမြစ်ချိုးနဲ့”
သူငယ်ချင်းများ ပြောဆိုနေသည့်စကားများကို မင်းခနိုင်ကတော့ စိတ်လဲ မ၀င်စား၊ တစ်ခါသာ လှည့်ကြည့်ပြီး စားစရာများပေါ် မျက်စိပို့ထားလိုက်တော့သည်။
မင်းခနိုင် သည် ဒေါ်မိမိနိုင် ပလာဇာအပေါ်ထက်တွင် ဖွင့်ထားသည့် ဒေါ်မိမိနိူင် ၏ရွှေဆိုင်ကို ပလာဇာအောက်ထက်တွင်လိုက်ပို့ပြီးမှကျောင်းသို့ လာခဲ့သည်။
ထိုအချိန် ဖုန်းမြည်လာသဖြင့် နားကျပ်ဖြင့် ဖွင့်လိုက်သည်။
“ဟယ်လို မေမေ”
“သားရယ် မေမေ့ပိုက်ဆံအိတ် သားကားပေါ်ပါသွားလို့ လာပို့ပေးနော်”
“မေမေတို့ကလဲ ကွိုင်ပဲ ကျနော်သူငယ်ချင်းတွေစောင့်နေတော့မှာ”
“အဝေးကြီးမှ မဟုတ်သေးတာ သားရယ် ရုံးခန်းထိပဲ ပို့ပေး ပြီးရင်သားပြန်ပေါ့ ခဏပါပဲ ပြီးတော့ သားကျောင်းကလဲ နေ့လည်မှစတာကို မသိတာကျနေတာပဲ”
“ဟုတ်ပါပြီးဗျာ”
မင်းခနိုင် ပလာဇာအပေါ်ထက်သို့ ဓာတ်လှေကားဖြင့်တက်ခဲ့သည်။ သူ၏နောက်တွင် လူတစ်ယောက်လိုက်လာသည်ကိုတော့ မင်းခနိုင်မသိရှိခဲ့၊ သတိမထားမိသည်လဲ ပါသည်။ အချိန်က မနက် ၁၀ နာရီခွဲ၊ ထိုအချိန်သည် ဓတ်လှေကားများ ခဏတစ်ဖြုတ်စစ်ဆေးသည့် အချိန်ဆိုသည်ကိုတော့ မင်းခနိုင်မသိရှိခဲ့ပါ၊ ထိုကြောင့် စက်လှေခါးဖြင့် မတက်ခဲ့ပဲ ဓာတ်လှေကားနှင့်တက်လာပါသည်။
ဓာတ်လှေကား ပိတ်ခါးနီးတွင် လူတစ်ယောက် အတင်း၀င်လာသဖြင့် မင်းခနိုင် နည်းနည်းရှောင်ပေးလိုက်သည်။ မင်းခနိုင် နံပါတ် ၅ ကိုနှိပ်လိုက်ပေမယ့် ခုမှ၀င်လာသူကတော့ ဘာမှမနှိပ်ပါ။ မင်းခနိုင် ထိုသူကိုလဲ ဂရုတစိုက်ကြည့်မနေတော့၊ လုပ်စရာရှိသည်ကိုသာ အားရုံထားလိုက်သည်။
၀သုန်သည် မနက်ကတည်းက ဒေါ်မိမိနိုင် ဖွင့်ထားသော ရွှေဆိုင်ကိုလာကြည့်သည်။ လာလေ့လာခြင်းဖြစ်ပါသည်။ ရွှေများကို ဘာမှမ၀ယ်ပဲ ဟိုကြည့်ဒီကြည့်လုပ်ကာ ပြန်ဆင်းလာသည်။ သူပြန်ဆင်းလာတော့ မင်းခနိုင် ပလာဇာထဲ ၀င်လာသည်ကိုမြင်လိုက်သည်။ ထိုကြောင့် မင်းခနိုင်နောက်သို့ လိုက်လာခဲ့လိုက်သည်။ မင်းခနိုင်ကတော့ ဘေးပတ်၀န်ကျင်ကို ဂရုမစိုက်တတ်သော နဂိုပုံစံအတိုင်း သွားလာနေသဖြင့် ၀သုန်ကို မသိခြင်းဖြစ်ပါသည်။ ၀သုန် မင်းခနိုင် နောက်ကကြည့်ရင်းက စိတ်ကို ထိန်းချုပ်ထားသည်။ သူ့ဒေါသများကို မျိုးသိပ်ထားရသည်။
ထိုအချိန် ရုတ်တရက် ဓာတ်လှေကားရပ်သွားပါတော့သည်။
“ဟာ…ဘာဖြစ်တာလဲ”
မင်းခနိုင် ရုတ်တရက် ဖြစ်သွားသောကြောင့် လန့်ဖျတ်သွားသည်။ ဒီလိုမျိုးတစ်ခါမှမကြုံဖူသည့်အတွက် သူ့အတွက် ထိတ်လန့်စရာ တစ်ခုဖြစ်နေပါတော့သည်။
“ဟာ…လုပ်ကြပါအုံး လုပ်ကြပါအုံး အထဲမှာလူရှိတယ်လေ၊ လူရှိတယ်ဗျ၊ လုပ်ကြပါအုံး”
၀သုန်ကတော့ နောက်နေပြီး အေးအေးဆေးဆေးကြည့်နေသည်။ ထိုအချိန်အခါမျိုးသည် စိတ်လှုပ်ရှားသူက ပို၍ဒုက္ခရောက်တတ်သည်မဟုတ်လား။ ၀သုန် အတတ်နိုင်ဆုံး စိတ်ကို ငြိမ်အောင်ထားသည်။
“ဟေ့လူ ဘာလုပ်နေတာလဲ ဒီအတိုင်းရပ်မနေနဲ့လေ ခင်များတစ်ခုခုတော့ အကူညီတောင်းအုံးလေ”
“ငါလဲဘယ်သိမလဲ ငါလဲဘာမှမလုပ်တတ်ဘူး အချိန်တန်ရင် ပြန်ကောင်းသွားလိမ့်မယ်”
“ဘာ…..ဒီလောက် အခန်းကျဉ်းလေးထဲမှာ ဘယ်လိုနေရမှာလဲ အသက်ရှူကြတ်လို့ သေသွားနိုင်တယ်ဗျ၊ ကျုပ်တို့သေမှ သူတို့လာဖွင့်ရင် ဘယ်နဲ့လုပ်မလဲ”
“ဒါကတော့ကံပေါ့”
“ဟာဗျာ….ခင်များ…ခင်များ…”
မင်းခနိုင် ဒေါသများကထွက်ကာ ချွေးသီးများ ပျံလာတော့သည်။ နောက်တော့ ခြေတွေမခိုင်တော့ပဲ ဒူးတုတ်ကျသွားတော့သည်။ ၀သုန် မင်းခနိုင်ကို လှမ်းဆွဲထားလိုက်ပြီးနောက်မှ နူတ်ခမ်းခြင်းတေ့လိုက်တော့သည်။
၀သုန်အမှန်တော့ ရှေးဦးသူနာပြုနည်းဖြင့် လေကိုရှူသွင်းပေးလိုက်ခြင်းဖြစ်ပါသည်။ မင်းခနိုင်သေလို့ မဖြစ်သေးဘူးလေ၊ သူ့အကြံတွေ မအောင်မြင်သေးသည့် အချိန်ထိ ဒီကောင်အကောင်းပတိရှိမှ ဖြစ်မည်။ ထိုကြောင့် ၀သုန်ကူညီလိုက်ခြင်းဖြစ်ပါသည်။
အစကတော့ မင်းခနိုင်ရုန်းပါသေးသည်။ ရုန်းအားလဲ မရှိတော့သည့်အတွက် သူရုန်းသည်က ဘာမှအရာမရောက်ခဲ့ပါ။ မင်းခနိုင်ကို ၀သုန်စိမ်ပြေတပြေနူတ်ခမ်းခြင်းတေ့ကာ ကုသလိုက်သည်။ ဆက်ရန်....Jin Jar

စမ်းရေကြည်ပေါက်(Uni+Zawgyi)              စမ်းရေကြည်ပေါက်(Complete)Where stories live. Discover now