EPISODE 9(Uni+Zawgyi)

538 27 0
                                    

စမ်းရေကြည်ပေါက်
(Part 9)

“လှလှ ဘယ်လိုလဲ သွားမှာလား”“သွားမှာပေါ့ မမပိုင်ရယ် လှလှက နတ်ကနားကရင် ထမင်းမေ့ဟင်းမေ့ပဲ သွားရမှာပေါ့”“ခိုင်ခိုင်လဲလိုက်မယ် ဒီတခါတော့ ခိုင်ခိုင်ကို ထားမသွားမကြနဲ့ အမြဲတမ်း ဆိုင်မှာကြီးပဲနေခဲ့ရတာ”“နင်ကတစ်မျိုး ဆိုင်မှာစောင့်ရမည့်သူက ရှိတာမဟုတ်ဘူး လှလှ...

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

“လှလှ ဘယ်လိုလဲ သွားမှာလား”
“သွားမှာပေါ့ မမပိုင်ရယ် လှလှက နတ်ကနားကရင် ထမင်းမေ့ဟင်းမေ့ပဲ သွားရမှာပေါ့”
“ခိုင်ခိုင်လဲလိုက်မယ် ဒီတခါတော့ ခိုင်ခိုင်ကို ထားမသွားမကြနဲ့ အမြဲတမ်း ဆိုင်မှာကြီးပဲနေခဲ့ရတာ”
“နင်ကတစ်မျိုး ဆိုင်မှာစောင့်ရမည့်သူက ရှိတာမဟုတ်ဘူး လှလှပဲသွားပါစေ”
လှလှနတ်ကနားသွားကရန် ပြောဆိုနေကြသည်။ ဒီတစ်ခါသွးရမည့်နေရာက ရွှေဘိုအနီးနားက ရွာတစ်ရွာကိုပါ၊ နတ်ကနားပေးမည့် အစီစဉ်ကလဲကောင်း၊ လှလှတို့ကဲလို့ရသည့်နေရာပင် မဟုတ်လာ။ ခိုင်ခိုင်သည်လဲ နယ်ဝေးသွားတိုင် ဆိုင်စောင့်သာ ကျန်ခဲ့သည်ကများလာတော့ ခိုင်ခိုင်လဲ ပူဆာလာသည်။
“ဒါဆို လှလှပြန်လိုက်အုံးမယ် အိမ်မှာလုပ်စရာရှိတာလုပ်ပြီး ပြင်စင်လိုက်အုံးမယ်၊ ဆိုင်းဆရာကပြောတောတော့ ညနေလာခေါ်မယ်ဆိုတော့ အဆင်သင့်ဖြစ်အောင်လေ”
“အေးပါ ဟိုးရောက်ရင် ဖုန်းလေးလဲဆက်အုံး”
“ဆက်မှာပေ့ါမမပိုင်”
ခိုင်ခိုင်ကတော့ မျက်နာကိုဆူပုတ်ကာ ဆံလာသသော ဧည့်ကိုစောက်ကြီးအောက်ကြီး လုပ်ပေးနေသည်။
“ဟဲ့….ခိုင်ခိုင်….ဧည့်သည်ခေါင်းကြီးလဲပြတ်သွားအုံးမယ်”
မမပိုင်လှမ်းဟန့်လိုက်တော့မှ ခိုင်ခိုင်အခြေအနေကို ပြန်သတိရသွားက ထိမ်းသိမ်းလိုက်တော့သည်။ ဧည့်သည်လဲ မှန်ထဲမှ သူမပုံရိပ်ကို အလန့်တကြားကြည့်မိလိုက်တော့သည်။
လှလှသည် မမပိုင်နှုင့်ခိုင်ခိုင်ကို နူတ်ဆက်ကာ အိမ်သို့ပြန်လာသည်။ အိမ်ရှေ့ရောက်တော့ ခြံတံခါးပွင့်နေသည့်အတွက် လန့်ဖြတ်ကာ အိမ်ထဲပြေး၀င်လိုက်သည်။
“ဟယ်…..သားငယ်”
၀သုန်ကို အိမ်ရှေ့တွင်ထိုင်နေတာကို တအံ့တသြတွေ့လိုက်ရသဖြင့် လှလှပျော်ရွှင်သွားတော့သည်။
“ဘယ်တုံးကရောက်နေတာလဲသားငယ်ရယ် ဆိုင်ကိုတော့ ဖုန်းမဆက်ပဲ အိမ်ရှေ့ကြီးမှာ ထိုင်နေရလာ”
“ခုပဲရောက်တာပါကြီးမေ သားတို့လဲ ဖုန်းဆက်မလို့ပါပဲ”
ခုမှသေခြားကြည့်လိုက်တော့ သားငယ်ဘေးတွင် ထိုင်နေသောကောင်းလေးက ပြုံးပြသည်။ ၀သုန်သည် လမ်းလျှောက်လာရင်းက ကြီးမေအကြောင်းများကို တစ်ချို့တစ်လေကို ပြောပြထားသည့်အတွက် မင်းခနိုင် အံံ့သြကာ ဖြစ်မနေချင်ဖြစ်ပါတော့သည်။
“အော်…ဧည့်သည်လဲပါတာကိုး”
“ဟုတ်တယ်ကြီးမေ သူ့နာမည်က မင်းခနိုင်တဲ့”
“မင်းခနိုင်ဟုတ်လား ကြားဖူသလိုပဲ”
“ဟုတ်ကဲ့ ကြီးမေကိုလဲ မြင်ဖူသလိုပဲ ကျနော်ဒီအိမ်ကို မြင်ဖူသလိုဖြစ်နေတာ ဇဝေဇ၀ါဖြစ်နေတယ်”
“ဟုတ်လား သားကဘယ်ကလဲ”
“သားကခုနေတာက မန်းမှာပါ ကိုကြီးနဲ့လိုက်တာ”
“အော် သူငယ်ချင်းတွေပဲ အေးကွယ် ကြိုဆိုပါတယ်”
“ကိုကြီး ကျနော်ရေချိုးချင်ပြီး”
“အော်..ဟုတ်တာပေါ့ ကြီးမေသော့ခဏပေးအုံး သားတို့နားချင်ပြီး”
“အေးအေး”
သူတို့နှစ်ယောက်၀င်သွားတော့မှ လှလှစိတ်ထဲတစ်မျိုးဖြစ်လို့နေပါသည်။ ၀သုန်က မင်းခကို ဂရုတစိုက် မျက်နာသုတ်ပုဝါများနှင့် ရေလဲပုဆိုးများထုတ်ပေးကာ ရေချိုးရမည့်နောက်ဖေးဘက်ကို ပြလိုက်သည်။ မင်းခရေချိူးရန်ထွက်သွားတော့မှ လှလှတစ်ယောက် သားငယ်၀သုန်အနားသို့ အသာကပ်ကာမေးလိုက်ပါတော့သည်။
“သားသူငယ်ချင်းက လူရည်သန့်လေးပဲ”
“ဟုတ်တယ်ကြီးမေ သားချစ်သူလေ”
“ဘာ”
“ဟာကြီးမေကလဲ လန့်လိုက်တာ တိုးတိုးအော်ပါ”
“အလိုလေ နေပါအုံးဟယ်၊ ဘာတွေဖြစ်ကုန်တာလဲ”
၀သုန်ယခုအချိန်တွင် ကြီးမေကိုဘာမှရှင်းမပြချင်ပါ၊ ကြီးမေသာသိသွားခဲ့လျှင် သူလုပ်ရပ်များကို လက်ခံနိုင်မည်မဟုတ်သည့်အတွက် ပြောမပြခြင်းဖြစ်ပါသည်။
“သူနဲ့ကျနော်ကလေ…”
“နေ…နေပါအုံး….ခဏနေအုံး…ငါခေါင်းတွေတောင်မူးလာပြီး နေအုံး…..”
လှလှပြောပြောဆိုဆိုနှင့် အိမ်ပေါ်မှပြန်ဆင်းလာခဲ့တော့သည်။ လှလှခေါင်းများ ထူးပူသွားကာ ဘာလုပ်လို့ဘာကိုင်ရမှန်းမသိဖြစ်သွားသည်။ ထိုကြောင့် အိမ်ပေါ်မှဆင်းလာကာ မမပိုင်ဆီကို ဖုန်းဆက်ရန် ဘေးအိမ်သို့ပြေးလာခဲ့တော့သည်။ ဘေးအိမ်မှဖုန်းဖြင့် မမပိုင်ဆီလှမ်းခေါ်လိုက်တော့သည်။
“ဟယ်လို”
“ခိုင်ခိုင်လာ”
“ဟင်လှလှ ဟိုဘက်ရွာကိုရောက်သွားပြီးလာ မြန်ချက်တော်..”
“ဘာတွေပြောနေတာလဲ”
“သိဘူးလေ နတ်ကနားသွားကတဲ့ ရွာရောက်ရင်ဖုန်းခေါ်မယ်ဆိုတော့ …”
“ဒီခိုင်ခိုင်ကတော့လေ နင်ကတမှောက်၊ ခုအိမ်ကိုလာကြစမ်းပါ၊ သားငယ်၀သုန်ပြန်ရောက်နေပြီး”
“သူ့အိမ်သူပြန်လာတာစမ်းတာမှတ်လို့ ပြန်လာတော့ ဘာဖြစ်လဲ၊ သားငယ်ပြန်မလာတော့ တမေးတည်းမေးနေပြီးတော့”
“ဟဲ့ ခုကရိုးရိုးပြန်လာတာမဟုတ်ဘူးဟဲ့”
“ဘာလဲ မိန်းမခိုးလာလို့လာ”
“မဟုတ်ဘူးတော်ရေ မိန်းမခိုးလာတာကမှ တော်အုံးမယ် ခုကယောက်ျားခိုးလာတာ”
“ဘာ…….ဘယ်လို”
“အမလေး အသာအော်ပါဟဲ့ နားတောင်ကွဲတော့မှာပဲ”
“အို ဒါကအသာအော်လို့ရတာမဟုတ်ဘူး”
“ထားတော့ ခုအိမ်ကို နှစ်ယောက်လုံးအမြန်လာကြစမ်းပါ”
“အင်းအင်း…ခုပဲထွက်လာမယ်….မမပိုင်ရေ…….
ခိုင်ခိုင်ဖုန်းချသွားတော့မှ လှလှတစ်ယောက်ဖုန်းကြီးကို ကိုင်ကာကြောင်နေမိသည်။ ဘာလုပ်လို့ဘာကိုင်ရမှန်းမသိတော့၊ သားငယ်ကရည်းစားမထားပဲ နေလာတာ၊ ထားတော့ ယောက်ျလေးဖြစ်နေသည်။ မထင်မှတ်ထားမိ၊ ၀သုန်ဘာတွေဖြစ်နေသည်ကိုတော့ မသိတော့ပါ၊ ခေါငးများခါကာ ဖုန်းကိုချလိုိက်ပြီး အိမ်ဘက်သို့ လေးပင်စွာလျှောက်လာသည်။
အိမ်ပေါ်တက်ရန်ပြင်တုံးရှိသေး မမပိုင်နှင့်ခိုင်ခိုင်ရောက်လာသည်။ မြန်ချက်။
“ဘယ်လိုရောက်လာကြတာလဲ”
“အို..ငါတို့လဲ အမြန်လာရတော့တာပေါ့၊ ဘယ်မှာလဲ သူတို့နှစ်ယောက်”
လှလှဧည့်ခန်းထဲကြည့်လိုက်တော့ မည်သူမှမရှိတော့။
“ဟယ်အစောပိုင်း ဖုန်းသွားမဆက်ခင်းကတော့ ရှိသေးတယ် ခုဘယ်ရောက်သွားပြီးလဲ”
လှလှကိုမမပိုင်မျက်စောင်းခဲလိုက်ပြီး နောက်ဖေးဘက်သို့မေးဆတ်ပြလိုက်သည်။ သား၀သုန်ကရေချိူးနေပါသည်။ လှလှတို့ဆူညံသံတွေကြောင့် အိမ်ထဲမှ မင်းခနိုင်ထွက်လာသည်။ ၀သုန်သည်လဲ ရေချိုးပြီးလို့ အိမ်ပေါ်တက်လာသည်။
“ဟော လေးပိုင်တို့ လေးခိုင်တို့ပါရောက်နေကြတာကိုး”
“အေးလေ နင့်ကြီးမေခေါ်လိုက်လို့ လာစမ်းပါအုံး မေးစမ်းပရစေအုံး ဟိုကောင်းလေးလဲလာခဲ့”
“ဖြေးဖြေးပေါ့လေးပိုင်ကြီးကလဲ အကျီင်္၀တ်လိုက်အုံးမယ်”
၀သုန်အကျီင်္လဲပြီးပြန်ထွက်လာတော့ မင်းခနိုင်ကို ထိုင်ခိုင်းပြီးကြီးမေတို့ သုံးယောက်က ဝုိင်းပြီးကြည့်နေကြသည်။ မင်းခနိုင်ကတော့ မိမိကိုသေးခြားဝုိင်ကြည့်နေကြသော ကြီးမေတို့ကို ရှက်ရွံနေမိသည်။
၀သုန်မင်းခဘေးတွင် ၀င်ထိုင်လိုက်ပါတော့သည်။
“ကဲမေးစေဗျာ”
“အဟမ်း..”
မမပိုင်ကလည်ချောင်းကို ရှင်းလိုက်သေးသည်။
“ဟိုလေ သားကြီးမေပြောတာဟုတ်လား”
“ဘာကိုလဲ လေးပိုင်ကလဲ”
“သားငယ်ကြီးမေကပြောတယ် သားငယ်ယောက်ျားခိုးလာတာဆို”
ဖြန်း..
လှလှအလန့်တကြား မမပိုင်ကိုရိုက်လိုက်မိပါတော့သည်။
“စကားအဖြစ်ပြောတာမမပိုင်ရဲ့”
“ဟဲ့သိဘူးလေ ညည်းပဲအဲလိုပြောပြီးတော့ နော်ခိုင်ခိုင်”
“ဟုတ်တယ်လေ လှလှပဲအဲလိုပြောပြီးတော့”
“စကားအဖြစ်ပါလို့ဆိုနေမှပဲ”
သူတို့သုံးယောက်ကိုကြည့်ပြီး မင်းခနှင့်၀သုန်ကတော့ ရယ်နေမိကြတော့သည်။ မမပိုင်သည် စိုးမြတ်သူဇာလိုမျိုး အိုက်တင်ဖမ်းလိုက်ပြီးမှ..
“သားငယ်ပြောစမ်း သားငယ်တို့ကဘာတွေလဲ”
“ချစ်သူတွေပါ”
၀သုန်ဆီကမဟုတ်ပဲ မင်းခဆီကထွက်လာသည့်အသံဖြစ်နေသည့်အတွက် မမပိုင်လန့်သွားသည်။ ခိုင်ခိုင်ကတော့ အလန့်တကြားမမပိုင်လက်ကို ကိုင်လိုက်သည်။ နူတ်ကလဲ အံ့သြသံထွက်သွားသည်။
“ဟယ်”
“ကျနော်ကိုကြီးကို အရမ်းချစ်တယ်”
“ဟယ်”
“ကိုကြီးနဲ့လဲ မခွဲနိုင်ဘူး”
“ဟယ်”
“ကိုကြီးနဲ့ကျနော်ကို သဘောတူပေးပါနော်”
“ဟယ်”
“ကိုကြီးကိုလဲ မဆူပါနဲ့ ကိုကြီးက ကြီးမေသဘောကောင်းကြောင်းတွေ အများကြီးပြောထားတယ်”
“ဟယ်”
“ပြီးတော့ ကိုကြီးနဲ့နှစ်ယောက်တစ်ဘ၀ နေချင်တယ်”
“ဟယ်”
“အဲဒါလေ ကြီးမေခွင့်ပြုပေးပါနော်”
“ဟယ်”
“အား…….
အသံနက်ကြီးက မမပိုင်ဆီကထွက်သည့်အသံဖြစ်ပါသည်။
“အား…….”
၀သုန်နှင့်မင်းခနိုင် သည်လဲလန့်ဖြန့်ကာ အော်လိုက်ကြပြီး ချထားသည့်ခြေထောက်များကို စတီထိုင်ခုံပေါ်သို့တင်လိုက်ကြပြီး ဒူးတုတ်သလိုဖြစ်သွားသည်။
“အောင်မငီး…”
လှလှကတော့ လန့်ဖြတ်ကာ နောက်သို့ယိုင်သွားသည်။
“အောင်မလေးတော့…”
အဆိုးဆုံးကတော့ ခိုင်ခိုင်၊ သူသည်လဲ မမပိုင်အနားတွင်ရှိကာ မမပိုင်အသံကြောင့်ကြောက်လန့်ကာ အလှဆုံးနူတ်ခမ်းကိုဖြဲကား မမပိုင်ကိုကြောက်လန့်တကြားကြည့်နေသည်။ မမပိုင်လက်မောင်းကိုကိုင်ထားသည့်လက်ကတော့ မလွှတ်ပါ။
မမပိုင်ခိုင်ခိုင်လက်ကိုရိုက်ချလိုက်သည်။
“မမပိုင်….ဘာ…ဘာဖြစ်လို့လဲဟင်…ဘာကောင်ကိုက်လို့လဲ”
“ဘာမှမဖြစ်ဘူ ညည်းလက်ကိုခုလွှတ် ဘယ်နဲ့တော် လက်ကိုအဲလောက်တောင် ဆုပ်ကိုင်ထားရလား တစ်ဟယ်ဟယ်နဲ့ တစ်ဟယ်ခေါ်တိုင်း လက်ကတင်းတင်းလာတာ ခုတော့တအားနာလို့အော်လိုက်ရတာ”
“ဟင်မမပိုင်ကလဲ တကယ်ပဲတော် ဒီမှာအံ့သြလွန်းလို့ဖြစ်သွားတာကိုး၊ ဂယ်ပဲ အစကတည်းက လက်ကိုပုတ်ချလိုက်ပါလာလို့”
“ဟဲ့…ငါလဲပုတ်ချချိန်ကိုမရှိတာ သူတို့ပြောနေတာကို စျာန်၀င်သွားတာ နင်စကိုင်တာကို သတိကိုမရတာ”
“ဖြစ်ရလေ မမပိုင်ရယ် လှလှဖြင့်လန့်သွားတာပဲ”
“အို…ခိုင်ခိုင်လဲ သူတို့ကိုကြည့်ပြီး အားကျလို့ဒီလိုဖြစ်သွားတာကို နည်းနည်းလေတော့ အောက်ခံတာမဟုတ်ဘူး တကယ်ပဲတော် မပြောလိုက်ချင်ဘူး၊ ဒါနဲ့လေ သားလေးတို့က ချစ်တာဘယ်လောက်ကြာပြီးလဲ”
“ချစ်တာတော့ကြာပြီး တရာ၀င်ချစ်ခွင့်ရတာတော့ ၄ လပဲရှိသေးတယ်”
“ဟယ်…ဂယ်ပဲ အားကျလိုက်တာဟယ်၊ လှလှသဘောမတူချင်နေ လေးခိုင်ကတော့ သဘောတူတယ်”
ခိုင်ခိုင်စကားကြောင့် မမပိုင်နှင့်လှလှ ခိုင်ခိုင်ကို မျက်စောင်းများ ဝုိင်းထိုးကြပါတော့သည်။
“ဘယ်သူကပြောလဲ သဘောမတူဘူးလို့”
မမပိုင်မကျေနပ်သလို ခိုင်ခိုင်ကို၀င်ပတ်သည်။
“လှလှကတော့ သူတို့တကယ်ချစ်ရင်တော့ ဘာမှမပြောတော့ပါဘူး သူတို့လမ်းသူတို့လျှောက်ရမှာဆိုတော့လေ၊ ဒါပေမယ့်လေ သတ္တိတော့ရှိရမှာပေါ့နော်”
“ဟေး….
မင်းခနိူင်၀မ်းသာစွာ ခုန်ထလိုက်ပြီး ကြီးမေကိုဖက်လိုက်ပါတော့သည်။ ထိုနောက်ထိုင်ခုန်ကို ပြန်ထိုင်လိုက်တော့ ခိုင်ခိုင်က လှလှကိုဖက်ပြီးရင် သူ့ကိုပါဖက်မည်ထင်သည့် အနေဖြင့်လက်က တန်းလမ်းကြီးရှိနေပါတော့သည်။
လှလှနှင့်မမပိုင်ကတော့ ခိုင်ခိုင်ကို မျက်စောင်းခဲကာ ပိုကိုပိုတယ်လို့ပြောချင်နေသည့်အနေထားများ ပြလိုက်တော့သည်။
“ကောင်းတယ် အဲလိုတန်လန်းကြီးပဲ ဖြစ်ပါစေတော်”
မမပိုင်ကတော့ နူတ်ကပင်ပြောဆိုလိုက်တော့သည်။
အိမ်ငယ်လေးတစ်ခုထဲတွင်တော့ လှပစွာဖူးပွင့်နေသော ပန်းငယ်လေးနှစ်ပွင့်ကို မေတ္တာဓာတ်ရေများ ပတ်ဖြန်းလို့နေပါတော့သည်။ မင်းခကတော့ ကိုကြီးကိုကျေးဇူးတင်သည်။ ကိုကြီးကိုချစ်ခွင့်ရလို့လည်း ကျေးဇူးတင်သည်။ ကြီးမေကခွင့်ပြုလို့လည်း ကိုကြီးကိုကျေးဇူးတင်သည်။
“ကျေးဇူးပါပဲကိုကြီးရယ်”
ရုတ်တရက်ပြောလိုက်သော မင်းခစကားကြောင့် ၀သုန်တောင် ကြောင်သွားရသည်။
“ဘာဖြစ်လို့လဲ”
“ကိုကြီးက ကျနော်ကိုနွေးထွေးစွာ ကြိုဆိုလို့ပေါ့”
“အော်…..”
၀သုန်ပြုံးပြလိုက်သည်။ ထိုနောက်တွင် အိတ်ကပ်ထဲမှ လက်စွပ်ဗူးလေးကို ထုတ်လိုက်ပါတော့သည်။ ဗူးအနီရောင်ကိုမြင်တာနှင့် လက်စွပ်ဗူးလေးမှန်သိသာပါသည်။ ( ၀သုန်သည် ဆိုင်ကပေးလိုက်သော ဗူးအစစ်ကို လွင့်ပစ်လိုက်ပြီး နောက်ဗူးအသစ်၀ယ်ကာ ထည့်ထားသည့်အတွက် မင်းခနိုင်သည် ဆိုင်လိပ်စာအမှန်ကို မသိခြင်းဖြစ်ပါသည်။ )
“ဟင်..ကိုကြီး..”
မင်းခဗူးလေးကိုကြည့်ကာ မျက်ရည်များသီးလာပါတော့သည်။
“ဟိတ်..ဒါငိုရမှာမဟုတ်ဘူးလေ…ကိုပေးတဲ့ချစ်သက်လက်ဆောင်က မင်းခကို၀မ်းနည်းစေတာလာ”
“မဟုတ်ပါဘူးကိုကြီးရယ် ကျနော်ရင်ထဲပြောပြလို့မတတ်အောင် ပျော်ရွှင်သွားလို့ပါ၊ မျက်ရည်ကျလာတယ်ဆိုတာကလဲ ၀မ်းသာမျက်ရည်သာဖြစ်မှာပါ”
“မင်းခလက်ခံလေ ပြီးတော့ ဗူးလေးကိုဖွင့်ကြည့်လိုက်”
မင်းခ ကိုကြီးပေးသောဗူးလေးကို တယုတယကိုင်ကာ ဖွင့်ကြည့်လိုက်ပါတော့သည်။
“ဟာ”
“ဘယ်လိုလဲ သဘောကျလာ”
“အရမ်းလှတာပဲ ကိုကြီးကရွေးတတ်လိုက်တာ၊ လှလည်းလှတယ် စျေးကြီးမယ့်ပုံပဲနော်”
“စျေးကအဓိကမဟုတ်ပါဘူး မင်းခကြိုက်တာမကြိုက်တာက အဓိကပါ”
“ဆင်တူလေနော်”
“ဟုတ်တယ်လေ”
“ဒါဆိုရင် ကိုကြီးကိုအရင်စွပ်ပေးမယ်”
“အင်း”
မင်းခထံသို့ ၀သုန်လက်ထိုးပေးလိုက်သည်။ မင်းခ၀သုန်လက်ကို သေးခြားစွပ်ပေးလိုက်တော့သည်။ ၀သုန်လဲမင်းခလက်ကို တဖန်ပြန်စွပ်ပေးလိုက်သည်။ ချစ်သူနှစ်ဦးကြည်ဖြူစွာ ဖြစ်နေကြသည်ကို လှလှ၊ မမပိုင်၊ ခိုင်ခိုင်တို့မှာ ရင်တထိတ်ထိတ် ကြည်နူးမှု့တွေနဲ့ကြည်းနူးစွာ ကြည့်နေမိသည်။ ၀သုန်နှင့်မင်းခသည်လည်း အနားတွင်ရှိနေသည့်ထိုသုံးယောက်ကို တဒင်္ဂမေ့လျော့သွားသည်။
အဟင့် ရွှတ်….
ငိုသံနှင့်နှပ်ရှုံသံကိုကြားတော့မှ မင်းခနှင့်၀သုန်သတိရကာ လှည့်ကြည့်လိုက်တော့ အနီးကပ်ကြည့်နေကြသော မျက်နာသုံးခုကို တွေ့လိုက်ရသဖြင့် နောက်သို့အနည်းငယ်တွန့်သွားတော့သည်။
မမပိုင်နှင့်လှလှက ခိုင်ခိုင်ကိုမကျေနပ်သလိုကြည့်လိုက်သည်။
“သူများတွေကြည်နူးနေတာကို နင်ကတစ်မှောက်”
“မမပိုင်ကလဲ ခိုင်ခိုင်မနေနိုင်တော့ဘူး”
“မနေနိုင်ရင် ဟင်းဟင်း…ငါမပြောချင်ဘူး ကလေးတွေရှေ့မှာ”
“မမပိုင်က ခိုင်ခိုင်ဆိုဒီလိုကြီးပဲ အကောင်းကိုမပြောဘူး၊ ခိုင်ခိုင်မှာတော့ ကလေးတွေကိုကြည့်ပြီး ကျေနပ်၀မ်းသာနေတာ၊ ခိုင်ခိုင်ကိုလဲ အဲလိုချစ်မယ့်သူရှိရင်ကောင်းမှာပဲလို့တွေးပြီး အားတွေကျနေတာ၊ ခိုင်ခိုင်ဘ၀ကတော့သနားစရာကောင်းလိုက်တာ၊ မမပိုင်ကရော ဒီလိုမျိုးချစ်သူရှိတာကြနေတာပဲ”
“အမလေးဟယ် ငါမပြောချင်လို့နော် တကယ်ပဲ၊ ကျုပ်တို့တုန်းကလဲ ဒီလိုပဲကဲခဲ့ကြတာပါနော်၊ ဟိုးတစ်ချိန်တုန်းကဆိုရင်လေ……..”
“တော်ပါတော့မမပိုင်ရယ်”
ခိုင်ခိုင်ရှေ့ကပိတ်ကာတားလိုက်သည့်အတွက် မမပိုင်စကားပြောရန်အားယူလိုက်သည့် အခြေနေက တိုးလို့တန်းလန်းကြီးဖြစ်သွားတော့သည်။ နူတ်ခမ်း၀တွင်တင့်နေသော စကားလုံးများက ထွက်ကျလုလု၊
“မမပိုင်ရဲ့ဟိုးတစ်ချိန်တုန်းက စကားကို ကြောက်လွန်းလို့ပါ”
မမပိုင်မျက်စောင်းကြီးကြီးကို ဒိုင်းကနဲမြည်းအောင်ထိုးလိုက်ပါတော့သည်။
“ဘာဖြစ်လို့လည်း လေးခိုင်ရ လေးပိုင်ရဲ့ဟိုးတစ်ခါကိုဘာလို့ကြောက်ရတာလဲ”
“ဒီလို သားငယ်၀သုန်ရဲ့ ဒီလို…..”
“ခိုင်ခိုင်နော် ကလေးတွေကို ဘာပေါက်ကရတွေပြောမလို့လဲ”
လှလှကတော့ မမပိုင်နှင့်ခိုင်ခိုင်ကိုကြည့်ကာ သဘောကျကာရယ်နေမိပါတော့သည်။
“အိုအမှန်တွေပြောမလို့ပါနော်”
၀သုန်နှင့် မင်းခသည်လည်း စိတ်ပါ၀င်စားသည့်အမူရာများကိုတွေ့သည့်အတွက် ခိုင်ခိုင်မှာပြောချင်နေပါတော့သည်။
“ညည်းပြောရဲပြောကြည့် ကျုပ်အကြောင်းသိစေရမယ်”
“ပြောပါစေလေးခိုင်ကလဲ သားတို့လဲသိချင်တာပေါ့”
“ဟီး…..”
“ဟင်းနော် မိခိုင် မခိုင်ကြတ်ကြတ်သတိထား”
မမပိုင်က လက်ညိုးကလေးတစ်ထောင်ထောင်ဖြင့် ကြိမ်းမောင်းနေပါတော့သည်။ ခိုင်ခိုင်တို့ကလဲ ထိုသို့ပြောမှ ပို၍ပြောချင်နေပါတော့သည်။
“ဒီလို မမပိုင်ကလေ တစ်ညက ဟိုးတစ်ချိန်တုန်းကပေါ့ကွယ်ဆိုပြီးပြောလိုက်တာ၊ စကားလဲမပျက် အမျှင်းလဲမပျက်တော့ပဲ မနက်မိုးလင်းသွားတာ ခိုင်ခိုင်မှာတော့ တညလုံး သူပြောသမျှကို ခေါင်းကြီးညိတ်နေရတာ၊ မနက်မိုးလင်းတော့ ခေါင်းကြီးက ညိမ့်နေတာပဲ ပုတ်သင်ညိုကြီးအတိုင်းပဲ”
“ဟားဟား……
“ဟားဟား….
“တကယ်တော်ရေ…နောက်နေ့ညနေကျတော့ ဆေးခန်းပြရတော့တယ်လေ၊ ဒါကြောင့်မမပိုင်ရဲ့ ဟိုးတစ်ခါတုန်းက အကြောင်းတော့လန့်တယ်”
“လုပ်ပြီးခိုင်ခိုင်ကတော့”
“မဟုတ်လို့လား လှလှရယ်၊ လှလှလည်းသိသားနဲ့”
မမပိုင်က ခိုင်ခိုင်ကိုတဖတ်ဖတ်နှင့်ရိုက်ပါလေတော့သည်။ လှလှကတော့ ရယ်မောကာနေပါတော့သည်။ မင်းခနှင့်၀သုန်သည်လဲ သူတို့ကိုကြည့်ကာ သဘောကျနေမိပါတော့သည်။
“ဟဲ့လှလှ နင်ခရီးထွက်မလို့ဟာ ဆိုင်းဆရာလည်းလာမခေါ်ပါလာ”
“ဆိုင်ဆရာကို ဖုန်းဆက်လိုက်တယ်၊ ဒီတစ်ခေါက်မလိုက်တော့ဘူးလို့”
“ဘယ်တုံးကလဲ”
“မမပိုင်တို့ကိုခေါ်ပြီးသူ့ကိုခေါ်လိုက်တာပဲ မမပိုင်”
“အော်”
“မမပိုင်တို့ရောပြန်တော့မှာလာ”
မမပိုင်သည်ခိုင်ခိုင်ကို မျက်စပစ်ပြလိုက်သည်။ ဘယ်လိုလဲဆိုသည့်သဘော။
“ဟင့်အင်းပြန်ဘူး ဒီညဒီမှာအိပ်မယ်”
ခိုင်ခိုင်ကဆုံးဖြတ်ချက်ချကာ ပြောလိုက်သည်။
“ဟယ်”
“ဘာဖြစ်တာလဲ လှလှ၊ ခိုင်ခိုင်တို့အိပ်မှာမကြိုက်လို့လာ”
“မဟုတ်ပါဘူးတော် အံ့သြလွန်းလို့ အရင်ကဆို သူရဲကြောက်လို့ အိပ်ပါဆိုတာတောင် မအိပ်ကြပဲနဲ့”
“အိုခုက အိပ်ချင်စရာကောင်းတာကို”
၀သုန်နှင့်မင်းခဘက်ကို ကြည့်ကာပြောလိုက်ပါတော့သည်။
မည်သို့မှမနိုင်သည့်အဆုံးတော့ လှလှလည်းလက်လျော့လိုက်ရတော့သည်။ ညစာစားချက်ကြတော့လဲ တပျော်တပါးကြီးနှင့် သူငယ်ချင်းများဖြစ်သည့် မမပိုင်နှင့်ခိုင်ခိုင်တို့ပါ ဝုိင်းကူးလုပ်ကြသည်။
“ငယ်ငယ်တုန်းကကိုအရမ်းသတိရတာပဲ”
“ဟုတ်တယ်နော်မမပိုင်”
“ဟုတ်တယ်မမပိုင်ရယ် ကလေးတွေကိုဒီခေါ်လာတော့ မီးဖိုးချောင်းထဲမှာလှလှ ချက်ပြုတ်နေတာကိုကြည့်ပြီး ခိုင်တို့မှာပြောဆိုနေကြတာကိုလေး”
“ဒါကလဲဂရုနာနဲ့ပြောကြတာကို လှလှသဘောပေါက်တယ် စိတ်ထဲမှာ ဘာမှမရှိပါဘူး ခိုင်ရယ်”
“ခုတော့သူတို့လေးတွေကကြီးကုန်ကြပြီးနော်”
“အို…မမပိုင်ဘာကြီးတာလဲလို့”
“ဟဲ့ခိုင်ခိုင်မ နင်ကတော့လေ တဆိတ်ရှိနှာပဲတွေး ငါကသူတို့ကိုပြောတာက အသက်ဟဲ့အသက်”
“အဟင်း အဲလိုရှင်းရှင်းပြောပါလို့”
လှလှမှာတော့ ခိုင်ခိုင်နှင့်မမပိုင်ကိုကြည့်ပြီး ပြုံးမိပါတော့သည်။ အော်…ကလေးတွေလည်း အတောင်တွေစုံကြပြီး၊ အသိုက်ကိုစွန့်ခွာခြင်နေကြပြီး၊ လှလှဒီခွဲခွာမှု့တွေကို စိတ်ခိုင်နိုင်အောင် ကြိုးစားရအုံးမည်။
ညစာစားပြီးကြတော့ တီဗွီကြည့်၊ လုပ်စရာရှိတာလုပ်ကြပြီးမှ အသီးသီးအိပ်ယာ၀င်ခဲ့ကြတော့သည်။ ၀သုန်နှင့်မင်းခတို့ အခန်းထဲတွင်ရှိနေပါသည်။ ၀သုန်ကိုဖတ်ပြီးမင်းခက အိပ်နေသည်။ ၀သုန်၏မျက်နာနူနူလေးကိုကြည့်ကာ မင်းခစိတ်ထဲတွင်ကြည်းနူးနေမိသည်။ ညမီးမှိန်မှိန်လေးအောက်မှာ အပြစ်ကင်းစင်စွာအိပ်နေသော ၀သုန်ကိုမင်းခကြည့်နေရင်းက နူတ်ခမ်းနူနူလေးဆီသို့ တရွေ့ရွေ့နီးကပ်လာသည်။ မင်းခနှာ၀မှလေတိုးမှု့ကြောင့် ၀သုန်မျက်လုံးကို ဖွင့်လိုက်သည်။ ထိုနောက်မင်းခဆီကို အတင်းဖိကာနမ်းလိုက်သည်။
“အာကိုကြီးမကောင်းဘူး ကျနော်ကအိပ်နေတယ်မှတ်လို့”
“ဟားဟား ရှက်ပါတယ်၊ ခိုးနမ်းတာတဲ့”
“သွားဗျာ ဖီလ်တောင်ငုပ်သွားတယ်”
“ဟားဟားကောင်းလေးရှက်ပါတယ်”
“တော်ပြီးပြောတော့နဲ့”
မင်းခတစ်ဘက်လှဲအိပ်လိုက်မှ ၀သုန်ကနောက်ကနေပြီးသိုင်းဖက်ထားလိုက်သည်။
“မင်းခအိပ်မပျော်ဘူးလာ”
“ကီုကြီး”
“အင်းပြောလေမင်းခ”
“ကိုကြီးကိုကျနော်အရမ်းချစ်တယ်”
“ကိုကြီးလည်းတူတူပါပဲကွာ”
“ကိုကြီး”
“အင်း”
“တခုလောက်မေးလို့ရလာ”
“မေးလေး”
“ကိုကြီးကျနော်ကိုဘာလို့မနမ်းတာလဲ”
“ဟင်”
“ဟုတ်တယ် အဲ့ဒါကိုကျနော်စဉ်းစားနေတာ ကိုကြီးဒီလောက်လွတ်လပ်တဲ့နှစ်ယောက်တည်း တွေ့ချိန်မှာတောင်ကိုကြီးကျနော်ကိုမနမ်းဘူးနော်”
“မင်းခရယ်”
“အဲဒါဘာဖြစ်လို့လဲ”
“မဟုတ်ဘူးမင်းခရဲ့ မင်းခကိုလေကိုကြီးကားပေါ်မှာတုံးက တစ်စိမ့်စိမ့်ကြည့်ရင်းက စိတ်ထားတွေပြောင်းလဲလာတာ၊ ဒါကြောင့်မင်းခကိုလေး ကိုကြီးစိတ်ဒါဏ်ရာတွေမပေးချင်တော့တာ”
“ကိုကြီးစကားက ဘယ်လိုကြီးလဲ”
“ကိုကြီးပြောရင်မင်းခလက်ခံမှာလာ”
“အကြောင်းရာခိုင်လုံတယ်ဆိုရင်တော့လက်ခံမှာပေါ့ ကိုကြီး”
“မင်းခကို ကိုကြီးမပိုင်သေးဘူး၊ မင်းခကို ကိုကြီးရဲ့စေတနာကို မင်းခတစ်နေ့နားလည်မှာပါ၊ တစ်ချိန်ဆိုတာကပြောရတာမဟုတ်ဘူး၊ ကံကြမ္မာအလှည့်ပြောင်းဆိုတာ ရှိတတ်တယ် ကိုကြီးက မင်းခကိုစိတ်ဒါဏ်ယာတွေ မရစေချင်ဘူး”
“ကိုကြီးစကားကလည်း ကျနော်အချစ်ကိုမယုံသလိုပဲ”
“မယုံတာမဟုတ်ပါဘူး မင်းခရယ် ကိုကြီးလေ မင်းခလေးရဲ့ဘ၀ကို ကိုကြီးကြောင့်တော့ မနစ်မွန်းစေချင်ဘူး၊ ကိုကြီးကိုမင်းခတနေ့တော့နားလည်လာမှာပါ၊ ကိုကြီးက မင်းခအတွက်တစ်ချိန်ချိန်မှာမကောင်းဆိုးဝါးကြီး ဖြစ်နေခဲ့မယ်ဆိုရင်ပေါ့”
“တော်ပြီးဗျာ စိတ်ညစ်တာတွေလာမပြောတော့နဲ့၊ မနမ်းချင်လဲနေတော့၊ ဒီလိုလေးပဲဖက်အိပ်တော့မယ်”
မင်းခ ၀သုန်ရင်ခွင်ထဲကို ကလေးတစ်ယောက်လို တိုး၀င်က ဖက်၍အိပ်လိုက်ပါတော့သည်။
“မင်းခကိုလေ ကိုကြီးချစ်တယ်ဆိုတာတော့ယုံပေးပါနော်”
“အင်း….”
မင်းခ ကြီးမေတို့အိမ်တွင်သုံးရက်လောက်နေပြီးမှ မန်းသို့နှစ်ယောက်လုံး ပြန်လာခဲ့တော့သည်။ ကြီးမေကတော့ မျက်ရည်စမ်းစမ်းနှင့် မှာရှာသည်။ ခိုင်ခိုင်ကတော့ နှပ်တွေထွက်အောင်ပင်ငိုသည်။
“နောက်လဲ ၀သုန်မပါလဲသားလာခဲ့နော် ဒီအိမ်ကသားရဲ့အိမ်ပါပဲ”
“ဟုတ်ကဲ့ပါကြီးမေရယ် သားလာခဲ့ပါ့မယ်၊ လေးခိုင်ကလဲသားစိတ်မကောင်းမလုပ်နဲ့လေ”
“ဟုတ်သားပဲ မိခိုင်ရယ် ကလေးတွေစိတ်မကောင်းပဲဖြစ်နေမယ်”
“အိုမမပိုင်ကလဲ ခိုင်ကမျက်ရည်ခိုင်တာမဟုတ်ဘူး၊ ပြီးတော့လေ သူတို့လိုချစ်သူမရတာကို ၀မ်းနည်းပြီးငိုတာ”
“တယ်….ကောင်မစုတ်ကတစ်မျိုး……ကဲကဲသားတို့ဂရုတစိုက်ပြန်ကြနော်၊ မကြာမကြာလဲဖုန်းဆက်ကြ၊ အခြင်းခြင်းလဲရန်မဖြစ်ကြနဲ့၊ သားတို့လေးခိုင်ကို စိတ်မပူနဲ့ သူကကောက်ရိုးမီးလိုပဲ ဝုန်းကနဲပဲ ပြီးရင်ဘာမှဟုတ်တော့တာမဟုတ်ဘူး သွားကြသွားကြ”
၀သုန်တို့ကားပေါ်တက်လာခဲ့တော့သည်။ မင်းခကတော့ကလေးငယ်တစ်ယောက်လို ပျော်ရွှင်စွာလက်ပြနူတ်ဆက်နေသည်။ ကိုကြီးဘေးမှာရှိနေသ၍တော့မင်းခကတော့ ပျော်ရွှင်ပြည့်စုံနေပြီးဟုသတ်မှတ်ထားသည်ပဲ။
၀သုန်စိတ်ထဲ တစ်ခုတော့ပေါ့သွားခဲ့သည်။ အစကတော့ တစ်ပတ်နေမည်စိတ်ကူးခဲ့သော်လည်း ကိုကိုမိုးယံနှင့်တွေ့မည်စိုးသော်ကြောင့် သုံးရက်နှင့်ပြန်လာခဲ့သည်။ ကိုကိုအကြောင်းကို ကြီးမေတို့စပြောလာလျှင်လဲ လိမ္မာပါးနပ်စွာ စကားကြောင်းပြောင်းနိုင်ခဲ့သည့်အတွက် မင်းခရှေ့တွင်ကိုကိုအကြောင်းများ မပြောဖြစ်ခဲ့ကြပါ၊ အကြံမအောင်မြင်သေးခင်တော့ မင်းခသိသွားလို့ မဖြစ်ချေဘူးလေ။
ခရီးစဉ်ကပြန်လာတော့မင်းခနှင့်၀သုန် ကားဂိတ်တွင်လမ်းခွဲကာကိုယ်ဆီပြန်ခဲ့ကြပါတော့သည်။
“ဟောမေမေကြီးပြန်လာပြီး ထမင်းပွဲပြင်လိုက်မယ်နော်”
“အေး”
ဒေါ်မိမိနိုင်ကားပေါ်မှဆင်းလိုက်ပြီး မိမှုန်ကို အိတ်များပေးလိုက်သည်။ ဖိနပ်စဉ်တွင်ဖိနပ်ချွတ်လိုိက်တော့ သားငယ်ဖိနပ်ကိုတွေ့လိုက်ရသည်။
“ဟဲ့မိမှုန်”
“ရှင် မေမေကြီး”
“ညည်းကိုလေးပြန်ရောက်နေတာလာ”
“ဟုတ်တယ်မေမေကြီး နေ့လည်ကတည်းက”
“ဒါဆိုညည်းကိုလေးကို ပြောလိုက်တော့ ထမင်းစားဆင်းခဲ့တော့လို့ မေမေကြီးရောက်ပြီးလို့၊ ငါရေချိုးပြီးရင် ထမင်းစားမယ်”
“ဟုတ်ကဲ့ မေမေကြီး”
ဒေါ်မိမိနိုင်သည် ကိုယ်လက်သန့်စင်စွာပြုလုပ်ပြီး အောက်ထပ်သို့ဆင်းလာခဲ့သည်။ မင်းခနိုင်လည်းအောက်ထပ်တွင်ရောက်နေပါပြီး။
“လာပါအုံးမေမေသားလေးကို မတွေ့ရတော့လွမ်းနေတာ”
“သားလဲမေမေကိုလွမ်းနေတာပါမေမေရယ်”
မင်းခနိုင်မေမေကိုဖက်ကာ ကပ်ချွဲလိုက်ပါသည်။
“သွားလူဆိုးလေး ပိုပြီး”
“ဒါနဲ့ဖေဖေရောမေမေ”
“သားအမဆီကို သွားတယ်”
“ဟင်ဟုတ်လား၊ ဘယ်တုံးကလဲ”
“ဒီနေ့ပဲလေ၊ သားလေးကချောင်းသာမှာတပတ်နေမယ်ဆိုပြီးဘယ်လိုဖြစ်တာလဲ၊ ကားလဲမတွေ့ပါဘူး”
“ကားကသူငယ်ချင်းတွေဆီမှာ၊ သူတို့ကနေခဲ့တယ်၊ သားကမေမေကိုလွမ်းလို့”
“အေးပါအေးပါ သားငယ်ကပ်ချွဲနေရင်းတော့မေမေတော့လန့်လန့်လာတယ်၊ လာထမင်းစားမယ်”
“ဟုတ်”
သားအမိနှစ်ယောက်ထမင်းစားကြရင် ကြည်းနူးနေပါသည်။ ထိုသို့ပါပဲ မိဘဆိုတာ သားသမီးတွေပျော်ရွှင်နေရင်တော့ ရင်ထဲမှာအေးချမ်းစွာ ရှိနေခဲ့သည်ပဲ၊ ဒါတွေကမိဘမေတ္တာတွေပဲပေါ့။
“ဟင်…”
ဒေါ်မိမိနိူင် မင်းခလက်မှလက်စွပ်ကိုအမှတ်မထင်တွေ့လိုက်သည်။ ဒီလက်စွပ်ကို သူမကောင်းကောင်းသိသည်။
By Jin Jar #TBC#

စမ်းရေကြည်ပေါက်(Uni+Zawgyi)              စမ်းရေကြည်ပေါက်(Complete)Where stories live. Discover now