EPISODE 12(Uni+Zawgyi)

575 22 0
                                    

စမ်းရေကြည်ပေါက် 
(Part 12)

ခိုင်ခိုင်တစ်ယောက် ဆိုင်ကိုနောက်ကျမှရောက်လာတော့သည်။ ညကသူနှင့်မမပိုင် နောက်ကျမှအိပ်ယာ၀င်ခဲ့ရသည်။ မနက်ရောက်တော့ မမပိုင်ကခေါင်းကိုက်သည်ဟုဆို၍ တစ်ယောက်တည်း ဆိုင်ကိုလာခဲ့ရတော့သည်။ ဆိုင်ဖွင့်တာပင်နောက်ကျနေပါတော့သည်။“လေးခိုင်…”“အမလေး မြတ်စွာဘုရား မင်းခလေ...

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

ခိုင်ခိုင်တစ်ယောက် ဆိုင်ကိုနောက်ကျမှရောက်လာတော့သည်။ ညကသူနှင့်မမပိုင် နောက်ကျမှအိပ်ယာ၀င်ခဲ့ရသည်။ မနက်ရောက်တော့ မမပိုင်ကခေါင်းကိုက်သည်ဟုဆို၍ တစ်ယောက်တည်း ဆိုင်ကိုလာခဲ့ရတော့သည်။ ဆိုင်ဖွင့်တာပင်နောက်ကျနေပါတော့သည်။
“လေးခိုင်…”
“အမလေး မြတ်စွာဘုရား မင်းခလေး ဘယ်လိုရောက်လာတာလဲ”
“မိုးပေါ်ကကျလာတာမဟုတ်ပါဘူးလေးခိုင်ကလဲ ကားကြီးနဲ့လာတော့ပေါ့ဗျ”
လေးခိုင် ရင်တွေပင်တုန်သွားသည်။ ညကမှလက်တလော အေးသွားသည့်ပြဿနာ ခုတော့ မနက်ပိုင်းတွင် ဆိုင်ရှေ့မှာ ငုတ်တုတ်ရောက်နေပါတော့သည်။
ခိုင်ခိုင်ဆိုင်ဖွင့်ရန်လုပ်တုံးက ကောင်းလေးတစ်ယောက် ဦးထုတ်ကိုငိုက်စိုက်စွာဆောင်းပြီး ဆိုင်ရှေ့နားက ခုန်လေးတွင်ထိုင်နေတာကိုတွေ့ပါသည်။ မင်းခမှန်းတော့မသိပါ၊ သာမန်စျေးရောင်းစျေး၀ယ်တွေပဲ မှတ်နေခဲ့သည်။ ခုတော့ဖြင့် ရွှေမင်းသားလေး မင်းခဖြစ်နေပါတော့သည်။
“ဘုရား ဘုရား”
“လေးခိုင်ကလဲ ဘုရားကြီးပဲတနေတယ် လုပ်တော့ ကျနော်နားချင်နေပြီး ဆိုင်ဖွင့်တော့ဗျ၊ အပြင်ကပူတယ်”
“အော်…အေးအေး”
ဆိုင်ကိုအလောသုံးဆယ်ဖွင့်လိုက်တော့ ကိုယ်တော်ချောက အထဲသို့၀င်သွားပြီး ဧည့်များလာရန်ထိုင်သည့်နေရာတွင် ကျောဆန့်ကာ လှဲချလိုက်တော့သည်။
“မင်းခ..တူလေး မင်းဒီကိုလာတာ မင်းအမေသိလား”
“သိမလားဗျ၊ အိမ်ကနေအပြင်တောင်မထွက်ရလို့ ကြိမ်းထားတာ၊ ခုတောင်ခိုးထွက်လာတာ”
“ဟင် သားကဒီကိုသားမေမေနဲ့ပါလာတာလား”
“ဟာ…လေးခိုင်ကလဲ မနက်အစောကြီးမန်းကနေထွက်လာတာ၊ ခုပဲရောက်တယ်”
“ဟယ် သားမေမေအိမ်ကိုဖုန်းဆက်မေးရင်သိသွားမှာပေါ့၊ သားမေမေသိသွားရင်တော့ မိုးမီးလောင်တော့မှာပဲ”
“လောင်ပါဘူးဗျ၊ ကျနော်အခန်းမှာ သီးချင်းဖွင့်ထားခဲ့တယ် သီးချင်းသံကြားရင်ကျနော်ရှိနေတယ်လို့ မိမှုန်ကသိမှာပဲ၊ မိမှုန်ဆိုတာ မေမေတူမလေ”
“အော်….”
ခိုင်ခိုင်ဘာလုပ်လို့ဘာကိုင်ရမှန်းမသိတော့၊ ထိုင်လို့လဲမရ၊ ထလို့လဲမရ ဘာလုပ်ရမည်ကို စဉ်းစားလို့မရတော့ပဲ အလိုလိုနေရင်း စိတ်တွေကမောလာတော့သည်။
“လေးခိုင်”
“….”
မမပိုင်ကိုသွားခေါ်ရင်ကောင်းမလား၊ ၀သုန်ကိုပဲပြေးခေါ်ရင်ကောင်းမလား၊
“လေးခိုင်”
“….”
သားကြီးမိုးယံကိုပဲပြေးခေါ်ရင်ကောင်းမလား
“လေးခိုင်…”
“အမလေး သောက်ပလုတ်တုတ်”
မင်းခခေါ်နေတာကို လေးခိုင်ကပြန်မဖြေသဖြင့် စိတ်မရှည်တော့ပဲ အနားကပ်၍အော်ခေါ်လိုက်ခြင်းဖြစ်ပါသည်။
“ဘာလဲ ဘာဖြစ်လို့လဲ..အမလေး …လန့်လိုက်တာ မင်းခရယ် အသားအော်ပါ၊ လေးခိုင်ကြားပါတယ်”
“ကြားလို့သားပဲ ကျနော်ခေါ်နေတာ အခါ ၈သိန်းရှိနေပြီး”
“အော်….ဟုတ်လား…ဘာပြောမလို့လဲ”
“ကျနော်ကားစီးလာလို့ မူးနေတာ၊ ခုလေးခိုင်က မထိုင်ပဲ ဟိုဘက်လျှောက်လိုက် ဒီဘက်လျှောက်လိုက်နဲ့ ကျနော်လေးခိုင်ကိုကြည့်ရတာ ပိုမူးလာတယ်၊ ထိုင်မှာဖြင့်ထိုင်ဗျာ၊ ဟိုမှာထိုင်လိုက် ပြီးပြန်ထလိုက်နဲ့၊ ဒီမှာထိုင်လိုက် ပြီးပြန်ထသွားလိုက်နဲ့၊ ဘာတွေဖြစ်နေမှန်းကိုမသိဘူး”
“ဟယ်…ဟုတ်လား….အဲလိုကြီး ဖြစ်သွားလား”
“ဟုတ်တယ်”
“အို….ရှက်လိုက်တာ…ရှက်လိုက်တာ …ငါကလဲ..ကလေးရှေ့မှာ မဟုတ်တာတွေဖြစ်သွားတယ်”
“ဗျာ”
“အော် စကားအဖြင့်ပြောတာပါဟယ် လန့်မသွားပါနဲ့”
“အော်…အဟီး…လေးခိုင်ကရီရတယ်နော်”
ခိုင်ခိုင်မင်းခကို မျက်စောင်းထိုးလိုက်ပါသေးသည်။
“သားမင်းခ ဒီမှာနေအုံး ခဏလေးပဲ လေးခိုင် မမပိုင်ကိုသွားခေါ်အုံးမယ်၊ ဘယ်မှမသွားနဲ့နော်”
“ဟုတ်”
ခိုင်ခိုင်သည် မမပိုင်ကို အကြိုးအကြောင်းလိုရင်းတိုရှင်းပြောခဲ့ပြီးခေါ်ခဲ့တော့သည်။ မမပိုင်သည်လဲ ခေါင်းကိုက်နေသည့်ဝေဒနာပင် ဘယ်သို့ရောက်သွားသည်မသိတော့ချေ။ ဆိုင်ကိုချက်ခြင်းနှစ်ယောက်သား ပြေးလာခဲ့ရပါတော့သည်။ ဆိုင်ရောက်တော့ အကောင့်သားလေးက ရေပင်ချိုးပြီးနေပြီ ဖြစ်သည်။
“လေးပိုင်က ချောလို့လှလို့ပဲ”
“အပိုတွေ..ကဲဘာစားမလဲ”
“မမပိုင် လာရင်းကိစ္စလေ”
“အော်ဟုတ်သားပဲ…သားကလဲဘာဖြစ်လို့လိုက်လာတာလဲ”
“မေမေကိုစိတ်မချလို့လေ၊ မေမေက ကိုကြီးကို ဆူနေမှာစိုးလို့၊ ခုတောင် လေးခိုင်တို့လေးပိုင်တို့ဆီ၀င်လာတာ၊ ကိုကြီးကိုလည်းတွေ့ချင်တယ်၊ ကျနော်ကိုကြီးကိုစိုးရီမ်းလို့လိုက်လာတာ”
“အမလေး မောင်မင်းကြီးသားရယ် မန်းကိုပဲပြန်ပါတော့ ဒီမှာက ကမ္ဘာစစ်ဖြစ်နေတာ မပြီးသေးဘူး လက်နက်တွေလာပြီးထက်မရောင်းနဲ့အုံး”
“အာလေးပိုင်ကြီးကလဲ၊ လေးခိုင်ကို ဘာမှမေးလို့မရလို့ လေးပိုင်ကိုအားကိုးရမလားမှတ်တယ် လေးပိုင်က ပိုဆိုးနေတယ်၊ ကျနော်ကိုကြီးကိုတွေ့ချင်တယ်”
“ဘယ်လို”
“အိုမဖြစ်ပါဘူး”
“အာ…ဖြစ်ပါတယ်”
“မဖြစ်ပါဘူး”
“ဖြစ်လိုက်ပါ”
“အိုဟယ်…မဖြစ်ဘူးဟယ်”
“ရဘူးဗျာ…ဖြစ်လိုက်ပါ”
“အို…ဟယ်…”
“လုပ်လိုက်ပါ..”
“အို…
ဒီတစ်ခါ “အို” ဆိုသည့်စကားလေးက လေသံမျှပင်ထွက်လာတော့သည်။ ကြည့်နေသည့်ခိုင်ခိုင်စိတ်မရှည်တော့။
“တော်ကြတော့….တကယ်တည်းမပြောလိုက်ချင်ဘူး…မမပိုင်နော်…မမပိုင်…ဟင်းဟင်း…”
“ရဘူးဗျာ…ကိုကြီးကိုပေးမတွေ့ရင် ကျနော်ဆိုင်မှာသောင်းကျန်းမှာနော်၊ ပြီးမှကျနော်အဆိုး မဆိုနဲ့”
“ဟယ်တော့…”
“ငါနော်…သေသာသေလိုက်ချင်တော့တယ်…တကယ်ပါပဲဟယ်”
“လုပ်ပါ ကျနော်ကိုသနားကြပါအုံး ကျနော်ကိုကြီးကိုအရမ်းချစ်တယ် ကူညီကြမယ်မဟုတ်လား ဟင်၊ နော်လေးပိုင်…နော်နော်…လေးခိုင်ရယ်ပြောပါအုံး”
“အမလေးဟဲ့ ကဲပါ..ဒီမှာပဲနေခဲ့ လေးပိုင်ကြည့်ခေါ်ခဲ့မယ်”
“ဟေး…ဒါမှတို့လေးပိုင်ကွ”
မင်းခတော့ကလေးတစ်ယောက်လိုခုန်ပေါက်ကာ ပျော်မြူးနေတော့သည်။
“ခိုင်ခိုင်”
“ရှင်မမပိုင်”
“ဆိုင်ကိုတော့ ခေါ်တွေ့လို့ဖြစ်ဘူး၊ ဒီတော့က မြို့ထိပ်က ရေကန်ကိုမင်းခလေးကိုခေါ်သွားလိုက် မမပိုင် ၀သုန်ကိုလွှတ်လိုက်မယ်”
“ဟုတ်မမပိုင် ခိုင်ကြည့်ပြီးလုပ်လိုက်မယ်”
မမပိုင်ခိုင်ခိုင်ကိုမျက်စောင်းထိုးလိုက်ပါသေးသည်။ မင်းခကတော့ ခိုင်ခိုင်ခေါ်ဆောင်ရာ မြို့ထိပ်ကကန်ကြီးဆီသို့သွားခဲ့ပါတော့သည်။
မမပိုင်သည် လှလှတို့အိမ်ရောက်တော့ လူကကုတ်ချောင်းကုတ်ချောင်းဖြင့် အလစ်ချောင်းနေရသေးသည်။ လှလှကိုအလာပ သလာပပြောပြီး ခြံထဲရောက်နေသည့် ၀သုန်အနားပြေးကပ်ကာ။
“မင်းခ မြို့ပြင်က ကန်မှာရောက်နေတယ် သွားတွေ့လိုက် မြန်မြန်”
“ဟင်”
လေးပိုင်ပြောချင်ရာပြောပြီးအိမ်ပေါ်ပြေးတက်သွားကာ လှလှအနားသွားကပ်နေလိုက်သည်။ ၀သုန်ကို အိမ်ပေါ်ကနေပြီး ခိုးကြောင်ခိုးဝှက်ဖြင့် အမူယာလုပ်ကာ သွားရန်ပြနေသည်။
“မမပိုင်”
“ဟင်….ဘာတုံး…ဘာပြောလိုက်တာလဲ”
“ဘာမှမပြောရသေးဘူး မမပိုင်ကြည့်ရတာ တစ်ခုခုဖြစ်နေသလိုပဲ၊ ဘာဖြစ်နေတာလဲ မျက်နာကလဲ မဲ့ရွဲ့နေတာ လှလှဆီလြာ့ပီးတော့”
“အဲ…ဘာမှဟုတ်ပါဘူးဟယ် နူတ်ခမ်းတွေညောင်းနေလို့ အဲ့ဒါ”
“ဟယ်တော့”
“အဲ”
“ဟယ်မဟုတ်တာမတွေးနဲ့ ဘာမှဖြစ်ဘူး ငါမျက်နာကို လေ့ကျင့်ခန်းလုပ်နေတာ တကယ်တယ်တော်”
“အော် ဂလိုလား..ထားပါတော့လေ၊ ဒါနဲ့ဆိုင်ကိုမသွားဘူးလား”
“အင်း…သွားမယ် ခုပဲသွားတော့မယ်”
“အမလေး မမပိုင်ရယ် ပြောမှထသွားတော့တယ် ဘာတွေဖြစ်နေမှန်ကိုမသိတော့ဘူး”
မမပိုင်ထွက်သွားသည်နှင့် လှလှတစ်ယောက်ဇဝေဇ၀ါဖြစ်ကာ ကျန်ခဲ့တော့သည်။
၀သုန်သည်လဲ လေးပိုင်ပြောလိုက်သည့်စကားကြောင့် စိုးရီမ်ကာ အိမ်မှထွက်ခဲ့လိုက်တော့သည်။ မြို့ပြင်က ကန်ကြီးဆီကိုရောက်တော့၊ လေးခိုင်နှင့် မင်းခကိုတွေ့လိုက်ရသည်။ မင်းခကတော့ ပျော်ရွှင်သွားသည့် မျက်နာက ဟန်မဆောင်နိုင်စွာ သိသာလွန်ပါသည်။ လေးခိုင်ကတော့ မင်းခနှင့် ၀သုန်ကိုထားခဲ့ကာ ဆိုင်သို့ပြန်လာခဲ့တော့သည်။ ၀သုန်အနားရောက်တော့ လေးခိုင် မင်းခမကြားစေရန်အတွက် လေသံတိုးလေးဖြင့် ပြောသွားလိုက်သည်။
“၀သုန်…စိတ်လိုက်မန်ပါမလုပ်နဲ့နော် မင်းခလေးသနားပါတယ်”
“ဟုတ်လေးခိုင်”
လေညှင်းကလေးတွေက တသောသောတိုက်နေပါသည်။ လူငယ်နှစ်ယောက် ရပ်ကာစကားပြောနေပါသည်။ တစ်ယောက်သောသူကတော့ တစ်ခြားတစ်ဖက်ကို လှည့်ကာရပ်လျှက် နေသည်။ တစ်ယောက်သောသူကတော့ ထိုလူရွယ်၏နောက်ကျောကိုငေးကာ နေသည်။
“ဗျာ..”
၀သုန်မင်းခကို အကြိုးအကြောင်းရှင်းပြလိုက်တော့သည်။ မင်းခကတော့ မျက်ရည်များဖြင့် နားဆင်နေသည်။ ၀သုန်စကားဆုံးတော့ မင်းခပြန်စဉ်းစားမိသည်။ မေမေသည် မမ မင်္ဂလာဆောင်ပြီးတော့ အိမ်တစ်အိမ်ကိုသွားကာ သောင်းကျန်ခဲ့သည်။ ထိုအချိန်တုံးကမင်းခလည်းပါလာခဲ့သည်။ ထိုကြောင့် ကြီးမေတို့အိမ်ကို မြင်ဖူးသည်ထင်ခဲ့သည်။ ခုတော့ အကြောင်းများကို ပြန်စဉ်းစားလိုက်တော့ မင်းခစိတ်ထဲ မကျေနပ်တော့၊ မင်းခတော်တော်ခံစားရပါသည်။ ယခုတော့ သူသည်မြေစားပင်ဖြစ်လို့နေပါတော့သည်။
“ကျနော်က ငါးစားဖြင့်ခဲ့တာပေါ့၊ ကိုကြီးက ကျနော်ကို အကွက်ချပြီးလုပ်ခဲ့တာပေါ့၊ တကယ်လဲမချစ်ဘူးပေါ့နော်၊ ပြီးတော့ မှကျနော်အသဲကို အစိမ်းလိုက်ခွဲပြီးလက်စားချေလိုက်တာပေါ့”
“….”
“ပြောပါအုံးဗျ ဒီပါးစပ်ကြီးက ဘာလို့ခုမှပိတ်နေတာလဲ၊ လုပ်ကြပေါ့ ခင်များကြီး ယုတ်မာပြီးတော့ ကျနော်အချစ်ကို ညာသွားတယ်၊ ခင်များကြီးက ဘီးလူးကြီးပဲ၊ ခင်များကြီးမို့လုပ်ရက်တယ်ဗျာ၊ ကျနော်က ခင်များလက်စားချေ ဘို့အတွက် ကျနော်အချစ်တွေကိုပေးဆပ်ခဲ့ရတာ၊ ခင်များကြီး တော်တော်မတရားပါလားဗျ”
မင်းခသည် စိတ်များလွတ်ထွက်သွားကာ ၀သုန်ကု ထုရိုက်မိနေပါတော့သည်။
“ဟုတ်တယ် ငါကလူယုတ်မာကြီး၊ မင်းအတွက်ကတော့ ငါကလူဆိုးကြီး မကောင်းဆိုးဝါးကြီးပဲ၊ မင်းမုန်းလိုက်တော့ မင်းအတွက် ကိုကတစ်စက်မှမကောင်းတဲ့သူ”
“ကိုကြီး….
မင်းခ ၀သုန်ကို တွန်းထုတ်လိုက်သည်။
“ကိုကြီးကျနော်ကို ချစ်ဖို့အမိန့်မပေးနိုင်သလို၊ ကျနော်ကိုမုန်းဖို့လဲ ပေးလို့မရဘူး”
“….”
“မရဘူး…ကျနော်ကိုကြီးကို ဘယ်လိုမှမုန်းမေ့လို့မရဘူး၊ ကျနော်ကို သနားပါအုံးဗျာနော်၊ ကျနော်ကိုတော့ မချစ်ဘူးလို့တော့ မပြောပါနဲ့နော်”
“ဟုတ်တယ် မင်းကိုငါမချစ်ဘူး၊ တမင်သက်သက်ဒီအချစ်ကိုဖန်တီးခဲ့တာ”
“ကိုကြီးမတရားဘူးဗျာ၊ ကျနော်ကိုတော့ ငါးစားချပြီးထားလိုက်တယ်၊ ကိုကြီးကတော့ ရတဲ့ငါးကို မြိန်ရေချက်ရေ စားနိုင်တယ်၊ ကျနော်ကတော့ ငါးရဲ့အစားအဖြင့်သေပေးခဲ့ရတယ်”
“အဲလိုတော့မပြောပါနဲ့ကွာ”
“မပြောလို့ရမလားဗျ၊ ကျနော်အချစ်ကခင်များကြီးကြောင့်သေသွားပြီး၊ ကျနော်ကဘယ်လိုနေရမှာလဲဗျ”
“…..”
“ပြောပါအုံး….ခင်များကြီးကခုတော့ ဘာမှမပြောတော့ဘူးလား၊ ကျနော်ကတော့ဗျာ ချစ်လိုက်ရတာ”
“ဟုတ်တယ် ငါကမင်းချစ်ဖို့မသင့်တော်တဲ့သူ မင်းမုန်းလိုက်တော့”
“ရမလားဗျ…..”
မင်းခမျက်ရည်များဖြင့် ၀သုန်နောက်ကျောကို ကြည့်ကာ စိတ်များပျက်နေမိပါတော့သည်။
“ကျနော်ကတော့ ခင်များကြီးကိုချစ်လွန်းလို့ ခင်များအတွက်စိတ်ပူပြီးလိုက်လာရတာ၊ ခင်များကြီးကို ချစ်လွန်းလို့ဗျ သိရဲ့လား၊ ခုတော့ ခင်များကြီးကလွယ်လွယ်လေးပြောလိုက်တယ်၊ မုန်းလိုက်တော့တဲ့”
“…..”
“တစ်ခုလောက်တော့မေးချင်ပါရဲ့”
“…”
“ခင်များကြီး ကျနော်ကိုချစ်ခဲ့တာက ဟန်ဆောင်ခဲ့တာပါလို့ပြောခဲ့တယ်နော်၊ ဒါဆိုကျနော်ဘက်ကို လှည့်ကြည့်ပြီးပြောစမ်းပါ၊ ခင်များမျက်နာကိုကြည့်ချင်လွန်းလို့ လှည့်ကြည့်လိုက်စမ်းပါ၊ ဒီဘက်ကို ကြည့်ပြီးပြောပါဗျ၊ ခင်းများကြီး ကျနော်ကို မချစ်ဘူးလို့ ကျနော်ကိုကြည့်ပြီးပြောလိုက်လေ၊ ခုပြော”
“……”
မင်းခအော်ပြောနေပေမယ့် ၀သုန်ကတော့ မလှုပ်၊ လှည့်လဲမကြည့်ပါ၊ ထိုကြောင့်မင်းခနောက်ကို လှမ်းဆွဲကာ သူ့ဘက်ကိုလှည့်ကာ ကြည့်စေသည်။
“ကိုကြီး…………”
“……”
“ကိုကြီးလဲကျနော်ကို ချစ်ခဲ့တယ်မဟုတ်လားဟင်၊ ကိုကြီးကျနော်ကို ချစ်ခဲ့တယ်မဟုတ်လား”
“မချစ်ခဲ့ဘူး၊ ငါလိမ်ခဲ့တာ”
“မယုံဘူး၊ ကျနော်နှလုံးသားက ယုံလို့မရဘူး မချစ်ဘူးဆိုတာကို၊ ကိုကြီးကျနော်ကိုချစ်နေတယ်မဟုတ်လား”
“မချစ်ဘူးကွ၊ မချစ်ဘူး၊…ကဲ..ငါအခုလှည့်ပြီး ပြောလိုက်ပြီး၊ မင်းကျေနပ်ပြီးလား၊ မင်း…ဘာပြောချင်သေးလဲ”
“ဟင်”
၀သုန်စိတ်လိုက်မာန်ပါလှည့်ကာ ပြောလိုက်သောကြောင့် မင်းခမှင်သက်သွားပါတော့သည်။ မင်းခရင်ထဲဗြောင်ဆန်သွားတော့သည်။ ခြေလှမ်းများလဲ နောက်သို့ဆုတ်လိုက်မိတော့သည်။ နောက်ဆုံးတော့ မင်းခနူတ်ခမ်းကို ပြတ်လုမတက်ကိုက်ကာ ၀သုန်ကိုခပ်စိမ်းစိမ်းစိုက်ကြည့်ပြီးနောက် ၀သုန်ကိုကျောခိုင်းကာ ထွက်သွားပါတော့သည်။
ကိုကြီးကို မုန်းလိုက်ပါမင်းခရယ် မင်းခကိုတော့ အားနာမိပါတယ်၊ ကိုကြီးမကောင်းတဲ့သူပါ၊ ကိုကြီးမင်းခအပေါ်မှာလွန်သွားတဲ့ အကြောင်းများကို ကိုကြီးတောင်ပန်ပါတယ်၊ ဒါပေမယ့်လေ ကိုကြီးနောင်တာမရဘူးသိလား၊ ကိုကြီးရဲ့ချစ်လှစွာသော ကြီးမေကို စော်ကားလိုက်တဲ့ ဒေါ်မိမိနိုင်ဆိုတဲ့ မင်းခအမေကို လက်တုန့်ပြန်လိုက်ရလို့ပါပဲ၊ ပြီးတော့ မင်းခဘဝလေးကို ကိုကြီးကြောင်မနစ်မွန်းစေချင်ဘူး၊ ဒါကတော့ ကိုကြီးစိတ်ရင်းအမှန်ပါပဲ၊ ကိုကြီးမင်းခကို ဖြူစင်စွာချစ်ခွင့်ရခဲ့လို့လည်း မင်းခကိုကျေးဇူးတင်ပါတယ်၊ မင်းခကိုလေ ဟိုးအမြင့်မှာပျံသန်းနေတဲ့ ဘဝလေးကိုပဲ မြင်ချင်ခဲ့တာပါ။ မင်းခညီလေးရေ ဟိုးအမြင့်ကိုပျံလိုက်ပါ၊ မင်းခရယ်….
ညနေဘက်တွင်တော့ အိမ်တွင်လူစုံနေကြသည်။ လှလှတို့အိမ်လေးစိုပြေနေပါတော့သည်။ လှလှနေချင်ခဲ့သော မိသားစုလေးကို ပိုင်ဆိုင်နေရပါတော့သည်။ လှလှလူတစ်ယောက်ကိုတော့ မေ့လျော့နေခဲ့ပါသည်။ ထိုသူကတော့ မင်းခပင်ဖြစ်ပါသည်။
တီတီတီ
ချိုချို၏ဖုန်းမြည်သံကြောင့် ဖုန်းကိုကိုင်လိုက်ပါသည်။
“ဟယ်လို….ရှင်…မေမေရယ်ဟုတ်လို့လား…ဒီကိုလဲမလာဘူး….ဒါဆိုဘယ်လိုလုပ်မှာလဲ…ဒုက္ခပါပဲမေမေ…ဟုတ်ကဲ့မေမေ…သမီးတို့လဲလိုက်ရှာလိုက်အုံးမယ်…ဟုတ်ကဲ့”
ချိုချိုမျက်နာပျက်ယွင်းစွာ ဖြစ်သွားသည်ကို ကြည့်ရင်လှလှစိတ်ပူနေမိသည်။
“ကိုမိုး”
“ချိုမေမေကဘာတဲ့လဲ”
“မောင်လေး မင်းခအိမ်ကထွက်သွားတယ်တဲ့ ဘယ်ကိုရောက်နေလဲမသိဘူး”
အားလုံးရဲ့အကြည့်များက ၀သုန်ဆီကိုရောက်သွားတော့သည်။ ၀သုန်လည်းစဉ်းစားရကျပ်သွားသည်။ သူနှင့်မင်းခလမ်းခွဲခဲ့သည်က နေ့လည်ကတည်းက၊ လေးခိုင်တို့ဆိုင်ကိုလည်းသူသွားခဲ့သည်။ ဆိုင်မှသူ ပြန်လာတော့ ညနေပင်စောင်းနေပြီး၊ ထိုအချိန်ထိ မင်းခကိုသူမတွေ့ခဲ့ပါ၊ ခုညပင်ရောက်နေပြီး။
၀သုန်ဘာမှစဉ်းစားမနေတော့ပဲ ထထွက်ခဲ့တော့သည်။
“ဟေ့ညီလေး ဘယ်သွားမလို့လဲ”
“မင်းခကိုသွားရှားမလို့”
၀သုန်အဖြေစကားကြောင့် သားအမိသုံးယောက် ကြောင်ကာကြည့်နေခဲ့မိတော့သည်။
၀သုန်ပြာယာခတ်ကာ ထထွက်ခဲ့ပြီးဘယ်ကိုစပြီး ရှားရမှန်းမသိတော့၊ နောက်ဆုံးတော့ စိတ်ကစိုးရီမ်းပူပန်ကာ ကန်ကြီးဆီဘက်သို့ပြေးခဲ့ပါတော့သည်။ ကန်ကြီးဆီသို့အမောတကောနှင့်ရောက်လာသော ၀သုန်မည်သူကိုမှမတွေ့ရပါ၊ စိတ်ကစိုးရီမ်းပူပန်ကာသွားတော့သည်။ ထိုကြောင့်လဲ ကန်ကြီးကိုပတ်ကာ မင်းခရေလို့အော်ခေါ်နေမိပါတော့သည်။
“မင်းခရေ…မင်းခ…မင်းဘယ်မှာလဲ…မင်းဘယ်မှာလဲ…….မင်းခ…”
<<<<<<>>>>>>>>>>>>>>>>
“ကိုမိုးဘယ်လိုလုပ်မလဲ၊ ညည့်လည်းတော်တော်နက်နေပြီး မောင်လေး၀သုန်လည်းပြန်မလာသေးဘူး”
“ဟုတ်ပါ့ကွာ ဘယ်တွေသွားနေလဲမသိဘူး မိုးတွေကလည်းရွာနေပြီး”
၀သုန်ထွက်သွားပြီးမှ ချိုဆီကို မေမေတို့ဆီက ဖုန်းပြန်၀င်လာသည်။ မင်းခကို ကားဂိတ်တွင်တွေ့၍ပြန်ခေါ်လာပြီးဖြစ်သည့်အကြောင်းကို လက်ခံရရှိခဲ့သည်။ ခုတော့ မင်းခအတွက် စိတ်မပူရတော့ပဲ ၀သုန်အတွက်စိတ်တွေပူပန်နေရတော့သည်။ မိုးကလည်း ၀သုန်ထွက်သွားပြီးမကြာခင် ရွာချလိုက်သည်။ ထိုကြောင့် သူတို့တွေစိတ်ပူကာနေရပါတော့သည်။
“ဟင်ကြီးမေ ထီးကြီးနဲ့ဘယ်သွားမလို့လဲ”
“ဘယ်သွားရမှာလဲ သားငယ်ကိုသွားရှားမှဖြစ်မှာပေါ့”
“အာ…ကြီးမေရယ် ညကလဲမှောင်နေပြီး ကြီးမေမသွားနဲ့တော့ သားပဲသွားရှားလိုက်မယ်”
“မဖြစ်ဘူး…ငါ့သားလေး မိုးမိနေမယ်၊ ဒီကလေးဘယ်ကိုသွားနေလဲမသိဘူး”
“ကြီးမေရယ် စိတ်မပူပါနဲ့ ၀သုန်က ကလေးမဟုတ်တော့ဘူးလေ၊ ပြီးတော့ သူလည်းစဉ်းစားတတ်ပါတယ်၊ ကျနော်ပဲ သွားရှားလိုက်ပါ့မယ်”
လှလှတစ်ယောက် ပျော်ရွှင်တာတွေပင်ဘယ်ရောက်သွားသည်မသိတော့၊ ဒီသားငယ်ကြောင့်လှလှစိတ်တွေ မောလှပါပြီး။
၀သုန်ပြေးထွက်သွားလာသည်။ ရင်ထဲမှာပူလောင်နေသည်။ မည်သည့်နေရာကို လိုက်ရမည်မှန်းမသိတော့ မှောင်မည်းနေသည့် ပတ်၀န်ကျင်က ၀သုန်၏အမြင်အားရုံများကိုလွဲမှားစေခဲ့သည်။ ဝေး၀ါးစွာသာမြင်ရသော အမြင်များကို ဖယ်ရှားစေရန် ဆီးကျနေသည့်မျက်ရည်များကို လက်ဖမိုးနှင့် သုတ်ပစ်လိုက်သည်။ မင်းခကိုရှာရသည့် အချိန်သည် သူရင်ထဲမှာပူလောင်နေခဲ့သည်။ ရင်ကွဲအောင်ကို ခံစားရသည်။ ကန်ကြီးပတ်ကာ အခေါက်ခေါက် အခါးခါးဘယ်အကြိမ်မှန်မသိတော့ပဲ ပတ်နေမိတော့သည်။
“မင်းခ…မင်းဘယ်မှာလဲ….ထွက်လာခဲ့ပါ...မင်းကို…ကိုကြီးချစ်ပါတယ်…ထွက်လာခဲ့ပါတော့နော်”
နူတ်ကမင်းခရေလို့ အော်နေသည့် အသံများပင်ပျောက်နေသည်။ ခိုက်ခိုက်တုန်အောင်လည်းချမ်းနေသည့် သူခန္ဒာကိုယ်ကို မေ့လျော့နေသည်။ စိတ်ကဗျားများနေသည့် သူမှာတော့ ဘာမှမစဉ်းစားနိုင်အောင်ပါပင်။ ဒီတစ်ခါအသံထွက်ရန် မင်းခရေလို့အော်ရန်အားယူလိုက်တော့သည်။
“…”
ဟင်…..ငါအသံတွေမထွက်တော့ဘူး….ဘယ်လိုလုပ်ရမလည်း….ငါ…အသံမကြားရင် ….မင်းခထွက်လာမှာ မဟုတ်ဘူး…ဒုက္ခပါပဲ မင်းခကြားနိုင်အောင် အော်ရမယ်၊ ငါ့အသံထွက်မှဖြစ်မယ်။
“…...”
ဟင်….သူအားယူကာအော်လိုက်ပေမည့် အသံကထွက်မလာတော့၊ မိုးတွေကတအားသည်းကာ ပိုဆိုးလာသည်။ ဒီပုံစံအတိုင်းဆို မင်းခဘယ်လိုနေမည်နည်း။ မင်းခ…ဘယ်လိုဖြစ်နေမည်နည်း။ သူအသံမထွက်လို့မဖြစ်ချေဘူး၊ သူအသံထွက်မှ မင်းခကြားနိုင်မည်။
၀သုန်လေကို ၀၀ရှူလိုက်သည်။ ထိုနောက် ရှိသမျှအားကို အားကုန်ဆုကာ အော်လိုက်ပါတော့သည်။
“မင်း……ခ…..ရေ…..”.
“ညီလေး…၀သုန်…၀သုန်သတိထားလေ…ညီလေး…ညီလေး…သတိထားနော်”
“ဟင်…ကိုကို…..မင်းခရော…ကိုကို…မင်းခရော…ပြီးတော့ ကိုကိုဘယ်အချိန်ကရောက်နေတာလဲ…မင်းခကို တွေ့လားကိုကို…မင်းခကျနော်ကို စိတ်ပျက်ပြီးထွက်သွားတာ…မင်းခတစ်ခုခုဖြစ်ရင်..ကျနော်ရင်ကျိုးမှာ..”
“စိတ်ငြိမ်ငြိမ်ထားနော်….၀သုန်…မင်းခအတွက်ဘာမှမပူနဲ့..သူ့အိမ်ကိုပြန်ရောက်နေပြီး၊ မင်းခကညကတည်းက အိမ်ကိုပြန်ရောက်နေတာပါ၊ ခုညီလေးက ဆေးရုံးမှာ”
“ဗျာ..”
ထိုအခါမှ ၀သုန်ဘေးပတ်၀န်ကျင်ကို ကြည့်လိုက်တော့ ဆေးရုံးအဆောက်ဦးထဲတွင်သူရောက်ရှိနေသည်ကို သိရှိလိုက်တော့သည်။ သူလက်မှာလဲ ပိုက်တွေတန်းလန်းနှင့်ရှိနေပါသည်။ ကြီးမေကတော့ မျက်ရည်တွေသုတ်ကာ ငိုနေသည်။ မမချိုကတော့ ကြီးမေကို ထိန်းပေးထားသည်။ လေးပိုင်နှင့်လေးခိုင်ကတော့ သူ့အားစိုးရီမ်းစွာ ကြည့်နေကြပါသည်။ သူဘယ်လိုကနေပြီးဒီကိုရောက်နေသည်ကို နားပင်မလည်နိုင်တော့၊ သူသိသည်က မင်းခကို သူကန်ကြီးတွင်လိုက်ရှာနေသည်။ ဒါကိုပဲသူသိသည်။
“ကျနော်…ကျနော်..ဘယ်လိုဖြစ်ပြီး..
“အင်းမောနေမယ်…ညီလေးဘာမှမတွေးနဲ့တော့ ကိုကိုပြောပြမယ်ဟုတ်ပြီးလား…ညီလေးထွက်သွားပြီးမှ ကိုကိုနဲ့ချိုလည်းမြို့ထဲကို ကားနဲ့ထွက်ရှာခဲ့ကြတယ်၊ ဒီလိုရှာနေတုံးမှာပဲ မေမေဆီကဖုန်းလာပြီးတော့ မင်းခကို ကားဂိတ်မှာတွေ့လို့ပြန်ခေါ်သွားပြီးလို့ပြောတာနဲ့ကိုကိုတို့လည်း အိမ်ကိုပြန်လာတယ်၊ ညီလေးက သန်းခေါင်ယံတဲ့ ထိပြန်မလာသေးတော့ ကိုကိုလည်းပြန်ထွက်ရှာရတယ်လေ၊ ညီလေးကိုဘယ်မှာရှာရမှန်း မသိတာနဲ့ လေးခိုင်တို့အိမ်ဘက်ကိုသွားကြည့်တာ၊ လေးခိုင်ကကန်ကြီးဘက်မှာ ညီလေးနဲ့မင်းခတို့စကား ပြောခဲ့ကြတယ်ဆိုလို့ ကိုကိုတို့ ကန်ကြီးဘက်ကိုလိုက်လာကြတယ်၊ အဲ့ဒီမှာညီလေးက လဲနေတာကိုတွေ့လို့ ကိုကိုပဲဆေးရုံးတင်လိုက်တာညီလေးကို”
၀သုန်ဇာတ်ရည်လည်သွားတော့သည်။ သူမည်သည့်အချိန်တွင်မေ့လဲသွားသည်ကိုပင် မမှတ်မိတော့ပါ၊ ပြန်စဉ်းစားလို့လည်မရတော့၊ သို့ပေမယ့် မင်းခအိမ်ကိုပြန်ရောက်နေပြီးဆိုသည့် အသိက သူရင်ကိုအေးချမ်းသွားတော့သည်။
“ကဲညီလေးနားလိုက်အုံးနော်၊ ကြီးမေတို့ကို ကိုကိုအိမ်လိုက်ပို့လိုက်အုံးမယ်၊ ကြီးမေလည်းတမှေးမှအိပ်ရ သေးတာမဟုတ်ဘူး၊ ညကတည်းက ညီဘေးမှာစောင့်ကြည့်နေတာ”
“ကြီးမေရယ် သားကလေး ကြီးမေကိုဒုက္ခပေးဘို့ရှင်သန်နေတာလားဗျာ”
“အိုမဟုတ်တာသားရယ်၊ သားရယ်ဒီစကားတွေမပြောပါနဲ့တော့နော်၊ ကြီးမေအရင်ကပြောဆိုခဲ့တာတွေက သားကိုစိတ်ဆိုးတုန်းကခဏပြောခဲ့တာပဲကွယ်၊ အဲလိုတော့မဟုတ်ပါဘူးသားရယ်”
“ညီလေးရယ် ကြီးမေစိတ်မကောင်းဖြစ်အောင်ပြောမနေပါနဲ့တော့နော်”
“ကျနော် ကိုခွင့်လွှတ်ပါနော်”
“ကြီးမေကသားတို့အပေါ်အမြဲခွင့်လွှတ်ပြီးသားပါကွယ်”
အခြေအနေတွေက ရှုပ်ထွေးနေသည်။ ချိုချိုတစ်ယောက်စိတ်ညစ်ရပါသည်။ မောင်လေး နှစ်ယောက်လုံးကလဲ တစ်ချိန်တည်းမှာ နေမကောင်းကာ ဖျားနေကြပါတော့သည်။ ခုတော့ ကိုမိုးရော ချိုချိုရောမနားရတော့ တစ်ယောက်တလှည့်ဆီမောင်လေးနှစ်ယောက်ဆီကိုပြေးနေရပါတော့သည်။ ခုလဲချိုချိုအိမ်ကိုရောက်နေပါသည်။
“လုပ်ပါအုံးသမီးရယ် ညည်းမောင်ကဘာမှမစားဘူးဖြစ်နေတယ်၊ မေမေတော့စိတ်သာညစ်ပါတော့တယ်”
“မောင်လေးကြောင့်လည်းခက်ပါတယ်”
“ဟုတ်တယ် အဲ့ဒါဟိုမကောင်းဆိုးဝါးကြီးကြောင့်ဖြစ်ရတာ၊ ဒင်းကြောင့်ငါ့သားသမီးတွေ စိတ်ဆင်းရဲရတာ”
ဒေါ်မိမိနိုင်စိတ်များတိုမိပါတော့သည်။ ထိုမကောင်းဆိုးဝါးမရဲ့သားတွေကြောင့်လို့စိတ်ထဲမှာပေါ်လာခဲ့လျှင် ဒေါ်မိမိနိုင်ဒေါသများ ထိန်းလို့မရအောင်ဖြစ်နေရပါသည်။
“မင်းမတော်သေးဘူးလား”
“ဘာကိုကျုပ်ကတော်ရမှာတုံး”
ဦးမင်းခေါင် မနေနိုင်တော့ပဲ၀င်ပြောလိုက်တော့သည်။ သူသည် ဒေါ်မိမိနိုင်လုပ်နေသည့် အကြောင်းရာများ ကိစ္စများတွင် ဘာမှ၀င်စွက်ဖက်ခြင်းမရှိခဲ့ပါ၊ ဘုရားသမားပီပီ အေးအေးဆေးဆေးပဲနေခဲ့သည်။ သူ၏ဇနီးလုပ်ကိုင်နေသည်များကို ကောင်းသည်ဆိုးသည်ဟု ဘာမှ၀င်မပြောခဲ့ပါ၊ ယခုတော့ မပြောလို့မဖြစ်တော့ပါ။
“မကောင်းဆိုးဝါးလို့ပြောနေရတာက ငါ့အမြင်မှာတော့ မင်းသာမကောင်းဆိုးဝါးဖြစ်နေတာ”
“ဘာရှင့်….ရှင်ကဘာသိလို့ဘာတွေ၀င်ပြောနေတာလဲ ကိုယ့်ဖာသာကိုနေစမ်းပါရှင်၊ ဘယ်တုံးက မိသားစုအရေးကို စိတ်ပါပြီး ၀င်ပါဖူးလို့လဲ၊ ခုမှဘာမှမသိပဲ ကျမကိုအပြစ်တွေပြောနေရတာလဲ”
“မင်းလုပ်ပုံတွေမဟုတ်လို့ကွ၊ ခုချိန်ထိအမြင်မှန်မရနိုင်ဘူး၊ မင်းကိုကြည့်ရတာ ပူလောင်နေတာပဲ”
“အော် …ရှင်လိုတော့ ဘုရားတရားအေးအေးဆေးဆေးမလုပ်နိုင်ဘူးတော်ရေ၊ ကျုပ်မှာသားနဲ့ သမီးနဲ့ရှိသေးတယ်၊ ဒီသားတွေသမီးတွေအတွက်ပူပန်နေရတာ၊ ရှင်ကတော့ ဘာပူပန်မှု့မျုိုးမှမရှိတာ”
“မင်းကို ငါမပြောဘူးလို့ စဉ်းစားထားတာ၊ ခုတော့မင်းက မင်းသားတစ်ယောက်လုံးခံစားနေရတာတောင်မှ မောဟတွေကမပျောက်နိုင်သေးဘူး၊ အေးခုတော့ ပြောရတော့မှာပဲ၊ မင်းသားခုလိုဖြစ်တာဘယ်သူက အဲဒီမီးကိုမွှေးခဲ့တာလဲကွ၊ ဘယ်သူက မင်းသမီးခုလိုစိတ်ဆင်းရဲအောင်လုပ်နေတာလဲ၊ မင်းလုပ်ခဲ့တဲ့ အပြစ်တွေက မင်းနားလည်သဘောပေါက်ရဲ့လား၊ မင်းမှာစာနာစိတ်ရောရှိသေးရဲ့လား၊ ကဲပြောစမ်းပါအုံး၊ မင်းလိုပဲ သူတို့လည်းသူတို့မွေးထားတဲ့သားတွေကို ချစ်တာပဲ၊ ချစ်လွန်းလို့မင်းထက်တောင် ကိုယ်ကျိုးစွန့်ပြီး စောင့်ရှောက်ခဲ့ကြတာ၊ မင်းကသွားစော်ကားခဲ့တာကိုး၊ ခုတော့ မင်းအဲ့ဒီအပြစ်တွေမင်းခံစားရတာပဲ၊ စဉ်းစားကြည့်စမ်းပါ၊ ဘယ်သူကမကောင်းဆိုးဝါးလဲလို့၊ ကိုယ်တိုင်ရောမြင်သိရဲ့လား”
ဒေါ်မိမိနိုင် ဦးမင်းခေါင်ရဲ့စကားတွေကြောင့် တွေဝေသွားတော့သည်။ အကြောင်းရာကိစ္စများက သူမဖန်တီးခဲ့သည်တဲ့လား၊ ဒါဆိုရင်တော့ သူမကမကောင်းဆိုးဝါးမကြီးလား၊
By Jin Jar #TBC#

စမ်းရေကြည်ပေါက်(Uni+Zawgyi)              စမ်းရေကြည်ပေါက်(Complete)Where stories live. Discover now