EPISODE 11(Uni+Zawgyi)

576 26 0
                                    

စမ်းရေကြည်ပေါက် 
(Part 11)

မိုးယံတစ်ယောက် ၀သုန်ထွက်သွားသည့်နောက်ကျောကိုကြည့်ကာ ၀မ်းနည်းစွာကျန်ရစ်ခဲ့တော့သည်။ အိမ်ကိုရောက်တော့ ချစ်ဇနီးချိုချိုသည်ဆေးခန်းမသွားသေးပဲ ကိုမိုးကိုဧည့်ခန်းမှာစောင့်နေသည်။“ကိုမိုးဘယ်လိုလဲ မောင်လေး၀သုန်နဲ့တွေ့ခဲ့လား၊ ဘာတဲ့လဲဟင် မောင်လေး၀သုန်နဲ့မဟုတ်ဖ...

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

မိုးယံတစ်ယောက် ၀သုန်ထွက်သွားသည့်နောက်ကျောကိုကြည့်ကာ ၀မ်းနည်းစွာကျန်ရစ်ခဲ့တော့သည်။ အိမ်ကိုရောက်တော့ ချစ်ဇနီးချိုချိုသည်ဆေးခန်းမသွားသေးပဲ ကိုမိုးကိုဧည့်ခန်းမှာစောင့်နေသည်။
“ကိုမိုးဘယ်လိုလဲ မောင်လေး၀သုန်နဲ့တွေ့ခဲ့လား၊ ဘာတဲ့လဲဟင် မောင်လေး၀သုန်နဲ့မဟုတ်ဖူး မဟုတ်လား၊ မောင်လေးဘာပြောလိုက်သေးလဲဟင်၊ မေမေတို့ပြောတာမဟုတ်ဖူးမဟုတ်လား၊ မေမေအထင်မြင်လွဲနေတာမဟုတ်လား”
တရက်စက်မေးလိုက်သည့်ချိုချိုကိုကြည့်င်္ပြီး မိုးယံဘာပြောရမှန်းမသိတော့ပါ။ ချိုချိုခများသည်လဲ စိတ်ကပူပင်သောကရောက်နေသည်။
“ချိုချိုဆေးခန်းမသွားသေးဘူးလား နောက်ကျနေမယ်လေ၊ ကိုယ့်လူနာတွေက ကိုယ့်တို့ကိုအားထားနေရတာကို ချိုချိုသိရဲ့နဲ့ကွယ်”
“အိုကိုမိုးရယ် ချိုချိုဘယ်လိုစိတ်ဖြောင့်ဖြောင့်နဲ့လုပ်နိုင်ရမှာလဲလို့”
“ဟုတ်ပါတယ်လေ”
“ကိုမိုးချိုမေးတာဖြေအုံးလေ၊ မေမေပြောတာမဟုတ်ဘူးနော်”
“ချိုချိုရယ်……မေမေပြောတာတွေဟုတ်တယ်”
“ရှင်”
“ချိုချိုသတိထားလေ”
ချိုချိုကိုမိုးစကားကြားသည်နှင့် ခြေများမခိုင်တော့ပဲ ယိုင်လဲကျတော့သည်။ ကိုမိုးထိန်းပေးထား၍တော်သေးသည်။
“အိုဒုက္ခပါပဲကိုမိုးရယ် ချိုတို့ဘာလုပ်ကြမလဲ”
“ချို”
“ရှင်”
“ကိုမိုးမေးချင်တာတွေရှိတယ်၊ ညီလေး၀သုန်ပြောသွားတာကိုပေါ့”
“ဘာများလဲကိုမိုးရယ်”
“ကိုမိုးတို့မင်္ဂလာဆောင်တော့လေ မင်္ဂလာဖိတ်စာမှာညီလေး၀သုန်နာမည်နဲ့ကြီးမေနာမည်ကို မထည့်တာဟုတ်လား”
“ရှင်”
ချိုချိုမျက်စိမျက်နာပျက်ယွင်းသွားသည်ကို မိုးယံကြည့်နေမိပါတော့သည်။
“နောက်ပြီးတော့ မေမေက ကြီးမေဆီသွားပြီတော့ မင်္ဂလာပွဲမလာဘို့တားလိုက်တယ်ဆို”
ချိုချို ကိုမိုးမေးသည့်မေးခွန်းကို ပြန်ပင်မဖြေနိုင်တော့ပဲ ချုံ့ပွဲချငိုချလိုက်ပါတော့သည်။
“ချိုချို”
“…”
“ချိုချိုမဖြေချင်လဲနေပါစေတော့ ကိုမိုးသိလိုက်ပါပြီး၊ ချိုချိုကရောမေမေလိုပဲ စိတ်ထဲမှာ ရှက်ရွံနေလား၊ ကိုမိုးကြီးမေကသာမန်မဟုတ်ပဲ စိတ်ထားတွေကပြောင်းလဲနေတာကို ချိုအနေနဲ့ဘယ်လိုခံစားရလဲ”
“အိုကိုမိုးရယ် ချိုကကြီးမေကို ကိုမိုးလိုပဲ ကြီးမေတစ်ယောက်အမေတစ်ယောက်လို ခင်တွယ်ချစ်နေတဲ့သူပါ၊ ဟုတ်ပါတယ် ချို့မေမေရဲ့တယူသန်ဆွဲနေတဲ့ အကျင့်တွေကိုတော့ ချိုကသမီးတစ်ယောက်အနေနဲ့တော့ မတားနိုင်ခဲ့ဘူး၊ ချို့မေမေလွန်ခဲ့တာတွေကို ချိုသိခဲ့ပါတယ်၊ ဒါပေမယ့် အချိန်တွေနှောင်းမှချိုလဲ သိခွင့်ရခဲ့သူတစ်ယောက်ပါ”
“တောက်…”
“ကိုမိုး…ချိုကိုတော့မမုန်းလိုက်ပါနဲ့နော်၊ ချိုတောင်းပန်ပါတယ်၊ ကိုမိုးကချိုအတွက်တစ်ယောက်တည်းသော သူပါပဲ၊ ချိုကိုတော့မမုန်းပါနဲ့နော်၊ မေမေကိုလည်းခွင့်လွှတ်ပေးပါ၊ ချိုတောင်းပန်ပါတယ်”
“ချိုပဲစဉ်းစားကြည့်လေ ကိုမိုးတို့ကြီးမေကိုဘယ်လောက်ထိရက်စက်ခဲ့ကြလဲလို့”
“အဲဒီတော့မင်းကဘာလုပ်ချင်လို့လဲ”
“ဟင်..မေမေ…မေမေနိုးလာပြီးလာ၊ အိပ်ခန်းထဲပြန်၀င်နေပါနော်..သမီးတောင်ပန်ပါတယ်၊ သမီးတို့အချင်းချင်းပဲဆွေးနွေးပါရစေနော်မေမေ”
“ဘာဖြစ်လို့တောင်ပန်ရမှာလဲ၊ မင်းတို့ဒီလိုမကြောင့်မကျပဲနေနိုင်တာ ငါလုပ်ပေးထားလို့ပဲ၊ မင်းတို့ကကျေးဇူးကမ်းချင်နေကြပြီးလား၊ ဒီမှာသမီး သမီးကိုမေမေပြောခဲ့တယ် ဒီလိုသန္မေမကောင်းတဲ့သူတွေကို သံယောဇဉ်မတွယ်ပါနဲ့၊ လက်မထပ်ပါနဲ့လို့ တားခဲ့တာတောင်မှ ဒီကောင်မှမရရင်သေတော့မည့်အတိုင်း မေမေကိုအတိုက်ခံလုပ်ပြီး လုပ်သွားတာလေ၊ ခုတော့ကြည့်စမ်း သမီးချစ်လှပါကြီးရဲ့ဆိုတဲ့ သန္မေတွေကပေါက်ဖွားလာတဲ့တစ်ယောက်က ခုတော့မေမေတို့မိသားစုကို ဖျက်စီးနေပြီးလေ”
“မေမေ..”
“မေမေရယ်တော်ပါတော့ သမီးတောင်ပန်ပါတယ် သမီးကိုလဲသနားပါအုံး၊ မေမေရက်စက်တာတွေလည်းရပ် ပါတော့၊ သမီးကိုချစ်လို့မေမေဒီလိုလုပ်တာ သမီးသဘောပေါက်ပေမယ့် ကိုမိုးဘက်ကိုလဲထည့်တွက်အုံးလေ မေမေရယ်”
“အိုဘာထည့်တွက်စရာရှိလဲ ဒီလိုအရှက်တရားမရှိတဲ့ ဟာတွေနဲ့မပါက်သက်အောင်ကြိုးစားနေရတာပဲ”
“မေမေတောင်မှ သမီးဖြစ်တဲ့ချိုချိုကိုဒီလောက်ချစ်နေရင်၊ ကျနော်ကိုလည်းကြီးမေဘယ်လောက်ချစ်မယ်ဆိုတာကို စာနာဘို့ကောင်းတယ်”
“ဘာ..ငါ့ကိုများ ဟိုမရောက်ဒီမရောက်နဲ့ခိုင်းနှိုင်ြး့ပီးပြောနေရတယ် သနတယ်ဟဲ့ သနတယ်ဟဲ့”
“ကျနော်တို့ညီအစ်ကိုနှစ်ယောက်ကို ဒီလိုအရွယ်ထိရောက်အောင် ရုန်းကန်လာရတဲ့ကြီးမေရဲ့မေတ္တာတွေကိုတော့ အသိမှတ်ပြုဘို့ကောင်းပါတယ်မေမေ၊ မေမေသာ စိတ်ထဲနားလည်ပြီး စာနာတတ်မယ်ဆိုရင် ကျနော်ညီလေး၀သုန်နဲ့ ညီလေးမင်းခတို့ဒီလိုဖြစ်လာစရာ အကြောင်းမရှိဘူး”
“အဲ့ဒီနာမည်ကိုမကြားချင်ဘူး၊ အေးမကျေနပ်ရင် နင်လည်းငါ့အိမ်ပေါ်ကဆင်းသွား၊ ခုဆင်းသွား”
“မေမေ…”
“တော်…ညည်းပါးစပ်ပိတ်ထား၊ ငါသည်းခံနိုင်တဲ့အားတွေကုန်သွားပြီး၊ ငါ့သားနဲ့သမီးကိုတော့လာမထိကြနဲ့ အသက်နဲ့လဲပစ်လိုက်မယ်”
မိုးယံတစ်ယောက် ချိုချိုကိုတစ်ချက်ကြည့်ကာ၊ ဒေါ်မိမိနိုင်ကိုကန်တော့လိုက်သည်။ ဒေါ်မိမိနိုင်ကန်တော့ မခံတော့ပဲထလိုက်သည်။ ချိုချိုကတော့မိခင်နှင့်ခင်ပွန်အကြားတွင်သောကရောက်ကာ ငိုကြွေးနေမိတော့သည်။
ဖြန်း….ဖြန်း…ဖြန်း..
“နင်တော်တော်ရက်စက်ပါလား ၀သုန်…..နင်တော်တော်ရက်စက်ပါလား”
“အိုတော်ပါတော့လှလှရယ် ကလေးကိုအဲလောက်တောင်ထုရိုက်နေရလား”
လှလှသည်၀သုန်ကို ကျောနောက်ကနေပြီး ထုရိုက်နေပါတော့သည်။ မျက်ရည်များလဲ ထွက်ကျနေပါတော့သည်။ ၀သုန်ကတော့ ဘာမှမပြောပါ၊ ကြီးမေစိတ်ကျေနပ်စေရန် ထိုင်ကာ ထုရိုက်ခံနေပါတော့သည်။ မမပိုင်နှင့် ခိုင်ခိုင်ခများ မနေသာတော့ပဲ လှလှကို၀ိုင်းဆွဲနေရပါတော့သည်။
“ဟင်….ပြောစမ်းပါ ဒီပါးစပ်ကြီးကခုတော့ဘာလို့ငြိမ်နေတာလဲ၊ ပြောစမ်းပါအုံး၊ နင်ကိုကျွေးမွေးထားလို့ ငါလိုအခြောက်တစ်ယောက်ကို ဒီလိုကျေးဇူးတွေနဲ့ဆပ်လိုက်တာလား”
“ကြီးမေ”
“မခေါ်နဲ့….ငါ့ကိုကြီးမေလို့မခေါ်နဲ့…..နင့်ကြောင့် အများတကာရဲ့ကဲ့ရဲ့ရှုံချမှု့ကိုလူပုံကြားထဲခံခဲ့ရပြီပြီး၊ အများတကာမှ ငါ့ကိုအကောင်းမမြင်ကြတာကို လုပ်ပြလိုက်တာပေ့ါလေ၊ နင်ကိုသင်ထားတဲ့ပညာတွေက ဒီလိုလုပ်ဘို့လား၊ ဟုတ်တယ်လှလှဆိုတဲ့ကျုပ်က အဆိပ်ပင်ကိုမှရေလောင်းမိတာကို”
“ကြီးမေရယ် ဒီလိုတော့မပြောပါနဲ့”
“ဒီထက်တောင်ပြောရအုံးမယ်၊ ဟုတ်တာပေါ့လေ၊ ကျုပ်လိုအဆင့်တန်းမရှိတဲ့ အခြောက်တစ်ယောက်က မွေးထားတဲ့သားက ဒီလိုအဆင့်တန်းမရှိလုပ်တာမဆန်းပါဘူးလေ”
“အိုလှလှ”
“လှလှရယ်ကလေးစိတ်မကောင်းအောင်ဒီလိုမပြောပါနဲ့”
“ကြီးမေ….ကြီးမေကျနော်ကိုမွေးထားလို့နောင်တရနေတာလား”
“ဟုတ်တယ် နောင်တရတယ်၊ နင်တို့တွေကိုမွေးလာလို့ ငါနောင်တရတယ်ဟဲ့”
“ကြီးမေရယ်သားကိုဒီလိုတော့မပြောပါနဲ့၊ သားကကြီးမေကိုချစ်လွန်းလို့ပါ၊ ချစ်လွန်းလို့ကြီးမေကိုစော်ကားတဲ့သူမှန်သမျှကို ကျနော်တတ်နိုင်သလောက်တော့ ပညာပေးရမှာပဲ”
“တော်စမ်းပါ၊ လှလှဆိုတဲ့တစ်ယောက်ကို ဘယ်သူပဲစော်ကား စော်ကား လှလှဖြစ်စေချင်ခဲ့တာက သားလိမ္မာလေးတွေ၊ အခြောက်တစ်ယောက်က မွေးလာတဲ့သားလိမ္မာတွေကို လူပုံအလယ်မှာ မော်ကြွားစွာ ပြောချင်ခဲ့တာ၊ လူလောကကြီးထဲမှာ ငါတို့လိုအခြောက်တစ်ယောက်ကို အထင်သေးမြင်သေးလုပ်နေကြတဲ့ လူတွေကိုပြသခဲ့ချင်တာ၊ ဟားဟား…ဟားဟား….ခုတော့မော်ကြွားချင်စရာကောင်းပုံများကတော့၊ ကြည့်ကြစမ်းပါအုံး သားလိမ္မာလေးတွေလုပ်သွားကြပုံများ ကျမလိုလှလှတစ်ယောက်ကို အခြောက်ကြီးတစ်ယောက်ကို လူတိုင်းကလက်ညိုးငေါက်ငေါက်ထိုးပြီးတော့ အခြောက်မတစ်ယောက်ရဲ့ သားတွေကလေး ပိုင်းလုံးလုပ်လိုက်ပုံများ အခြောက်မအတိုင်းပဲလို့”
“ကြီးမေ….ကြီးမေရယ်တော်ပါတော့ သားတောင်းပန်ပါတယ်၊ သားဒီလိုရည်ရွယ်တာမဟုတ်ပါဘူး၊ သားကိုတော့အဲလိုမပြောပါနဲ့နော်၊ သားတောင်ပန်ပါတယ်”
“ငါကိုကြီးမေလို့လာမခေါ်နဲ့”
လှလှတစ်ယောက် စိတ်ထိခိုက်ကာ အိမ်ထဲ၀င်သွားပါတော့သည်။ မမပိုင်နှင့်ခိုင်ခိုင်မှာတော့ လှလှကိုလည်းသနား၊ ၀သုန်လေးကိုလဲသနားကာ မျက်ရည်များဖြင့်ရှိနေကြပါတော့သည်။
“သားကို အဲဒီလိုတော့မပြောပါနဲ့ကြီးမေရယ်……သားကိုအဲလိုတော့မပြောပါနဲ့နော်”
၀သုန်တစ်ယောက် ၀မ်းနည်းစွာငိုကြွေးနေပါတော့သည်။
“ကြီးမေရေ ညီလေး၀သုန်”
“ဟယ် မိုးယံ”
“မိုးယံပါလား…..ဘာ…ဘာဖြစ်လာလို့လည်းဟင်….ဘာတွေဖြစ်နေလာလို့..လဲ”
၀သုန်ကတော့ မျက်ရည်တွေကြားထဲက ကိုကိုမိုးယံကိုစိမ်းကားစွာ ကြည့်နေမိပါတော့သည်။
“သား..ချိုချိုတို့အိမ်ပေါ်ကနေဆင်းလာခဲ့တာ”
“ဘာ….”
“ဘယ်လို”
မိုးယံစကားကြောင့်လှလှတစ်ယောက် အိမ်ထဲမှပြေးထွက်လာပါတော့သည်။
“ဘာပြောတယ်…..မင်းတို့တွေ ကြီးမေကို နှိပ်စက်နေကြတာ မရပ်ကြသေးဘူးလာ”
“ကြီးမေ….
“သွားခုချက်ချင်းပြန်သွား ခုချက်ချင်းပြန်သွား သွားကြ”
“ကြီးမေ”
“လှလှ ဘယ်လိုပြောလိုက်တာလဲ သွားတော့အခန်းထဲပြန်၀င်တော့ မမပိုင်ကြည့်လုပ်ပါမယ်အေနော် လှလှလဲပင်ပန်းနေပြီး သွားနားတော့သွား”
“မမပိုင်ရယ် ကြည့်ကြပါအုံး လှလှကိုလေ လှလှသေသာလိုက်ချင်တော့တယ်၊ အငယ်ကတစ်မျိုး အကြီးကတစ်မျိုး လှလှကိုနှိပ်စက်နေကြတာ၊ လှလှကိုဘယ်သူမှမသနားကြဘူး သူတို့စိတ်ကြိုက်လုပ်နေကြတာ လှလှဘယ်လိုနေရမှာလဲမမပိုင်ရယ်”
“လှလှရယ် တိတ်ပါကွယ် မမပိုင်လဲလှလှနဲ့ထက်တူခံစားရတာပါကွယ်နော်၊ လှလှသွားနားတော့”
မိုးယံတစ်ယောက် ကလေးတစ်ယောက်လို ငိုနေပါတော့သည်။ သူကြောင့်ကြီးမေစိတ်ထိခိုက်ရပြီး၊ သူမကောင်းလို့ ခုလိုကြီးမေခံစားရသည်။ ညီလေး၀သုန်ကိုလဲ အပြစ်မတင်ရက်တော့ပါ၊ အကြောင်းရာများက သူကြောင့်သာစခဲ့ကြသည်မဟုတ်လား၊ သူတို့လေးတွေအေးချမ်းစွာ နေထိုင်ကြသည့် ဘ၀ထဲကို အချစ်ဆိုသည့် ကျောက်ခဲလေးက ဂယက်ထကာ လှုပ်ရမ်းစေခဲ့သည်။ ထိုကျောက်ခဲလေးကို သူကိုယ်တိုင်ပစ်သွင်းခဲ့သည်မဟုတ်လား။
“ကြီးမေရယ်သားကြောင့်ပါ သားကြောင့်ပါ ခုလိုတွေဖြစ်လာတာ သားမီးမွှေးလိုက်လို့ သားအနေထိုင်မတတ်ခဲ့လို့ ကြီးမေရယ် သေသင့်တာက သားပါ”
မိုးယံတစ်ယောက် တိုင်ဖြင့်ခေါင်းကို ပြေးတိုက်ပါတော့သည်။
“အမလေး…သား…..”
“မိုးယံ….”
“ကိုကို”
“သားမိုးယံ”
“မလုပ်ပါနဲ့…သားမိုးယံရယ်”
အားလုံးက ဝုိင်းဆွဲကြသည်။ လှလှသည်လဲ သားဇောဖြင့် ပြေးကာမိုးယံကို ပြေးဖက်ပါတော့သည်။ မိုးယံကတော့ ခေါင်းမှသွေးများဆီးကျသွားပါတော့သည်။
“ကိုကိုအပြစ်မဟုတ်ပါဘူးကိုကိုရယ် ညီလေးအပြစ်ပါ၊ ညီလေးသာ တည်ငြိမ်နေတဲ့ကိုကိုတို့ ကြီးမေတို့ကို စိတ်ပျက်အောင်လုပ်ခဲ့တာပါ၊ ညီလေးကိုသာရိုက်ပါကိုကိုရယ် ကြီးမေရယ် သားကိုပဲရိုက်ပါဗျာ၊ သားကဆန်ကုန်မြေလေပါ၊ ဘာမှအဖိုးမထိုက်တဲ့သူတစ်ယောက်ပါ”
“တော်ကြပါတော့ကွယ် တော်ကြပါတော့ မင်းတို့လေးတွေလုပ်နေတာကလေ မင်းတို့ကြီးမေကိုသတ်နေသလိုပဲ လေးခိုင်တို့မှာ မင်းတို့ကိုကြည့်ပြီး ဘယ်လိုမှကို နေလို့မကောင်းကြတော့ဘူး၊ မင်းတို့လေးတွေ မင်းတို့ကြီးမေကိုချစ်ကြရင် တစ်ယောက်ကို တစ်ယောက်နှိပ်စက်တာတွေရပ်ကြပါတော့၊ မင်းတို့ကြီးမေကို ကြည့်ကြပါအုံးကွယ်”
“သားလေးတို့ သားလေးတို့ရယ်၊ ကြီးမေကိုသနားကြပါအုံးကွယ်…….”
တူ၀ရီးသုံးယောက်မှာ ဖတ်ကာငိုနေကြသည်။ ကြည့်နေကြသည့် မမပိုင်နှင့်ခိုင်ခိုင်မှာတော့ ၀မ်းနည်းစွာ စိတ်မကောင်းစွာ ကြည့်နေမိကြပါတော့သည်။ သူတို့မျက်စိအောက်မှာ ကြီးလာကြသည့် ဒီသားလေးနှစ်ယောက်သည် လှလှ၏သားများဟုသာအမည်တွင်ပေမယ့် သူတို့ရဲ့သားလေးတွေပါပဲ၊ သူတို့ရဲ့သံယောဇဉ်ကလေးတွေပဲမဟုတ်လား။
လှလှကိုချော့မော့ရင်းက မမပိုင်နှင့်ခိုင်ခိုင်တို့ လှလှအခန်းတွင်လှလှကိုနားစေပြီး စိတ်မချ၍ လှလှအနားတွင်ရှိကာ အားပေးနေကြပါသည်။ လှလှမှာလဲ ငိုနေသည်မှာမရပ်တော့ပါ။
ညီအကိုနှစ်ယောက် ငူငူကြီးဖြင့် ခြံထဲထိုင်ကာနေကြသည်။ ကြီးမေကတော့ အခန်းထဲတွင်ရှိနေပါသည်။
“ညီလေး”
“ဗျာ”
“ကိုကို ကိုယ်မုန်းနေတာလား”
“မမုန်းပါဘူး ကိုကိုလဲ အကြောင်းစုံသိခဲ့တာမှမဟုတ်ပဲ”
“ကျေးဇူးပါပဲ ညီလေးရယ်၊ ညီလေးက ကားဂိတ်မှာတုံးက ကိုကိုဆိုတာမရှိဘူးလို့ပြောလိုက်တော့လေ၊ ကိုကိုနှလုံးသားကိုညှစ်လိုက်သလိုပဲခံစားရတယ်”
“ကိုကိုရယ် ကျနော်တောင်ပန်ပါတယ်၊ အဲဒီတုံးက ကျနော်ရိုင်းသွားတာကို ရှစ်ခိုးပြီးတောင်ပန်ပါတယ်”
“ရပါတယ်ညီလေးရယ်၊ ညီလေးနေရာမှာ ကိုကိုသာဆိုခဲ့လျှင်လေ ညီလေးထက်ဆိုးချင်ဆိုးနေနိုင်ပါတယ်”
“မဟုတ်တာ ကိုကိုက ငယ်ငယ်ကတည်းက ကြီးမေအပေါ်ကိုသိတတ်ခဲ့တာ၊ ကျနော်ကသာလေ ကြီးမေကို ငယ်ငယ်ကတည်းက ဆိုးနေတာ ခုထိတိုင်ပဲ၊ ကျနော်နောင်တတော့ရတယ် ကျနော်ဆိုးတာကို ကြီးမေခံစားနေရလို့ပါ”
လှလှမှာသားနှစ်ယောက်ပြောဆိုနေသည့်စကားများကို ကြားနေရသည်။ စိတ်ထဲမကောင်းဖြစ်လိုက်လေခြင်း၊ မိမိတစ်ခါမှနောင်တမရသော ဒီအခြောက်ဘ၀ကို သားတို့နှစ်ယောက်ကြောင့် စိတ်ထဲမှာနောင်တများစွာရှိလာတော့သည်။ မိမိသာ သာမာန်လူတစ်ယောက်ဖြစ်နေခဲ့မည်ဆိုလျှင်ဆိုသည့် အတွေးများ၀င်လာမိတော့သည်။ ထိုအရာသည် လှလှတစ်ယောက်သည် မိဘကဲ့သို့ချစ်သော သားတွေကြောင့် ဖြစ်ပေါ်လာသော ပထမဦးဆုံးသော နောင်တဖြစ်နေပါတော့သည်။
“ဒေါက်တာမိုးယံ ဒေါက်တာမိုးယံ”
ထိုအချိန်တွင် ခြံပေါက်မှ လာခေါ်သော လူတစ်ယောက်အသံကို အခန်းတွင်မှလှလှတို့ကြားလိုက်ရသည်။
“ဟုတ်ကဲ့ကျနော် မိုးယံပါ”
“ဒေါက်တာ ဇနီးမူးလဲလို့ အဲ့ဒါလာခေါ်တာ”
“ဗျာ…ဒါနဲ့ခင်များကဘယ်သူလဲ”
“ကျနော်နာမည် ကျော်မောင်းပါ မန်းကပါ၊ ဒေါ်မိမိနိူင်ကိုလိုက်ပို့တဲ့ တစ်ယောက်ပါ၊ ဒေါက်တာအိမ်ကထွက်သွားတော့ ဒေါ်မိမိနိုင်သမီးမူးလဲသွားတာ ခုထိသတိမရလို့ ဒေါ်မိမိနိုင်ကခေါ်ခိုင်းလိုက်လို့ပါ”
ကြားကြားခြင်း မိုးယံတစ်ယောက် စောက်တည်ရာမရ ပူပန်သွားသည်။ သို့သော်ဒေါ်မိမိနိုင်ဆိုသည့် အသံကြားလိုက်တော့ စိတ်ကပျက်သွားမိတော့သည်။
“ဒေါ်မိမိနိူင် ဒီလောက်ပိုက်ဆံချမ်းသာနေတာ တစ်ခြားဆရာ၀န်တွေခေါ်ပါလေစေဗျာ၊ ကျနော်တော့မလိုက်ဘူး”
မိုးယံဖြေလိုက်သောအသံကြားတော့ လှလှတစ်ယောက်ထထွက်ခဲ့ပါတော့သည်။ မမပိုင်နှင့်ခိုင်ခိုင်မှာလဲ စိုးရီမ်စွာ လှလှဘေးတွင်ပါလာတော့သည်။
“သားကြီးမိုးယံ”
“ဗျာကြီးမေ”
“ကြီးမေရဲ့သားဖြစ်ရလို့ သားကြီးစိတ်ဆင်းရဲနေလား”
“ဟာ….အဲလိုတော့မပြောပါနဲ့ကြီးမေရယ် ကြီးမေသားဖြစ်ရလို့ သားဂုဏ်ယူနေတဲ့သူတစ်ယောက်ပါ”
“ဒါဆိုသားက လှလှဆိုတဲ့အခြောက်ကြီးတစ်ယောက်ရဲ့သားဆိုတာ ဂုဏ်ယူတယ်ဆိုရင်လေ၊ သားရဲ့မေတ္တာတွေကိုပက်ဖြန်းလိုက်ပါသားကြီးရယ်၊ သားကြီးလိုက်သွားလိုက်ပါ၊ လှလှသားကြီးက အမုန်းတွေမရှိတဲ့ လူသားဆရာ၀န်တစ်ယောက်အဖြင့် ကြီးမေကြည့်ချင်တယ်”
မိုးယံသည် လှလှပြောလိုက်သောစကားများကြောင့် ၀မ်းနည်းစွာမျက်ရည်များကျမိတော့သည်။ ထိုနောက် ကြီးမေကိုကန်တော့ပြီးမှ လိုက်သွားတော့သည်။
“သားချက်ခြင်းပြန်လာခဲ့ပါ့မယ်၊ ညီလေး ကြီးမေကိုဂရုစိုက်လိုက်နော်”
“ဟုတ်ကဲ့ကိုကို”
“ချိုသက်သာလား”
“ကိုမိုးရယ် ချိုသက်သာပါတယ်၊ ကိုမိုးသာချိုဘေးမှာရှိနေရင်း ချိုအင်းအားတွေပြည့်ပြီးသက်သာပါတယ်”
ဒေါ်မိမိနိုင်မှာသမီးချိုချိုမူးမေ့လဲသွားတော့ ခြေမကိုင်မိလက်မကိုင်မိဖြစ်ကာ ပျာယာခတ်သွားခဲ့သည်။ ထိုနောက် ကိုကျော်မောင်းကို မိုးယံရဲ့လိပ်စာပြောပြီးသွားရှားခိုင်းခဲ့သည်။ ကိုကျော်မောင်းကလဲ တစ်စိမ်းနယ်မြေဖြစ်နေသည့်အတွက် လမ်းကပျောက်ပြီး၊ ခရီးကြန့်ကြာသွားခဲ့သည်။ သားမိုးယံတို့ရောက်လာတော့ သမီးချိုက သတိပြန်လည်လာသည်။ မိုးယံဘေးမှာ ဒေါ်မိမိနိူင်ကတော့ ငိုရင်း သမီးကိုကယ်ပါအုံးသားရယ် လို့တစ်ဖွဖွပြောနေမိပါတော့သည်။
“ချို..အစားသောဆင်ခြင်တော့နော်”
“သားမိုးယံ သမီးကဘာဖြစ်သွားတာလဲ မေမေကြောင့်စိတ်ဆင်းရဲပြီးမေ့လဲသွားတာလား”
“မေမေ ချိုဆီမှာ မေမေ့မြေးလေးလွယ်ထားပြီး”
“ဟင်…..”
မြေးလေးဆိုသည့်အသံကြားလိုက်တော့ ဒေါ်မိမိနိုင်ရင်ထဲကြည်နူးမူ့လှိုင်းလေးဖြတ်သန်းသွားတော့သည်။ အေးချမ်းသည့်ရင်ကို ဘာနဲ့မှလဲယူလို့မရတော့၊ ဒေါ်မိမိနိုင်၀မ်းသာလုံးဆို့ကာပျော်ရွှင်သွားရပါတော့သည်။
“ဒီကိုလာဘို့ကို ကျနော်ကိုယ်တိုင်ကမလာခဲ့ချင်ပေမယ့် မေမေမုန်းနေတဲ့ ကြီးမေက ကျနော်မလာရင်၊ သားအဖြစ်လို့မသတ်မှတ်နိုင်အောင် ပြောလိုက်လို့ကျနော်လိုက်လာခဲ့ရတာပါ၊ ကျနော်ကြီးမေမှာလေး သူအားနည်းချက်တွေရှိနေပေမယ့် လူသားတစ်ယောက်လိုနေထိုင်ဖို့တော့ ကျနော်တို့ညီအကို ကိုးအမြဲဆိုဆုံးမနေခဲ့တာပါ၊ ကျနော်ဟာ ကြီးမေရဲ့သားဖြစ်ရလို့ဘယ်တော့မှ နောင်တရမည့်လူမဟုတ်ပါဘူး မေမေ၊ ချိုလည်းကိုမိုးကိုနားလည်ပေးပါ၊ ကိုတို့တွေ ကြီးမေကိုအနာတရဖြစ်စေခဲ့တဲ့ အကြောင်းတွေရှိခဲ့ကြပေမယ့် ကြီးမေကလေ မေမေကိုမုန်းမည့်စကားလေးတောင် မစခဲ့ပါဘူး၊ ဒါကြောင့်ကိုမိုးဒီနေ့တော့ ကြီးမေဆီကိုပြန်သွားရမယ်ချိုရယ်”
ဒေါ်မိမိနိုင် သမီးရှေ့တွင်ဖြစ်နေသည်ကတစ်ကြောင်း၊ လက်တလော သမီးကကိုယ်၀န်သည်မိခင်တစ်ယောက် ဖြစ်တော့မည်အတွက်ကတစ်ကြောင်းကြောင့်၊ မိုးယံကိုထက်ပြီး ဘာမှစောတက မတက်ပဲမကျေနပ်စွာကြည့်ကာနေမိပါတော့သည်။
“မေမေ”
“ပြောလေသမီး”
“မေမေသမီးတို့ကိုခွင့်ပြုပါနော် ကြီးမေဆီသမီးတို့သွားမှာကို”
“သမီးတို့ဟုတ်လား”
“သမီးလဲကိုမိုးနဲ့လိုက်သွားချင်တယ်၊ ပြီးတော့ သမီးတို့ပစ်ထားခဲ့တဲ့ ကြီးမေကိုပြုစုချင်လို့ပါမေမေ”
“အို…..မေမေကတော့….”
“မေမေ….ကိုမိုးကိုခုချိန်ထိနားလည်မပေးနိုင်သေးဘူးလား၊ သမီးတို့တွေ နလည်ဖို့သင့်နေပြီးမေမေရယ်”
“အေးပါတော် ပြောမရလဲသွားကြ၊ ငါတစ်ယောက်တည်းထားသွားကြ”
“သမီးတို့အပြီးသွားတာမှမဟုတ်တာမေမေရယ်”
ဒေါ်မိမိနိုင်မပြောတော့ပါ၊ သူမပြောနေရင် သူမအဆိုးပဲဖြစ်နေတော့မည်။ ထိုကြောင့်အခန်းထဲမှထထွက်ခဲ့ပါတော့သည်။
“လှလှ”
“ပြောလေ မမပိုင်ရယ်”
အိပ်ယာတွင်လှဲနေသောလှလှကို မမပိုင်လာခေါ်ခြင်းဖြစ်ပါသည်။ ယခုချိန်ထိ၀သုန်ကို လှလှစကားမပြောတော့ပါ။ ထိုကြောင့်၀သုန်သည်လဲ ဧည့်ခန်းထဲတွင်ထိုင်က ကြီးမေသက်သာလို့ တစ်မေးတည်းမေးနေပါတော့သည်။ မိုးယံထွက်သွားသည်နှင့် လှလှအခန်းထဲက အပြင်မထွက်တော့ပါ၊ ခိုင်ခိုင်နှင့်မမပိုင်ကတော့ သားငယ်၀သုန်ကိုချော့မော့ရ၊ လှလှကိုကြည့်ရနှင့် သူတို့မှာလည်းမောပန်းနေပါတော့သည်။
ညနေချိန်ရောက်မှ မမပိုင်သည်လှလှအခန်းထဲ၀င်လာခဲ့ခြင်းဖြစ်ပါသည်။
“အပြင်မှာသားကြီးမိုးယံတို့ပြန်ရောက်နေပြီး ဟုတ်တယ် သမီးလေးချိုချိုလဲပါတယ်၊ ထွက်တွေ့လိုက်ပါအုံးနော်”
“ဟင်”
ဘာတွေဖြစ်ကြအုံးမည်နည်း။ လှလှကိုဘာတွေနှိပ်စက်ကြအုံးမည်နည်း၊ လှလှကိုယ်တိုင် စိတ်ပျက်နေမိပါတော့သည်။
ကြီးမေကိုတွေ့သည်နှင့် ချိုချိုတစ်ယောက် ကျုံ့ကျုံ့လေးထိုင်ပြီးကန်တော့လိုက်ပါတော့သည်။
“သမီးကြီးမေကိုကန်တော့ပါတယ်၊ သမီးမှားခဲ့တာတွေကိုခွင့်လွှတ်ပေးပါလို့တောင်ပန်ပါတယ်”
“အိုမဟုတ်တာသမီးရယ် သမီးကဘာအမှားမှမလုပ်ခဲ့ပါဘူးသမီးရယ်၊ ထတော့နော် ကြီးမေကအားလုံးကို ခွင့်လွှတ်ပြီးသားပါကွယ်၊ ကြီးမေကိုမမုန်းရင်ပဲ ကြီးမေကကျေနပ်နေပါတယ်”
“ကြီးမေရယ်…..သမီးကဘာမှမလုပ်ခဲ့ပေမယ့် သမီးကြောင့်ခုလိုဖြစ်သွားကြတာလေ”
“အို….ချိုချိုသမီး စိတ်မကောင်းအောင် မပြောတော့နော်၊ သမီးရဲ့ကြီးမေက ဘာမှမဖြစ်ပါဘူးကွယ်”
မမပိုင်ကြားက၀င်ထိန်လိုက်ရတော့သည်။ စကားတွေကိုမဖြတ်ရင် ဒီလမ်းကြောင်းကထွက်ခွာကြတော့မည် မဟုတ်တော့ချေ။ အခြေအနေကို ကြည့်ကာလုပ်နေရပါတော့သည်။
“ကြီးမေ”
“ပြောပါသားကြီး”
“ကြီးမေလေ မြေးချီရတော့မယ်”
“ဟယ်…..တကယ်…အိုလာစမ်းပါအုံးသမီးရယ် ဘယ်နှစ်လရှိပြီးလဲ ပြောပါအုံး၊ ဒီသားကြီးကလဲ သတင်းကောင်းကိုစောစောစီးစီးမပြောဘူး”
“သားလည်းခုမှသိတာပါ”
လှလှအိမ်လေးသည်ပျော်ရွှင်သွားတော့သည်။ အစောကပိုင်းစိတ်ညစ်တာတွေပျောက်ကုန်တော့သည်။ ချိုချိုဗိုက်ထဲက ကလေးသည် နှစ်အိမ်ဆောင်ကို အေးမြစွာခေါ်ဆောင်သွားကြတော့သည်။ ရာသီဥတုသည်လဲ သာယာသွားတော့သည်။
၀သုန်စိတ်ညစ်စွာ အိမ်အောက်ရှိခြံလေးထဲက ကွပ်ပစ်လေးတွင်ထိုင်နေသည်။ ထိုအချိန် ၀သုန်အနားသို့ မမချိုရောက်လာသည်။ ကိုကိုကတော့ ကြီးမေကို ဆေးစစ်မှု့များပြုလုပ်ပေးနေသည်။ လေးပိုင်နှင့်လေးခိုင်ကတော့ မောပန်းစွာအိမ်မှပြန်သွားတော့သည်။ ညအချိန်ခါက ၉နာရီကျော်နေပြီးဖြစ်သည်။
“မောင်လေး”
“အော်မမချိုလာလေ”
၀သုန်ဘေးတွင် မမချို၀င်ထိုင်လိုက်သည်။
“ဒီနေ့မမချိုတို့ဆေးခန်းမထိုင်ဖြစ်ကြဘူးပေါ့”
“အော်ဟုတ်သား မောင်လေးပြောမှသတိရတယ်၊ တစ်ရက်တစ်လေပေါ့လေ၊ မနက်ကျရင်တော့ ဆေးခန်းသွားမယ်လေ၊ ညကျရင်တော့ အိမ်ပြန်လာမယ်”
“ဒီအိမ်ကိုလား”
“ဟုတ်တယ်မောင်လေး”
“အော်”
“ဘာဖြစ်လို့လဲ မမတို့လာတာမကြိုက်လို့လား”
“မဟုတ်ပါဘူး မမချိုရယ် ခုလိုလေနေကြတော့လေ၊ ကျနော်ရင်ထဲမှာကြည်းနူးနေတာပါ၊ တကယ်ဆိုကျနော်တို့ကြီးမေကလေ တစ်ယောက်တည်းခြောက်သွေ့စွာနေထိုင်နေရတာပါ၊ သူမှာလဲကျနော်တို့ကြောင့် အပျော်ကမ္ဘာထဲက ပျောက်နေရှားတာ”
“မမလဲ ကြီးမေကိုသနားတယ်၊ မမတို့မိသားစုကြောင့် ကြီးမေကိုအပယ်ခံဘဝလေးအဖြင့်ကို ပေးထားကြတယ်လို့မမစိတ်ထဲမှာ တကယ်၀မ်းနည်းမိတယ်”
“…..”
“မမလေ ကြီးမေကိုအရင်လိုပစ်မထားတော့ဘူး ကြီးမေကိုတသက်လုံးစောင့်ရှောက်သွားမယ်”
“ကျေးဇူးတင်ပါတယ်မမချို”
“မောင်လေး”
“ဗျာ”
“မောင်လေးကိုတစ်ခုမေးလို့ရလား”
“ဟုတ်…မင်းခအကြောင်းလား”
“အင်းဆိုပါတော့”
“ကျနော်တို့က သန့်သန့်လေပဲနေခဲ့ကြတာပါ၊ ကျနော်သူ့ကိုငါးစားအဖြင့် အသုံးပြုခဲ့ပေမယ့် သူ့ဘ၀ကိုတော့ ဖျက်စီးလောက်သည့်အထိ မရည်ရွယ်ပါဘူး၊ ဒါကြောင့်လဲ ကျနော်သူ့ကို မဲ့တစ်ပေါက်မစွန်းအထင်မခံပဲ သူနဲ့ပက်သက်ခဲ့တာပါ၊ ကျနော်၀န်ခံပါတယ် ကျနော်နဲ့မင်းခကြားမှာ ဘာမှမရှိပါဘူး၊ မင်းခကတော့ ကျနော်ကိုသံယောဇဉ်ပိုတွယ်တာလာခဲ့တာကတော့ ကျနော်လုပ်ယူထားတာပါ၊ တမင်လုပ်ဇာတ်လေးတွေ ပြုလုပ်ထားတာပါ”
“မမမေးမှာက မောင်လေးက မင်းခကိုခုလိုလုပ်လိုက်တာ မမရဲ့မောင်လေး သိလားလို့”
“သူမသိသေးဘူး၊ သူသိအောင်တော့ ကျနော်ကိုယ်တိုင်ပဲပြောမှာပါ၊ တခြားလူကနေတဆင့် သိရရင်တော့ သူလက်ခံမှာမဟုတ်လောက်ဘူးလေ၊ ဒါကြောင့်ကျနော်ကိုယ်တိုင် သူနဲ့ဖြေးရှင်းမှာပါ”
“နေ့လည်က ကိုမိုးထွက်သွားတော့ မောင်လေးမင်းခလဲဖုန်းဆက်တယ်”
“ဗျာ”
“ဟုတ်တယ် မမကိုအားလုံးရင်ဖွင့်သွားတယ်၊ မေမေကိုလည်းကြည့်ထိန်းပေးပါတဲ့လေ၊ မမမှာတော့ ခေါင်းတွေရှုပ်ကုန်တော့တာပေါ့၊ မမမောင်လေး အကြောင်းမမသိတာပေါ့ သူကတော့မဟုတ်ပဲ ဘာမှပြောတာမဟုတ်ဘူးလေ၊ သူ့စိတ်ထဲမှာမောင်လေး ၀သုန်ကိုတော်တော်စွဲလမ်းနေတယ်”
“ဒါတွေက ကျနော်အမှားတွေပါ၊ တကယ်တော့ ကျနော်က နုနယ်သေးတဲ့ မင်းခရဲ့အသဲတံခါးကိုမှ သွားစောင့်ပြီးဖွင့်ခဲ့တာကိုး၊ သူအတွက်တော့ ကျနော်စိတ်မကောင်းဘူး၊ မမလဲကျနော်ကို စိတ်ဆိုးသင့်ပါတယ်”
“မမကတော့ လူကြီးတစ်ယောက်အနေနဲ့ပဲပြောချင်တာပေါ့၊ မောင်လေးတို့နှစ်ယောက်လုံးက မမရဲ့မောင်လေးတွေပါပဲ၊ မမ ၀သုန်ကိုတော့တစ်ခုမှာချင်တယ်၊ မောင်လေးမင်းခကိုလေ တက်နိုင်သလောက် ဖေးမပေးပါကွယ်၊ သူကအချစ်ဆိုတဲ့အကြောင်းကို အရူးမူးဖြစ်နေပြီး”
၀သုန်ခေါင်းငိုက်စိုက်သွားပါတော့သည်။ အော်မိမိပြုသည့်အမှု့မိမိဆိတန်းတန်းကြီးပြန်ရောက်လာပါတော့မည်။ မိမိမည်သို့လုပ်ကိုင်ရမည်နည်း၊ မင်းခကိုသူမမုန်းပါ၊ ထိုကြောင့်မင်းခ ခံစားရမည့်အကြောင်းများလဲ သူမလိုလားပါ၊ ထိုအတွက်ကြောင့် သူအကောင်းဆုံးလုပ်ဆောင်ရတော့မည်ဟုသာ တွက်ထားလိုက်ပါတော့သည်။
By Jin Jar #TBC#

စမ်းရေကြည်ပေါက်(Uni+Zawgyi)              စမ်းရေကြည်ပေါက်(Complete)Where stories live. Discover now