EPISODE 13(Uni+Zawgyi)

564 24 0
                                    

စမ်းရေကြည်ပေါက် 
(Part 13)

အော် …ရှင်လိုတော့ ဘုရားတရားအေးအေးဆေးဆေးမလုပ်နိုင်ဘူးတော်ရေ၊ ကျုပ်မှာသားနဲ့ သမီးနဲ့ရှိသေးတယ်၊ ဒီသားတွေသမီးတွေအတွက်ပူပန်နေရတာ၊ ရှင်ကတော့ ဘာပူပန်မှု့မျုိုးမှမရှိတာ”“မင်းကို ငါမပြောဘူးလို့ စဉ်းစားထားတာ၊ ခုတော့မင်းက မင်းသားတစ်ယောက်လုံးခံစားနေရတာတောင်မှ...

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

အော် …ရှင်လိုတော့ ဘုရားတရားအေးအေးဆေးဆေးမလုပ်နိုင်ဘူးတော်ရေ၊ ကျုပ်မှာသားနဲ့ သမီးနဲ့ရှိသေးတယ်၊ ဒီသားတွေသမီးတွေအတွက်ပူပန်နေရတာ၊ ရှင်ကတော့ ဘာပူပန်မှု့မျုိုးမှမရှိတာ”
“မင်းကို ငါမပြောဘူးလို့ စဉ်းစားထားတာ၊ ခုတော့မင်းက မင်းသားတစ်ယောက်လုံးခံစားနေရတာတောင်မှ မောဟတွေကမပျောက်နိုင်သေးဘူး၊ အေးခုတော့ ပြောရတော့မှာပဲ၊ မင်းသားခုလိုဖြစ်တာဘယ်သူက အဲဒီမီးကိုမွှေးခဲ့တာလဲကွ၊ ဘယ်သူက မင်းသမီးခုလိုစိတ်ဆင်းရဲအောင်လုပ်နေတာလဲ၊ မင်းလုပ်ခဲ့တဲ့ အပြစ်တွေက မင်းနားလည်သဘောပေါက်ရဲ့လား၊ မင်းမှာစာနာစိတ်ရောရှိသေးရဲ့လား၊ ကဲပြောစမ်းပါအုံး၊ မင်းလိုပဲ သူတို့လည်းသူတို့မွေးထားတဲ့သားတွေကို ချစ်တာပဲ၊ ချစ်လွန်းလို့မင်းထက်တောင် ကိုယ်ကျိုးစွန့်ပြီး စောင့်ရှောက်ခဲ့ကြတာ၊ မင်းကသွားစော်ကားခဲ့တာကိုး၊ ခုတော့ မင်းအဲ့ဒီအပြစ်တွေမင်းခံစားရတာပဲ၊ စဉ်းစားကြည့်စမ်းပါ၊ ဘယ်သူကမကောင်းဆိုးဝါးလဲလို့၊ ကိုယ်တိုင်ရောမြင်သိရဲ့လား
“မင်းသားသေကောင်ပေါင်လဲဖြစ်တာတောင်မှ မင်းနောင်တမရနိုင်သေးတာ ငါအံ့သြလို့မဆုံးဘူး၊ အေး…တစ်ခုတော့မှာထားပါရဲ့ ငါ့သားတစ်စုံတရာ ဖြစ်လို့ကတော့ ငါ့အဆိုးမဆိုနဲ့”
ဦးမင်ခေါင်စကားမပြောပဲ ခပ်အေးအေးနေတတ်သူက ပြောလိုက်တော့လဲ ဒေါ်မိမိနိုင်ကို ဘာမှလှုပ်လို့မရအောင် ပြောသွားလိုက်ပါတော့သည်။
ချိုချိုသည် မေမေကိုလဲသနားသည်။ ဖေဖေပြောသွားသည့်စကားများက အမှန်တွေဖြစ်သောကြောင့် ချိုချိုလဲဘာမှမပြောနိုင်တော့ပါ။ မျက်ရည်များနှင့် ကျနေသည့် မေမေကိုနှစ်သိမ့်ကာ မောင်လေးအခန်းကို ထွက်လာခဲ့ပါတော့သည်။
“မောင်လေး”
မင်းခသည်မမ၀င်လာသည်ကို မျက်လုံးလေဖွင့်ရုံသာ အသိမှတ်ပြုကာ နေလိုက်သည်။ မင်းခကို ကားဂိတ်တွင်တွေ့တော့ ဆုတ်ပြတ်နေသည့်အနေထားဖြင့် တွေ့ခဲ့ရသည်။ ဘာတွေဖြစ်လို့ ဘာတွေဖြစ်ခဲ့သည်မသိတော့ပါ၊ သူကိုတွေ့ပြီးတော့ အိမ်ကိုခေါ်လာတော့ ဘာမှမစားပဲ နေလိုက်သည်ကတစ်ကြောင်း ကိုယ်ခန္ဒာကလည်း ပင်ပန်းနေသည်ကတစ်ကြောင်း စိတ်ဓတ်တွေက ကျနေသည်ကတစ်ကြောင်းကြောင့် မင်းခနေမကောင်းဖြစ်သွားပါတော့သည်။ ယခုတော့ ဘာကျွေးကျွေးမစားဘူး ကြီးပဲပြောနေပါတော့သည်။ နုတ်ကလည်းကျနော်သေချင်တယ်၊ ကျနော်သေချင်တယ် လို့ကြီးပဲပြောနေပါတော့သည်။
“မောင်လေး…ဆန်ပြုတ်လေးစားရအောင်နော်”
“ကျနော်မစားချင်ဘူး၊ မစားချင်တာကို လာမကျွေးနေပါနဲ့”
“ဘာဖြစ်လို့လဲမောင်လေးရဲ့၊ မောင်လေးကျမ်းမားမှ မောင်လေးလုပ်ချင်တာတွေ ဖြစ်ချင်တာတွေလုပ်ရမှာလေဧ
“ကျနော်ဖြစ်ချင်တာတွေဟုတ်လား…ကျနော်မျှော်လင့်ချက်တွေလည်းကုန်ခမ်းသွားပါပြီး၊ ဘာမှမဖြစ်ချင်တော့ပါဘူး”
“ဘာဖြစ်လို့လဲမောင်လေးရဲ့…ဘာလဲမောင်လေး၀သုန်ကြောင့်လား”
“……”
“မောင်လေး၀သုန်က မောင်လေးကို ချစ်ရှာပါတယ်”
“မချစ်ပါဘူးဗျာ…သူကလက်စားချေချင်လို့လုပ်ခဲ့တာပါ”
“မောင်လေးကိုမမပြောပြမယ်သိလား၊ မောင်လေးရွှေဘိုရောက်တဲ့နေ့မှာ မောင်လေးပျောက်နေတယ်လို့ မေမေဖုန်းဆက်လိုက်တော့လေ၊ ၀သုန်အိမ်ပေါ်ကနေပြီးပြေးဆင်းသွားတယ်၊ မိုးရွာထဲမှာမောင်လေးကို လိုက်ရှာနေတာ၊ သူပြန်မလာလို့ ကိုမိုးကလိုက်ရှာတော့မှလေ ကန်ကြီးဘေးမှာ မေ့လဲနေလို့ ဆေးရုံးကိုတင်လိုက်ရတယ်”
“ဗျာ…”
“ဟုတ်တယ်မောင်လေး…၀သုန်သာ မောင်လေးကိုမချစ်ခဲ့ဘူးဆိုရင် သူအဲလိုလိုက်ရှာပါ့မလားကွယ်၊ ခုလဲသူဆေးရုံးပေါ်မှာလေ၊ ဆေးကုသခံနေရတယ်၊ ခုတော့သက်သာနေပါပြီးကွယ်”
“ကျနော်ကို ကိုကြီးကလိုက်ရှာခဲ့တယ်ဟုတ်လား”
“ဟုတ်တာပေါ့မောင်လေးရယ်…၀သုန်သာ မောင်လေးကို လက်စားချေရုံသက်သက်ဆိုရင် ဒီလိုလိုက်ရှာပါ့မလား”
“ကိုကြီးရယ်….”
မင်းခမျက်ရည်များကျလာပါသည်။ ထိုမျက်ရည်သည် ၀မ်းသာမျက်ရည်ပင်ဖြစ်နေပါမည်။
“ကျနော်ကိုကြီးဆီလိုက်သွားချင်တယ်”
“မောင်လေးရဲ့ကိုကြီးဆီကိုလိုက်သွားချင်တယ်ဆိုရင် မောင်လေးကျမ်မားနေမှဖြစ်မှာပေါ့၊ ဒါကြောင့်မမကပြောတာ မောင်လေးကျမ်းမားနေရင်မောင်လေး လုပ်ချင်တာတွေ လုပ်လို့ရမယ်လို့”
“၀မ်းသာလိုက်တာ မမရယ်၊ ဒါဆိုကျနော်ကျမ်းမားအောင်နေမယ်၊ ကျနော်ကိုအားဆေးတွေတိုက်နော်၊ ခုကျနော်ကိုဆန်ပြုတ်တိုက်မလို့မဟုတ်လား ကျနော်သောက်မယ်လေ”
“အင်း..မောင်လေးကလိမ္မာတယ်”
အချစ်သည် အရာရာကိုပြောင်းလဲစေသည်။ ထိုကြောင့် ချိုချိုသည်လဲ မောင်လေးအချစ်ကို အသိမှတ်ပြုကာ လက်ခံပေးရတော့မည်။ မောင်လေးသည်က အဓိကမဟုတ်လား၊ မောင်လေးကျမ်းမားမှ မေမေတို့ ဖေဖေတို့လဲ စိတ်ချမ်းသာနိုင်မည်လေ၊ ချိုချိုမောင့်လေးကိုတော့ မဆုံးရှုံးချင်ပါ။
အချစ်သည်အရာရာကို အကောင်းတိုင်းဖြစ်စေသည်။ အချစ်သည် အရာရာကိုအစွန်းရောက်စေတတ်သည်။ အချစ်သည် အရာအားလုံးကိုကျော်ဖြတ်စေသည့်အားများရရှိစေသည်။ ထိုအချစ်များနှင့်မင်းခနိုးထလာခဲ့သည်။ မင်းခအားအင်းများပြည့်ဝစေခဲ့သည်။ သူ၏နှလုံးသားကို ယုံကြည်သည်။ သူသည် ကိုကြီးကိုချစ်သည်။ ထိုအတူ ကိုကြီးသည်လဲပဲ သူ့အားချစ်နေမည်ကို ယုံကြည်သည်။ သူကျမ်းမားသန်စွမ်းနေမှဖြစ်မည်။ ဒီအချိန်တွင်သူအားပြတ်ပြီးလဲကျနေခဲ့မည်ဆိုလျှင် အချစ်သည် သူနှင့်ဝေးကွာစွာ ရပ်တည်နေတော့မည်။ ထို့ကြောင့် သူအားများတင်းရမည်။
“ဟဲ့ဟဲ့ ဒါကဘယ်တုံး…လူကနေကောင်းတာတောင် မပျောက်သေးဘူး”
“မေမေ..သားအပြင်သွားချင်လို့”
“မသွားရသေးဘူးလေကွယ် မင်းမမကပြောထားတယ်မဟုတ်လား တစ်ရက်နှစ်ရက်တော့နားရမယ်လေ..”
သားအမိနှစ်ယောက်ပြောနေကြတုံး သမီးချိုချို၀င်လာသည်ကို တွေ့လိုက်ရတော့ ဒေါ်မိမိနိုင် ၀မ်းသာသွားသည်။
“သမီးလာတာနဲ့အတော်ပဲ ဒီမယ်လေ သမီးမောင်လေးက နေဖြင့်ကောင်းကောင်းမသက်သာသေးဘူး အပြင်ထွက်မယ်လုပ်နေတယ်”
“ဟုတ်လားမောင်လေး”
“ဟုတ်တယ် မမ…ကျနော်အိမ်ထဲမှာနေတာ ကြာတော့မနေချင်တော့ဘူး ခဏလေးဖြစ်ဖြစ် အပြင်ထွက်ချင်တယ်”
“အို…မောင်လေးရယ်..မဆိုးရဘူးလေ…မေမေကမောင်လေးကို စိုးရီမ်လို့ပြောတာကို မောင်လေးနားထောင်ရမှာပေါ့၊ မောင်လေးကို မမပြောထားတယ်မဟုတ်လား၊ နှစ်ရက်လောက်တော့ နားရမယ်လို့ ခုမှနေကောင်းခါစရှိသေးတာ၊ မမစကားကိုနားမထောင်ချင်ဘူးလား”
“အာ…မမကလဲ”
“မောင်လေးနော် …မမဒါပဲပြောမယ်၊ ပြီးမှမမစကားနားမထောင်လို့ နောင်တအကြီးကျယ်ရနေမယ်”
မင်းခမျက်နာကိုဆူပုတ်သွားတော့သည်။ ထိုနောက်အခန်းထဲပြန်၀င်လိုက်တော့သည်။
ချိုချိုမောင်လေးကို ဆေးထိုးဆေးတိုက်လုပ်ပြီးမှ ပြန်ထွက်လာတော့သည်။ မေမေကို ဧည့်ခန်းတွင်ထိုင်နေတာ တွေ့လိုက်သဖြင့် မေမေအနားသို့သွားလိုက်သည်။
“သမီး မနက်အစောကြီး ထလာတာလားကွယ့်”
“ဟုတ်တယ်မေမေ ဆေးခန်းမထိုင်ခင်း ဒီကို၀င်လာတာလေ”
“သားကရော”
“ကိုမိုးလည်း သူ့ညီဆီသွားတယ်မေမေ၊ ပြီးမှဆေးခန်းမှာဆုံကြမယ်”
“အော်….ဒါနဲ့..ဟိုကောင်လေးရော ဘယ်လိုနေလဲ”
မေမေလေသံကိုနားထောင်ခြင်းအားဖြင့် မေမေယခင်ကလို မောဟဒေါသတွေ မရှိတော့တာ သိသာလာသည့် အတွက် ချိုချိုကျေနပ်၀မ်းသာမိသည်။
“ဟုတ်မေမေ သူလည်း ဒီနေ့ဆေးရုံးကဆင်းမယ်မေမေ”
“အော်…အေးအေး”
“မေမေ”
“အင်းပြောလေသမီး”
“မောင်လေးကိုလေ မေမေဘယ်လိုသဘောထားလဲဟင်”
“သမီးရယ် မေမေ့သားတွေသမီးတွေ ဘာကြီးပဲဖြစ်နေပါစေ၊ လူဆိုးကြီးတွေပဲဖြစ်နေပါစေ၊ မေမေကတော့ သားတို့သမီးတို့ကို မေမေ့သားတွေသမီးတွေလို့ပဲ သဘောထားတာပေါ့ သမီးရယ်”
“ဒါဆိုရင်လေ ကိုမိုးတို့ကို အမြင်မသေးပါနဲ့နော်…မေမေ”
“အော်..သမီးရယ်”
မေမေသည် ချိုချိုကိုမကြည့်တော့ပဲ အပြင်ကခြံထဲသို့မျက်နာမူကာ စဉ်းစားနေသည့်အတွက် ချိုချိုမေမေကို နုတ်ဆက်ကာ ထွက်လာခဲ့တော့သည်။
ကလင်..ကလောင်..
ဆိုင်တံခါးတွင်ချိတ်ထားသည့် ဘဲလ်သံကြောင့် ဧည့်သည်တစ်ယောက်ရောက်လာသည့် အတွက်ခိုင်ခိုင် နူတ်ဆက်လိုက်သည်။
“မင်္ဂလာပါ..ဘာအကူညီ……..ဟင်….အို…ရှင်ကြီးဘာလာလုပ်ပြန်ပြီးလဲ”
ခိုင်ခိုင်နူတ်ဆက်ကာ လှည့်ကြည့်လိုက်တော့ မထင်မှတ်ထားသည့် ဒေါ်မိမိနိုင်ကို တွေ့သွားသဖြင့် လန့်ဖြတ်သွားသည်ကတော့ အမှန်ပါ၊ ယခုချိန်သည် ဧည့်များကျနေသည့်အတွက် ဆိုင်တွင်တစ်စုံတရာ ဖြစ်ရင်တော့ မလွယ်တော့။
“ဟိုလေ…လှလှနဲ့တွေ့ချင်လို့ပါ”
“ဘာလုပ်အုံးမလို့လဲ လှလှကို”
“မဟုတ်ပါဘူး..ကျမလှလှနဲ့စကားလေး ပြောချင်လို့ပါ”
“မရှိဘူး”
“အော်ဟုတ်လား..သူမလာသေးလို့လား…ဒါမှမဟုတ်ဆိုင်ကို မလာတာလား”
“မသိဘူး”
ခိုင်ခိုင်မျက်နာကို အတင်းမားဆုံးလုပ်ထားလိုက်သည်။ လှလှကိုများစော်ကားမော်ကား လာပြောရင်တော့ ဒီတစ်ခါလှလှခံနိုင်တော့မည်မဟုတ်တော့၊ သေသွားနိုင်သည်။ သားနှစ်ယောက်ကြားဗျားများနေသည့် လှလှကို ဒီလိုဒုက္ခတွေနှင့် မတွေ့စေချင်တော့ပါ။
ထိုအချိန်တွင် လှလှတစ်ယောက် အပြင်ကပြန်လာသည်ကို တိုက်ဆိုင်စွာ တွေ့လိုက်ရပါတော့သည်။ ခိုင်ခိုင်တားချိန်မရလိုက်တော့၊ သူတို့လဲတွေ့သွားကြပြီးဖြစ်သည်။
“ဟိုလေ..ခိုင်ဘာမှမပြောထားဘူးနော်လှလှ၊ လှလှမရှိပါဘူးပြောတာကို ပြန်မသွားပဲရပ်နေတယ်၊ ပြီးတော့ လှလှနဲ့ စကားပြောချင်လို့တဲ့”
လှလှဒေါ်မိမိနိူင်ကို ပြုံးပြလိုက်ပါသည်။ အပြုံးကတော့ ပီပြင်ပါ့မလား လှလှမတွေးချင်တော့ပါ။
လှလှသည်ဒေါ်မိမိနိူင်နှင့် စကားပြောရန် အနီးက အများပြည်သူ ပန်းခြံထဲတွင်သွားထိုင်ကာ စကားပြောလိုက်ပါတော့သည်။
“မမကိုစိတ်တွေဆိုးနေလား လှလှ”
“ရှင်…မဟုတ်တာ လှလှက အမကြီးကိုဘာလို့စိတ်ဆိုးရမှာလဲ”
“လှလှရယ် မမလုပ်ခဲ့တာတွေ၊ အပြုမူတွေက လှလှကိုဘယ်လောက်ထိ စိတ်ထိခိုက်စေတယ်ဆိုတာ မမသဘောပေါက်ပြီးကွယ်”
“လှလှအနေနဲ့ ဒီသားလေးတွေကို ဘယ်လိုထိန်းကျောင်းခဲ့ရတယ် ဘယ်လိုအနစ်နာခံခဲ့ရတယ်ဆိုတာကို မမကိုယ်ချင်းစာနာတတ်လာတယ်၊ ခုလေ မမသားငယ် ရဲ့ခံစားရတာတွေကြည့်ပြီး အမေတစ်ယောက် အနေနဲ့ ဘယ်လိုမှနေလို့မရအောင် ခံစားရတယ်၊ ခုတော့လေ မမလုပ်ခဲ့တဲ့ အပြစ်တွေကြောင့် သားငယ်လေးမှာခံစားနေရှာတယ်၊ အမေတစ်ယောက်အနေနဲ့ဘယ်လိုမှ မကြည့်ရက်နိုင်ဘူးကွယ်”
“အမကြီးရယ်၊ ဒါတွေကလဲ လှလှသားတွေကို မထိန်းနိုင်ခဲ့လို့ ခုလိုဖြစ်ပျက်ခဲ့တာပါ၊ တကယ်တော့လေ လှလှမှာသာ အပြစ်ရှိတာပါ၊ သားငယ်၀သုန်က သူ့ကြီးမေအတွက် ခံစားရတာကို မကြည့်ရက်လို့ဖြစ်ပျက် သွားတာပါ၊ အမှန်တိုင်း၀န်ခံရရင် အမကြီးကို လှလှအားနာမိတယ်၊ လှလှလိုဘ၀မလှတဲ့ အသိုက်ဝုိင်းထဲကို အမကြီးတို့လို အသိုက်ဝိုင်းက လက်မခံနိုင်တာ သဘာ၀ကျပါတယ်၊ အမကြီးဆီမှာ ဘာအပြစ်မှမရှိပါဘူး လှလှကိုယ်ချင်းစာနာနိုင်ပါတယ် အမကြီးရယ်”
“လှလှရယ်…လှလှကိုအမကြီးပြောခဲ့တဲ့ စကားတွေအတွက် အရမ်းလဲရှက်မိပါတယ်ကွယ်၊ လှလှကလေ နာမည်လိုက်အောင် လှပါတယ်ကွယ်”
“အမကြီးရယ် အဲလောက်လည်းမဟုတ်ပါဘူး၊ လှလှတို့ကနိမ့်ကျတဲ့သူတွေလေ၊ လှလှတို့ဘ၀မလှပေမယ့် စိတ်လှအောင်တော့ ကြိုးစားရတာပါပဲ၊ အမကြီးလည်း မိဘတစ်ယောက်ရဲ့ခွန်အားတွေနဲ့ သားသမီးတွေ အပေါ်မှာလှခဲ့တာပါ၊ လှလှမြင်ပါတယ်”
“ကျေးဇူးပါပဲလှလှရယ်….ဒါနဲ့..သားငယ်ရော ဘယ်လိုနေလဲကွယ့်”
“မနေ့ကပဲ ဆေးရုံးကဆင်းခဲ့တယ်၊ ဒါကြောင့်လှလှဆိုင်ပြန်လာထိုင်တာပါ၊ ခုတော့သူလည်းကျမ်းမားနေပါပြီး”
“ခုလိုကြားရတာ၀မ်းသာပါတယ်ကွယ်၊ မမသားလည်း ခုမှကျမ်းမားကာစရှိသေးတယ်”
“ဟုတ်ကဲ့ သမီးချိုပြောပြလို့သိရပါတယ်၊ မမသားအတွက်လည်း လှလှစိတ်မကောင်းဖြစ်မိပါတယ်”
ထိုရက်က လှလှနှင့်ဒေါ်မိမိနိူင်စကားများ အကြာကြီးပြောဖြစ်ခဲ့ကြသည်။ ထိုနောက်တွင်တော့ လမ်းခွဲကာ ကိုယ်စီစိတ်ချမ်းသာစွာ မိမိနေထိုင်ရာအသီးသီးသို့လှည့်ပြန်ခဲ့ကြသည်။
“သားငယ်”
“ဗျာ”
“အပြင်လေးဘာလေးမသွားဖူလား”
“မသွားချင်ပါဘူးကြီးမေရယ်”
“ညီလေးက အိမ်ကပ်နေတာကို ကြီးမေကဘာဖြစ်လို့လည်း”
“ဟဲ့ ဘာဖြစ်ရမှာလဲ ကြက်ကြီးလည်လိမ်ထားသလို တမှိုင်မှိုင်ထိုင်နေတာ မကြည့်ချင်လို့၊ အရင်ကဆို ညနေတိုင်း အမှီတောင်ရှာလို့ရတာမဟုတ်ဘူး”
ချိုချိုကတော့ ထမင်းပွဲပြင်နေရင်းက သားနှင့်ကြီးမေတို့ပြောဆိုနေတာကို ကြည့်ပြီးရယ်နေမိပါတော့သည်။
“ဟဲ့သမီး..အလေးပင်တွေမ,မနေနဲ့နော် ကိုယ်ကလွတ်လပ်တော့တာမဟုတ်ဘူး အေးအေးနေပါဟယ် ကြီးမေလုပ်ပါ့မယ်”
“ကြီးမေကလဲ သမီးက ခုမှကိုယ်၀န်စတာပဲရှိသေးတာ ဘာမှမဖြစ်ပါဘူး”
“ခုပဲစစ နောင်ပဲစစ သတိထားရမယ်လေ”
“ကြီးမေကလဲ သူကိုယ်၀န်လွယ်ဖူတာလဲမဟုတ်ပဲနဲ့ လျှောက်ပြောနေတယ်”
“တယ်….ဒီကောင်လေး ငါတီးလိုက်ရ၊ ငါကလူကြီးဟဲ့ နာလည်တယ်”
“ကြီးမေရယ် သားကလဲဆရာ၀န်ပါနော်၊ ကြီးမေသမီးကလဲ ဆရာ၀န်ပါနော်”
“တော်တော်….နင်တို့ပြောလိုက်ရင် ဒီအတိုင်းကြီးပဲ”
ကြီးမေစိတ်ကောက်ကာ အထဲ၀င်သွားတော့ သူတို့ပြုံးကာ ကျန်ခဲ့ကြတော့သည်။ ယခုလိုကြတော့ သူတို့မိသားစုလေး စိတ်ချမ်းသာဖို့ကောင်းလှသည်။
ဆက်ရန် “မောင်လေး ထမင်းစားတာကောင်းရဲ့လား”
“ဟုတ်ကောင်းပါတယ်”
“မောင်လေးကသာ ကောင်းတယ်ပြောနေတယ် ထမင်းကတော့ သိပ်မစားပဲနဲ့”
“ကျနော်ရင်ပြည့်နေလို့ဖြစ်ပါလိမ့်မယ်”
ထမင်းစားပြီးတော့ ၀သုန်ခြံထဲထိုင်နေတုံး မမချို ၀သုန်အနားသို့လာထိုင်သည်။ ကိုမိုးကတော့ ကြီးမေကို ပြုစုရင်း အိမ်ပေါ်တွင်ကျန်ခဲ့သည်။
“မောင်လေး”
“ဗျာ”
“မင်းခအကြောင်းလဲ ဘာမှမမေးဘူးနော်”
“ဗျာ”
“ဟုတ်တယ်လေ မင်းခအကြောင်းလဲ မမကိုမမေးဘူးလို့”
“အော်…ခုဆိုသူကျနော်ကို စိတ်နာနေလောက်ပါပြီး၊ ပြီးတော့ ကျနော်တို့ဇာတ်လမ်းက ဆက်လို့လည်းမဖြစ်ဘူးလေ၊ မဖြစ်သင့်တာကို မဖြစ်တာအကောင်းဆုံးပဲမဟုတ်လား”
“အော်….မဟုတ်တာပဲ မင်းခက မောင်လေးကိုတော့ မေးရှာတယ်ကွယ့်”
“….”
“ပြီးတော့လေ …”
“ကျနော်မကြားချင်တော့ဘူး မမချိုရယ်၊ ကျနော်ကိုယ့်လိပ်ပြာကိုယ်မလုံဘူး၊ သူကိုကျနော် မျက်နာချင်းဆိုင် ရမှာလဲကြောက်ရွံနေတယ်၊ ကျနော်သူ့ကိုတောင်ပန်သင့်မှန်းကျနော်သိပါတယ်၊ ကျနော်လွန်ခဲ့တာတွေအတွက်ပါ၊ ကျနော်သူ့အပေါ်မကောင်းခဲ့ဘူးလေ၊ ကျနော်က သူ့ကိုလက်စားချေချင်လို့ ဆိုတဲ့အသိက ကျနော်နှစ်ယောက်ကြားမှာ ရှိနေတယ်”
“မဟုတ်တာပဲ မောင်လေးရယ် အမှားမြင်ရင် အမှန်တော့ ဖြစ်သင့်တာပေါ့”
“ဟုတ်ပါတယ် ကျနော် အဲ့ဒီအမှန်တွေအတွက်ကျနော် လုပ်ရမယ်လေ၊ ကျနော်သူ့ဘဝလေးကို မြှင့်တင်ပေးရမယ်၊ နောက်တစ်ကြီမ် ကျနော်တို့ကြားမှာ ရှိလာမည့် မျိုးစက်တွေကြားမှာ ဒုတိယ လှလှတစ်ယောက်လို့ အပြောမခံစေချင်တော့ဘူး”
“အို…”
“ဟုတ်တယ် မမချိုရယ်၊ မမချိုတို့ရင်သွေးလေးရလာရင်လေ အဲ့ဒီကျနော်တူလေးလား တူမလေးလား မသိသေးတဲ့ ကျနော်တို့ရဲ့ မျိုးစက်လေးကို အများတကာ အထင်သေးတဲ့ အကြည့်မျိုးတွေ မဖြစ်စေချင်တော့ဘူး”
“မောင်လေးရယ် မောင်လေးစကားက မမကိုလေး အားတွေရှိစေပါတယ်၊ ဘာလို့လည်းဆိုတော့ မမတို့ရဲ့ ရင်သွေးလေအတွက်တောင် မမမောင်လေးက ကြည့်ပေးထားလို့ပါ၊ ဒါပေမယ့်လို့ ဒီလိုအိုင်တီခေတ်ကြီးထဲမှာ တိုးတက်နေတဲ့ခေတ်ကြီးထဲမှာ ဒါတွေက မှုန်းဝါးပြီးကျန်နေခဲ့ပါပြီးကွယ်၊ အဓိကတော့ လူ့လောကကြီးထဲမှာ ပျော်ရွှင်စွာတော့ ရှိနေစေချင်တယ်”
“ကျနော်ပျော်နေပါတယ်”
“ဟုတ်လို့လားကွယ်၊ ကြီးမေပြောသွားတာ မကြားလိုက်ဘူးလား တမှိုင်မှိုင်ဖြစ်နေတာလေ”
“ဒါကလဲ နေကောင်းကာစမို့ဖြစ်မှာပါ”
“မောင်လေး”
“ဗျာ”
“မောင်လေးကို မမတစ်ခုမေးမယ်နော်”
“ဟုတ်”
“မောင်လေး မင်းခကိုမချစ်ဘူးလား”
“မချစ်ပါဘူး၊ သူကိုညီလေးတစ်ယောက်လိုပဲ သဘောထားတာပါ”
“ဟုတ်လို့လားကွယ့်၊ မောင်လေး နေမကောင်းတော့ ဆေးရုံးပေါ်မှာယောင်ပြီးအော်နေတာ မမတို့အားလုံးကြားတယ်၊ မင်းခကို ကိုကြီးချစ်ပါတယ်လို့”
“ဟင်…ဟုတ်လား…ဒါကနေမကောင်းလို့ ကယောင်ကတမ်းဖြစ်တာနေမှာပါ၊ တကယ်တော့ ကျနော်မှာ ချစ်သူရှိတယ် မင်းခမဟုတ်တဲ့တစ်ခြားတစ်ယောက်ပါ၊ သူနာမည်က မာလာတဲ့ ဒီမြို့ကပဲ”
“ဟင်…”
ချိုချိုတစ်ယောက် မောင်လေးမင်းခအတွက် စိတ်မကောင်းဖြစ်မိသည်။ မောင်လေးကိုလည်း နေမကောင်းသေးဘူးစသည်ဖြင့် အကြောင်းမျိုးမျိုးပြကာ ၀သုန်ဆီကိုသွားရန်တားထားသည်။ ဒီလိုတားထားသည့် အခြေအနေသည် ဘယ်လောက်ကြာချိန်ခံနိုင်မည်နည်း၊ မောင်လေးသာ ၀သုန်တွင် မောင်လေးမဟုတ်ပဲ တစ်ခြားတစ်ယောက်ဖြစ်သော မာလာဆိုသည့် ချစ်သူရှိတယ်လို့ သိလိုက်လျှင် မောင်လေးအခြေအနေသည် ပိုထိန်းရခက်သွားမည်။ ထိုကြောင့် ချိုချိုမှာဆေးခန်းတွင်ထိုင်နေရသောလဲ စိတ်ကမောင်လေးမင်းခဆီကိုသာ ရောက်နေသည်။
“ဆရာမ..”
“အော်ဒေါ်ကြည်မြိုင် သက်သာသွားပြီးမဟုတ်လား”
“သက်သာတယ်လို့ပြောရမလားပဲ ဆရာမရယ်”
“အော်…ဒီလိုပါပဲဒေါ်ကြည်မြိုင်ရယ်၊ မိန်းမတို့သဘာ၀ သွေးဆုံးချိန်ကတော့ ဒီလိုခံစားတတ်ကြတာပါပဲ၊ အော်..သမီးလဲပါလာတာလား၊ ထိုင်လေ..ညီမ”
ကောင်မလေးကပြုံးပြကာ အနားရှိထိုင်ခုန်တွင်၀င်ထိုင်သည်။
“သားသမီးတွေကို မွေးထားရတာ များသလောက်အားမကိုးရပါဘူး၊ လူလွတ်ဆိုလို့သူပဲရှိတော့တာလေ၊ အိမ်ထောင်သည်တွေကလဲ သူတို့မိသားစုနဲ့သူတို့ဖြစ်နေကြတော့ ကျမကိုလိုက်မပို့နိုင်ကြတော့ဘူး”
“အို…မဟုတ်တာဒေါ်ကြည်မြိုင်ကလဲ ဒီသမီးလေးရှိနေတာကလဲ အားကိုးရတာပဲမဟုတ်လား”
“အားကိုးရလဲ တစ်လပါပဲ၊ နောက်တစ်ပါတ်ဆို သူ့ကိုလည်း ယောက်ျားပေးစားတော့မှာလေ”
“အော်…”
“ဆရာမသိမယ်ထင်တယ် စိမ်းလဲ့ဟော်တယ်ပိုင်ရှင်လေး”
“အော်…ကိုခင်မောင်သန်းကိုပြောတာလား၊ သမီးလေးနဲ့ဆို နည်းနည်းများကွာနေသလားလို့”
“အို..ဒါကအရေးမကြီးပါဘူး၊ ရိုးသားကြိုးစားပြီး နေတဲ့သူပဲအဓိကမဟုတ်လား၊ သူတစ်ယောက်တည်းနဲ့လည်း ဒုက္ခပဲလေး၊ စိုးရီမ်ရသေးတယ်၊ သားသမီးဆိုတာကလဲ မကြီးခင်တုန်းကတော့ လူဆိုးသူခိုးဖြစ်ရမှာပူရ၊ ကြီးလာတော့လဲ လူတော်လူကောင်းနဲ့မှ အကြောင်းပါရဲ့လား လို့စိုးရီမ်ရတာလဲဒုက္ခပဲမဟုတ်လား”
“ဟုတ်ပါပြီးဒေါ်ကြည်မြိုင်ရယ်၊ ဆေးစစ်ချက်လေးလုပ်ကြရအောင်”
ဒီလိုပါပဲ ချိုတို့လိုဆရာ၀န်တွေက လူနာစိတ်ချမ်းသာစေရန် အလာပသလာပလေးများပြောပေးရသည်မဟုတ်လား၊ စကားလဲမြန်မြန်ဖြတ်ရသည်။ ထိုသို့သော် စကားအလွန်ပြောချင်သော လူနာများကိုလဲ အလိုက်အထိုက်ပြောပေးရင် မိမိဆေးစစ်ချက်ကိုလဲ ယူရသည်မဟုတ်လား။
ဆေးထိုး၊ ဆေးစစ်များ ပြုလုပ်ပြီးနောက် ဆေးစာအုပ်တွင်ရေးနေသည့် ချိုချိုကို ဒေါ်ကြည်မြိုင်ကြီးက စကားဆိုပါသေးသည်။
“ဆရာမလို ချောချော၊ စိတ်သဘောကောင်းလေးကို ကျမသားတွေနဲ့ပေးမတွေ့မိတာ တော်တော်နာတာပဲ”
“အဟင်း…ဒေါ်ကြည်မြိုင်ကတော့လုပ်ပြီး”
“အို..အမေကလဲ ဆရာမကိုအားနာစရာ”
“ရပါတယ်ညီမရယ်”
ကောင်းမလေးကို ကြည့်လိုက်တော့ မောင်လေးတို့အသက်ရွယ်လောက်ပင်ရှိအုံးမည်။
“သမီးမာလာ…ဆရာမကိုဖိတ်စာပေးလိုက်လေ”
“အော်..ဟုတ်ကဲ့မေမေ”
“ဟင်…”
မာလာဆို၍ ချိုချိုပို၍စိတ်၀င်စားသွားသည်။ နာမည်များတူသူတစ်ယောက်လားဟု ထင်မိပါသေးသည်။
“ရော့ဆရာမ….ဆက်ဆက်လာနော်၊ ဆရာ၀န်ကြီး မိုးယံကိုလဲပြောပေးအုံး၊ နှစ်ယောက်လုံးတူတူလာနော်၊ ကျမတို့ရပ်ကွက်ကနေပြီး ဆရာ၀န်ကြီးဖြစ်သွားတဲ့ မိုးယံကိုလာဖြစ်အောင်လာလို့”
“ကိုမိုးတို့ရပ်ကွက် ဒေါ်ကြည်မြိုင်တို့ရပ်ကွက်က…”
“ဟုတ်တယ်လေ ဆရာမကလဲ….သွားအုံးမယ်နော်”
ချိုချိုအနေဖြင့် ဒေါ်ကြည်မြိုင်ကိုကုသပေးနေရသော်လည်း လိပ်စာကိုသေးခြားမကြည့်မိခဲ့ပါ၊ လူနာသာသိသော်ချုချိုသည် လူနာ၏အိမ်ကိုတော့မသိပါ။ ဒေါ်ကြည်မြိုင်တို့ထွက်သွားသည်နှင့် ပေးခဲ့သည့် ဖိတ်စာကို အတင်းဖွင့်ကြည့်ကာ သတို့သမီးအမည်ကိုကြည့်လိုက်သည်။ “ခိုင်မာလာ”
By Jin Jar #TBC#

စမ်းရေကြည်ပေါက်(Uni+Zawgyi)              စမ်းရေကြည်ပေါက်(Complete)Where stories live. Discover now