For Zawgyi
ကလေးတွေကို ချောကလက်ကွတ်ကီးလေးတွေဝေနေရင်း မလှမ်းမကမ်းမှကြားလိုက်ရသော ငိုသံကြောင့် SeokJinပျာပျာသလဲ လှမ်းကြည့်လိုက်ရသည်။
အလှဆင်ထားသောခရစ်စမတ်သစ်ပင်ရှေ့ တွင် လက်နောက်ပစ်ကာ ရပ်နေသောNamjoonနှင့် ဘေးတွင် တအီအီငိုနေသော ကလေးငယ်...
သူလက်ထဲကမုန့်တွေထည့်ထားသောခြင်းကို ဘေးက ဆရာမထံတွင်အပ်ထားခဲ့ပြီး ထိုနေရာသို့ အမြန် ပြေးလာလိုက်ရသည်။
"Namjoonကလေးငိုအောင်ဘာလုပ်လိုက်တာလဲ"
သူမေးတာကိုမဖြေပဲ Namjoonကထိုကလေးငယ်အား ငုံ့ကြည့်ကာ ပုခုံးတွန့်ပြသည်။
ကလေးကထိုအမူအယာကိုမြင်လေ ငိုလေမို့ SeokJinလဲထိုင်ချလိုက်ကာ ပါးပေါ်မှမျက်ရည်များကို အသာအယာသုတ်ပေးလိုက်သည်။"ကိုကို့ကိုပြောပါအုံး..သားသားကဘာလို့ငိုတာလဲ"
ထိုကလေးကခပ်ပေပေရပ်နေသော Namjoonကိုလက်ညိုးထိုးကာ
"ဟိုဦးလေးကြီးကပြောတယ်
Santaကတကယ်မရှိဘူးတဲ့..""Kim Namjoon!! "
ထိုခံစားချက်ကို သူကောင်းကောင်းသိသည်။
သူမူလတန်းတုန်းကလဲဘယ်သူမှန်းမသိ Santaမရှိသည့်အကြောင်း ပြောဖူး၍ နှစ်ရက်လောက်ငိုခဲ့ရသေးသည်မဟုတ်ပါလား..။"ငါပြောတာမဟုတ်လို့လား"
ပြောလဲဘာမှဆက်ထူးမည်မဟုတ်တာကြောင့် ဒေါသကိုမြိုချရင်း ရှေ့ မှကလေးလေး၏ပါးဖောင်းဖောင်းလေးတွေကိုသာပွတ်သပ်ရင်း
" သူပြောတာမယုံနဲ့ သူကအရူး"
"ဟုတ်"
"သား သူငယ်ချင်းတွေနဲ့သွားဆော့လေ..
ဟိုမှာ ကွတ်ကီးဝေနေတာယူပြီးပြီလား""ယူပြီးပြီ ကိုကို "
ကလေးငယ်က အိတ်ကပ်လေးထဲမှ ကွတ်ကီးလးကို ထုတ်ပြကာထို့နောက် ဆော့နေကြသော ကလေးအုပ်စုဆီသို့ ထွက်သွား၏။
"မကူညီချင်နေ မနှောင့်ယှက်ပါနဲ့လားခင်ဗျ"
အံကြိတ်ပြုံးရင်း သူဆိုလိုက်တော့ Namjoonက ဘာလို့လဲဟူသော မျက်နှာပေးဖြင့် ကြည့်လာကာ