15

5.3K 918 85
                                    

    For Zawgyi

အချစ်ဦးနဲ့ရည်းစားဖြစ်ရခြင်းဟာ ရှေးအဆက်ဆက်ကလုပ်ခဲ့သော ကုသိုလ်တွေစုပြုံအကျိုးပေးသလိုမျိုး ကံကောင်းလွန်းလှသည်။

တစ်ခုပဲ..
ကျောင်းပိတ်ရက်အတွင်း ရည်းစားဖြစ်သွားကြတာဆိုတော့ နေ့စဉ်နေ့တိုင်းတော့မတွေ့ ရပါချေ။

ဖုန်းလဲသူမဆက် ကိုယ်မခေါ်
Messageဆိုသာ၍တောင်ဆိုးသေး၏။

Messageဆိုမှ သူရနေသော ထိုစာတွေမလာတော့ချေ။ Kim Namjoonမဟုတ်ဘူးဆိုတာသိလိုက်ရတော့ သူရင်တွေအုန်းဒိုင်းကွဲသွားတာတော့ဝန်ခံရမည်။

ပြန်စာမပို့ဖြစ်ခဲ့တာကိုပင်ကိုယ့်ကိုကိုယ်ကျေးဇူးတင်ရမည့်ဟန်။
ထိုစာတွေကသူ့ခေါင်းထဲပိစိလေးတောင် နေရာမယူနိုင်တော့..။

သူ့မှာKim Namjoonရှိနေပြီ
အားလုံးကိုပိုင်ဆိုင်ရတဲ့ခံစားချက်မို့ အကြောင်းအရာသေးသေးလေးတွေက ခေါင်းထဲကိုမတိုးတော့ချေ။

"ဟာ Kim SeokJinရေ လာကူလေ
လာကူလေ..ဟိုမှာဝင်ချ"

Jaewook၏ဆောင့်ခနဲအော်သံကြားမှ Seok jinစပ်ဖြီးဖြီးလုပ်နေသောမျက်နှာပိုးကိုသပ်ကာ ဂိမ်းဆီပြန်၍အာရုံစိုက်ရတော့သည်။

"ငါလာပြီ ခဏ"

"ခဏမနေနဲ့ ငါကသေပြီ"

"ဆောရီးကွာ လိုင်းကြောင်တာ"

Jaewookကဘေးက ကြက်ပေါင်ကို မဲ့ရှုံ့ ၍ကိုက်လိုက်ပြီး

"ဒီဂိမ်းဆိုင်ကလူ၃၀ထဲမှာ မင်းပဲလိုင်းကွက်ကြောင်နေလိုက်"

SeokJinတဟဲဟဲရယ်ကာ ဘေးကကိုလာကို ပိုက်လေးနှင့်စုပ်သောက်လိုက်သည်။ထို့နောက် လက်ဆစ်တို့ကိုချိုးရင်း

"လာ တစ်ပွဲပြန်စမယ်..ဒီတစ်ခါအတည်ဆော့တော့မှာ"

"အေး..မင်းကောင်းကောင်းဆော့"

Jaewookက စိတ်လျှော့ပေးဟန် မကြည်ကြည့်ဖြင့်ရှိုးကာ ဂိမ်းဆော့ရန်ပြင်သည်။
သိပ်မကြာခင်အချိန်ခနလေးတွင်

"ခဏ Jaewook!ဖုန်းလာနေလို့"

Screenပေါ်တွင် နေရာယူထားသော
Namjoonဟူသောနာမည်လေးကြောင့် သူအလိုလိုထရပ်မိသားဖြစ်သွားသည်။

Yellow PoemWhere stories live. Discover now