11📷

1.7K 163 3
                                    

Z+U

သံ​ယောဇဉ်​ လိုက်​ပို့၍သာအိမ်​ကို​ချော​ချော​မွေ့​မွေ့ပြန်​​ရောက်​ခဲ့တဲ့သူမကက အခန်းထဲ​ရောက်​​ရောက်​ချင်း လွယ်​အိတ်​ကိုဆိုဖာ​ပေါ်ချထားလိုက်​ပြီး​ရေချိုးခန်းထဲတန်းဝင်​ကာ တစ်​ကိုယ်​​ရေသန့်​ရှင်းမှုကိုအရင်​ဆုံး​ပြေးလုပ်​မိသည်​။ ပြီးမှသာလျှင်​ ညစာအတွက်​ ​ရေခဲ​သေတ္တာထဲရှိ​သော အသင့်​စားအစားအစာများကို တက်​သ​လောက်​မှတ်​သ​လောက်​​လေးချက်​ပြုတ်​ရင်း ညစာအတွင်​ပြင်​ဆင်​စား​သောက်​ပြီးမှ မနတ်​ကသူမရ​သော လက်​​ဆောင်​ကိုဖွင့်​ကြည့်​​လေရဲ့။

"ကို​လေး​ ​ပေးတဲ့လက်​​ဆောင်​​လေးဖွင့်​ကြည့်​ရအုန်းမှာပဲ"

ထိုလက်​​ဆောင်​ဟာ သူမလိုချင်​​နေ​သော ​နောက်​ဆုံး​ပေါ် ကင်​မရာလဲဟုတ်​မ​နေခဲ့။ ထိုလက်​​ဆောင်​ဟာ အနည်းငယ်​ ​အဆင်းရာထင်​​နေ​သော လွန်​ခဲ့​သောနှစ်​အနည်းငယ်​ကကင်​မရာ​လေးတစ်​လုံး။

ထို​ကြောင့်​သူမလက်​ရဲ့ ယဉ်​ပါးမှုအရဖွင့်​ကြည့်​မိ​တော့ memory card ​လေးတစ်​ကဒ်​နှင့်​ ပိုစ့်​ကဒ်​​လေးတစ်​ကဒ်​။

'ညီမ​လေး ကို​လေး ဒီပစ္စည်း​လေးကို သိမ်းထားတာ ညီမ​လေးရဲ့ ကိုကို​တောင်းဆိုမှု​ကြောင့်​သိမ်းထားခဲ့ရတယ်​။
အခု ဒီပစ္စည်း​လေးကို ညီမ​လေးရဲ့ ​မွေး​နေ့လက်​​ဆောင်​အကြိုအ​နေနဲ့ ပို့​ပေးလိုက်​ပါတယ်​​နော်​။
ညီမ​လေးလဲသ​ဘောကျ​လောက်​မယ်​ထင်​ပါတယ်​။
ချစ်​တဲ့ ကို​လေး'

ကဒ်​ထဲမှာ​ပြောထား​သောအ​ကြောင်းအရာများက သူမသိပ်​နားမလည်​ခဲ့​သော်​လဲ memory card ကို laptop မှာဖွင့်​ကြည့်​​တော့ ဦးစွာမြင်​ရတာကင်​မရာရှု​ထောင့်​ပြင်​​နေ​သောပုံ သို့​သော်​ထိုမြင်​ကွင်းများက သူမရင်းနီး​နေကျ​နေရာ။ ​နောက်​ထပ်​​ပေါ်လာ​သောအရာမှာ သူမရဲ့ တစ်​ဦးတည်း​သောအကိုရဲ့ ဖြူဖတ်​​ဖျော့​တော့​နေတဲ့မျက်​နှာငယ်​။

"ကိုကို!"

သူမရဲ့အကိုက ကင်​မရာ​ရှေ့မှာ အနည်းငယ်​ရှက်​​နေသည့်​ပုံဟန်​ ထို့ပြင်​ပြောစရာစကားများအတွက်​ အား​နေ​နေဟန်​။ laptop မျက်​နှာပြင်မှ​နေ သူမရဲ့အကိုဖြစ်​သူမျက်​နှာ​လေးကို​ငေးကြည့်​ရင်း မျက်​ရည်​များ​ကျ​နေမိ​လေရဲ့။

LOVELY FIRST LOVE 📷✈[Completed-6]Where stories live. Discover now