5 📷

2.2K 201 5
                                    

Z.C + U.C ©

စင်္ကာပူ မှာ နှစ်​ရက်​တာ ​နေချင်​သလို​နေပြီးသည့်​​နောက်​ ပြန်​ရမဲ့ရက်​နှင့်​ ပြန်​၀င်​ရမည့်​ flight ​ကြောင့်​ သူ့မယ်​ ညဘက်​ကြီး နိုနိုးနှင့်​ နီးရာ ကုန်​တိုက်​တစ်​ခုကိုသွားကာ သူလိုချင်​တဲ့ပစ္စည်းကို​ပြေးရှာရ​သေးသည်​။

အရင်​​နေ့က ၀ယ်​မယ်​ဆိုတဲ့​ရေ​မွှေးကို​ ၀ယ်​ရန်​​မေ့​နေခဲ့ပြီး အခုလို အချိန်​အခါမဟုတ်​ မိုးရွာ​နေ​သောအချိန်​ကျမှ ၀ယ်​ရန်​သတိရပြီး အ​ပြေးသွားဝယ်​ရသည်​။

လိုချင်​တာဝယ်​ပြီးပြီဖြစ်​၍ ပြန်​ရန်​ နိုးနိုးက Taxi book လုပ်​​နေတုန်း ဘာရယ်​မဟုတ်​ ပတ်​၀န်းကျင်​ကိုကြည့်​မိ​တော့ သူမတို့နှင့်​ မျက်​နှာချင်းဆိုင်​က အ​ဆောက်​အအုံကအမိုးအကာ​အောက်​မှာ မိုးခို​နေသည့်​ ဟိုဂျပုမ။ ကိုယ်​ကမသိလိုက်​ပါပဲ သူ့ဆီသွားရန်​​ခြေလှန်းပြင်​မိ​တော့ သူ့​ဘေးနားကို ​ယောက်ျား​လေးတစ်​ဦး​​​ရောက်​လာတာမြင်​လိုက်​ရသည်​။ ထို့ပြင်​ သူမနှင့်​အကြံတူ​နေသည့်​အလား ထိုဂျပုမကို မိုး​ရေမစို​အောင်​ ထို​ယောက်ျားသားက ထီးလဲ​သေချာမိုး​ပေးသည့်​အပြင်​ ခန္ဓာကိုယ်​နှင့်​လဲပူးကပ်​လို့ ဒါကို အဲ့ဒီဂျပုမက ​ပျော်​​နေသည့်​နယ်​။ ထိုစဉ်​ သူမရဲ့အ​​တွေး​တွေကို ဖျတ်​လိုက်​တာက​တော့ သူမနား​ရောက်​လာပြီး သူမကို ဆွဲ​ခေါ်​နေသည့်​ နိုးနိုး​ကြောင့်​ပင်​။

"နင်​က ဒီမှာ ဘာရပ်​လုပ်​​နေတာလဲ မိုးရွာ​နေတာကို လာ Taxi ​ရောက်​​နေပြီ သွားမယ်​ ပြီးရင်​ တစ်​ခါထဲ flight တန်းတက်​ရ​တော့မယ်​ ဟာကို"

Taxi ​ပေါ်ကို​ရောက်​သည့်​တိုင်​ သူမမျက်​လုံးထဲက ခုနကမြင်​ကွင်းက ​ပျောက်​မသွား​ပေ။ သူမမြင်တာဒါပါနဲ့ဆိုနှစ်​ခါရှိပြီဖြစ်​သည်​ ပြီး​နောက်​ အဲ့လိုထိုဂျပုမကို ​ယောက်ျားတစ်​​ယောက်​​နှင့်​​တွေ့လိုက်​တိုင်း သူမစိတ်​ထဲ ဖြစ်​ဖြစ်​သွားသည့်​ ရင်​ပြည့်​​နေသလို ခံစားချက်​ကြီးက သိပ်​ပြီးအဆင်​​ပြေမ​နေခဲ့ပါ။

လေယာဉ်​​ပေါ်မှာလဲ ပြုံး​နေရ​ပေမဲ့ ဟန်​​ဆောင်​ပြုံး​နေခြင်းဆိုတာ သူမကို ဂရုတစိုက်​နဲ့ကြည့်​မည်​ဆိုလျှင်​ ​တွေ့နိုင်​သည်​။ နား​နေခန်း​ဘေးက တံခါး​ပေါက်​က​နေ အပြင်​ကိုကြည့်​မိ​တော့ တိမ်​​တွေက သူမကိုပြုံးပြ​နေသ​ယောင်​။

LOVELY FIRST LOVE 📷✈[Completed-6]Where stories live. Discover now