7 📷

2.1K 203 2
                                    

မမခြူးက သူမအတွက်​​တော့ အားကိုးရတဲ့ အမလိုဆို​ပေမဲ့ တစ်​ခါတစ်​ရံ မမရဲ့ ပြုစုယုယမှု​တွေက လိုတာထပ်​ပို​နေတာ​သိလဲသိတယ်​ သူများ​တွေရဲ့ အမြင်​ကို နားလည်းလည်​တယ်​။ ဒါ​ပေမဲ့ မ​ပေါင်းသင်းလို့ မရတဲ့ ဆက်​ဆံ​ရေးဖြစ်​​နေသည့်​အ​လျောက်​ ကိုယ်​ကလဲ အလိုက်​အထိုက်​​လေးပဲ​နေ​ပေးရသည်​​ပေါ့။ တစ်​ခါတစ်​ရံ မမ နဲ့အလုပ်​ကိစ္စ​တွေရှိလို့ လူချင်း​တွေ့ရသည်​ဖြစ်​​စေ မမ ကသူမကို ​တမင်​ပဲလာ​တွေ့သည်​ဖြစ်​​စေ သူမ မှာ အရိပ်​အ​ခြေကြည့်​ရ​သေးသည်​။ မို့သက်​တို့ အနုပညာရှင်​ အသိုင်းအ၀ိုင်းက အတင်းအဖျင်း​တွေသိပ်​များ​လေ​တော့ ​ပြောစရာ​တွေ မဖြစ်​​စေချင်​တာလဲပါသည်​။

တစ်​ခါက နာမည်​ကြီးအင်​တာတိန်းမန့်​မှ ရုပ်​ရှင်​သရုပ်​​ဆောင်​​ဟောင်း ပရိုဂျူဆာတစ်​​ယောက်​နှင့်​ ဓာက်​ပုံဆရာမ တစ်​ဦး​ကောလဟာလဆိုသည့်​ သတင်းက အနုပညာရှင်​အသိုင်းအ၀ိုင်းထဲ တစ်​စိုးတစ်​စထွက်​လိုက်​​သေးသည်​။ အဲ့တုန်းက သူမမှာ တစ်​လ​လောက်​ အိမ်​တွင်း​အောင်းလိုက်​ရ​သေးသည်​။

မမ နဲ့သူမစသိထဲက လူ​တွေအ​ပြောများတာ မမ က စပွန်​ဆာ​ပေး​သည့်​ လူလိုလို ဘာလိုလိုညာလိုလို အသံ​တွေကြား​ပေမဲ့ သူမက ထိုအချိန်​တုန်းက တက်​သစ်​စ​လေးဆို​တော့ စိတ်​သိပ်​မ၀င်​စား။ ​နောက်​ပိုင်း မို့်သက်​က​နေတဆင့်​သိရတာ မမ​ဘေးနားမှာ တစ်​ခါတစ်​ရံ​တွေ့ရတက်​သည့်​ ​ကောင်​မ​လေး သို့မဟုတ်​ ​တက်​သစ်​စ ​ချော​ချောလှလှ​မော်​ဒယ်​​များက မမ စပွန်​ဆာ​ပေးထားချင်းဖြစ်​သည်​တဲ့။ အဲ့တုန်းက တကယ်​ မျက်​လုံးပြူးမျက်​စံပြူးရယ်​ပါ။

ကိုယ်​က LGBT ဆို​တဲ့စကားလုံးကို အဲ့တုန်းကမှ ရင်းနှီးတာဆို ပိုမှန်​လိမ့်​မယ်​။ ငယ်​ငယ်​ထဲက သီးသန့်​​နေတက်​တဲ့အကျင့်​​ကြောင့်​လဲပါမည်​။ သူများတကာလို ​နေရာတကာဝင်​မပါတက်​​လေ​တော့ စိမ်း​နေတာလဲဖြစ်​မည်​။ LGBTကို လက်​မခံတာမဟုတ်​​ပေမဲ့ ဒီတိုင်းသာမာန်​ပုံမှန်​လို့ပဲ ​တွေး​တောသည်​။ ​နောင်းပိုင်း ထိုင်းတို့ တရုတ်​တို့ဘက်​မှာ မို့သက်​တို့ ကုမ္ပဏီ နဲ့အလုပ်​တွဲလုပ်​ရင်း ​ရောက်​​တော့မှ LGBT ​လောကကို လိမ့်​ပတ်​လည်​လာတယ်​​ပြောရမလား။ အဲ့ကထဲက မမ ရဲ့ စိတ်​ကို နားလည်​​ပေးနိုင်​လာတယ်​။ မမ လိုအပ်​​နေတာ ​လူတစ်​​ယောက်​နဲ့တစ်​​ယောက်​ကြားက ​နွေး​ထွေးမှုဆိုပြီး​တော့​ပေါ့။

LOVELY FIRST LOVE 📷✈[Completed-6]Where stories live. Discover now