6 ✈

2.1K 196 2
                                    

(Z.C + U.C)

ပုံမှန်​လိုပါပဲ သူမရဲ့တ​နေ့တာက မို့သက်​ရဲ့ ကုမ္ပဏီ က ​မော်​ဒယ်​​တွေအတွက်​ photo ရိုက်​​ပေးလိုက်​ edit လုပ်​လိုက်​နဲ့ ဖျတ်​သန်း​နေခဲ့တာ သူမရဲ့အချိန်​ကိုဖဲ့ယူနိုင်​မဲ့သူမ​ရောက်​​သေးခင်​အထိ​ပါပဲ။

သူမဓာက်​ပုံရိုက်​​နေတုန်း အနားကို ဇွဲ​နောင်​ ​ရောက်​လာပြီး မမ ရဲ့ ဧည့်​သည်​​တွေ​ရောက်​​နေတယ်​လို့​ပြောလို့ ရိုက်​လက်​စကို ခဏနားပြီး ထွက်​ကြည့်​​တော့ ​လောရှည်​တို့ အဖွဲ့။

"ဟီး..​တွေ့ပါ့​တွေ့မလားလို့လာလိုက်​တာ နိုးနိုးတို့ဓာက်​ပုံလာ​ရွေးတာ"
"​အော်​...ဓာက်​ပုံဆိုရင်​ ခဏ​လောက်​​စောင့်​​နော်​ ဇွဲ​နောင်​ကိုယူခိုင်းလိုက်​မယ်​ ခဏ​လေး​နော်​"
"ဟုတ်​..ရတယ်​ရှင့်​..."

မြတ်​နိုးဆိုသူနဲ့သာစကား​ပြော​နေတာ ​ဘေးက​နေ သူ့ကို ​လောရှည်​မက စူးစိုက်​ပြီးကြည့်​​နေတာ လူက ကြက်​သီး​တောင်​ထမိသည်​။ သူမလဲ အမှားမလုပ်​ထားပါပဲနှင့်​ဘာလို့အကြည့်​ခံ​နေရမှန်းမသိ။

ဇွဲ​နောင်​ကိုပဲ ဓာက်​ပုံဖိုင်​​တွေထဲက သူတို​နှင့်​ဆိုင်​သည့်​ဓာက်​ပုံ​တွေထုပ်​ခိုင်းလိုက်​ပြီး ကိုယ်​တိုင်​က​တော့ အလုပ်​ထဲမှာပြန်​ပြီးစိတ်​နှစ်​ထားလိုက်​သည်​။ သူမဓာက်​ပုံရိုက်​​နေရင်း အနားကို အရိပ်​ကျလာ​သော​ကြောင့်​ ကြည့်​မိ​တော့ ​လောရှည်​။

သူလဲ ဓာက်​ပုံရိုက်​တာကိုမြင်​ဖူးတယ်​ရှိ​အောင်​ကြည့်​​နေတာ​နေမှာပါ​လေဟု စိတ်​ထဲမှတ်​ကာ ဘားမှမ​ပြောပဲ​နေ​နေ​သော်​လဲ ရုတ်​တရပ်​ ဓာက်​ပုံရိုက်​လိုက်​​သောအသံကြားလိုက်​​သော​ကြောင့်​ ​ဘေးကိုကြည့်​​တော့ ​လောရှည်​မက သူမကို သူ့ဖုန်းနဲ့ဓာက်​ပုံရိုက်​​နေတာ။

"နင်​...ဒါဘာလုပ်​တာလဲ သူများခွင့်​ပြုချက်​မရှိပဲနဲ့ရိုက်​​နေတာ..."

ရိုက်​လက်​စကို ခဏထားပြီး သူ့ဘက်​ကိုလှည့်​​ပြောလိုက်​မိသည်​။ ထို့ပြင်​ ​မော်​ဒယ်​နှစ်​​ယောက်​ကိုလဲ ခဏ​ရှောင်​​ပြေးရန်​ အရိပ်​အမြွတ်​​ပြ​တော့ ​ရှောင်​​ပေးရှာသည်​။

LOVELY FIRST LOVE 📷✈[Completed-6]Where stories live. Discover now