14 ✈ (End)

3.9K 215 3
                                    

Z+U

မြန်​မာပြည်​ပြန်​​ရောက်​​တော့ သူမ၏သူငယ်​ချင်းက သူ့ကိုအသိမ​ပေးရ​ကောင်းလားဆိုပြီး သူမကိုနားပူသည်​အထိဖုန်းထဲက​နေလှန်းဆူ​လေသည်​၊ သံ​ယောဇဉ်​အ​မေကို​တွေ့ပြီး သံ​ယောဇဉ်​ကို​​သွား​တွေ့ရန်​လုပ်​ထား​ပေမဲ့ သံ​ယောဇဉ်​၏အ​မေက ​ကဒ်​တစ်​ခုနှင့်​လက်​မှတ်​တစ်​​စောင်​ ထုတ်​​ပေး​လေသည်​။

ဘာကိုဆိုလိုသည်​ကိုသူမနားမလည်​​ပေမဲ့ ​လက်​မှတ်​ကိုကြည့်​​တော့ ​ချောင်းသာသွားရန်​လက်​မှတ်​​ဖြစ်​​နေခဲ့သည်​၊ သူ့ကို​ချောင်းသာအရင်​သွားရန်​​ပြောသည်​၊ ထို့ပြင်​ သံ​ယောဇဉ်​နှင့်​အရင်​စကား​ပြောအုန်းမည်​ဟုလဲ​ပြော​သေးသည်​၊ သံ​ယောဇဉ်​၏အ​မေဖြစ်​သူထံမှ ယုံကြည်​မှုကိုရရန်​မှာသိပ်​မလွယ်​ကူလှပါ။

သူမဘက်​ကအဆုံးထိ ဒူး​ထောက်​​တောင်းဆိုခဲ့သည်​အထိပင်​၊ သူမအတွက်​ သံ​ယောဇဉ်​ဘက်​ကသူတက်​နိုင်သ၍ကြိုးစားခဲ့လျှင်​ သူမဘက်​ကလဲ သံ​ယောဇဉ်​အ​မေလက်​ခံ​အောင်​တစ်​နည်းနည်းနှင့်​လုပ်​ကိုင်​ရမည်​ဟု ​​လေယာဉ်​စီးလာသည့်​ခရီးစဉ်​တစ်​​လျောက်​လုံး​စဉ်းစားခဲ့မိသည်​၊ ထို့​ကြောင့်​ သူမပြန်​​ရောက်​​ရောက်​ခြင်း သံ​ယောဇဉ်​တို့အိမ်​ကိုအရင်​ဆုံးသွားကာ သံ​ယောဇဉ်​၏အ​မေနှင့်​​တွေ့ဆုံခဲ့သည်​။

အရင်​လိုသူမတို့ကိုအကျပ်​ကိုင်​ခြင်းဖိအား​ပေးခြင်းမရှိခဲ့​ပေမဲ့ သူချစ်​ရသူ၏ အုပ်​ထိန်းသူတစ​ယောက်​ဖြစ်​​နေသည့်​အတွက်​ အုပ်​ထိန်းသူထံမှအရင်​ဆုံးခွင့်​ပြုချက်​ယူသင့်​သည်​ဟုထင်​မိခြင်း​ကြောင့်​လဲဖြစ်​သည်​၊ သူမဒူး​ထောက်​​နေသည့်​အချိန်​အတွင်း သံ​ယောဇဉ်​အ​မေဖြစ်​သူ၏စူးစိုက်​ကြည့်​ခြင်းကိုခံရသည်​။

သံ​ယောဇဉ်​၏အနာဂတ်​သည်​ သူမနှင့်​လက်​တွဲပြီး​နောက်​ပိုင်းမည်​သို့ဖြစ်​လာမည်​နည်းဆိုသည့်​​မေးခွန်းသည်​ သူမအကြိမ်​ကြိမ်​ သူမကိုသူမ​ ​မေးခွန်းထုတ်​ခဲ့ဖူးသည်​၊ ထိုနည်း၎င်း သံ​ယောဇဉ်​၏ မိခင်​သည်​လဲသူမကို​မေးခွန်းထုတ်​လာခဲ့သည်​။

LOVELY FIRST LOVE 📷✈[Completed-6]Where stories live. Discover now