ဘုရားကျောင်းလေးအတွင်း ခေါင်းငိုက်ဆိုက်ချကာ ထိုင်နေတဲ့
သူဘေး တစုံတယောက် လာရပ်နေသည်ကို သိပေမယ့်
မော့မကြည့်မိပါ။~မဟုတ်ဘူး~~ သူက ဘယ်တော့မှ အလိုလုပ်မယ့်သူ
မဟုတ်ဘူး ~~ရင်ဘတ်ပေါ်ရှိ ပန်းကပ်လေးကို လွှတ်ပြစ်လိုက်ရင်း နင့်သည်းစွာ သူငိုကြွေးမိသည်။ပြီးမှ သူသတိဝင်လာသည်။
"ငါ ဒီလို ထိုင်နေရမှာမဟုတ်ဘူး!! ငါရှာရမယ်
ငါသူကိုရှာမယ်!!ရှာရမယ်လို့ "တယောက်ထဲစကားပြောကာ အရူးတပိုင်းလို ဖြစ်နေတဲ့သူ
ထိုင်နေရာက ထရပ်တော့ သူလက်ကိုစောင့်ဆွဲခံလိုက်ရသည်။"ယွန်းဂီ~~ ငါလက်ကိုလွှတ်!!! "
"ဘယ်မှာသွားရှာအုန်းမို့လဲ!!"
"မိဘမဲ့ကျောင်း အာကို သွားကြည့်ရမယ် ယွန်းဂီ
သူအာ့မှာရှိနေနိုင်တယ်!!!""ငါဖုန်းမေးပြီးပြီ သူမရှိဘူး!!"
"မင်းမျက်လုံးနဲ့ အတည်ပြုခဲ့တာမှ မဟုတါတာ
အာ့တာကြောင့် ငါသွားပြီး အတည်ပြုရမယ် ယွန်းဂီ
ဒါကြောင့် ငါလက်ကိုလွှတ်!!"မလွှတ်ပေးသေးတဲ့ လက်ကို ဆွဲဖယ်ရင်း ဘုရားကျောင်းလေးအပြင်ဘက်သူထွက်လာတုန်း အနောက်ကထပ်ကြားလိုက်ရတဲ့ စကားသံကြောင့် သူခြေလှမ်းတွေရပ်သွားတော့သည်။
"ငါတို့ဘာပြောခဲ့လဲ ဟိုဆော့
အဆင့်အတန်းမရှိတဲ့လူကို
ရွေးချယ်ရင် ဒီလို အရှက်တကွဲဖြစ်ရတဲ့လုပ်ရပ်တွေ ဖြစ်လိမ့်မယ်လို!!
အခုကြည့် လက်တောင်မထက်ရသေးဘူး
လက်ထက်ပွဲမှာတင် အရှက်တကွဲဖြစ်အောင် မင်ဂ်လာပွဲကို
အာ့မိဘမဲ့ကောင်ကရောက်မလာဘူး!!!""ဒေါ်လေး သူကိုအလိုပြောပိုင်ခွင့်မရှိဘူး!!!"
"အော်ဟော် ၊ အခုလိုလုပ်ခံရတာတောင်
မင်းကသူဘက်ပါနေတုန်းလား ဂျောင်ဟိုဆော့!!!""သူက ကျတော်ချစ်ရတဲ့သူ ဒေါ်လေးအခုလိုပြောပိုင်ခွင့် မရှိဘူး !! ပြီးတော့ သူ က ကျတော် ကိုအလိုလုပ်မယ့်သူမဟုတ်ဘူး!! လုံးဝ လုံးဝ ကျတော်ကိုထားခဲ့မှာမဟုတ်ဘူး!!
သူမှာ ကျတော် ကလွဲပြီး ဘယ်သူမှ မရှိတာကို ကျတော်အသိဆုံး!!
YOU ARE READING
C A G E☑️Complete
Fanfiction"လုပ်ချင်တာလုပ်ပြီး တောင်းပန်တယ်ဆိုတဲ့စကားတခွန်းနဲ့ ကျေနပ်ရမှာတဲ့လား?"