နစ်လဆိုတဲ့ ကာလ အတော်အတွင်း ထယ်ယောင်းရဲ့
ဒဏါရာတွေသက်သာလာလို ဘာအကူအညီမှမလိုပဲ လမ်းလျှောက်နိုင်လာခဲ့သည်။
ဒါပေမယ့် ညတိုင်းအိပ်မပျော်သလို ၊ သူကိုယ်သူ အပြစ်တင်နေတက်တဲ့ အတွက်
စိတ်ရောဂါကု ဆရာဝန်နဲ့တော့ ကုသမူတွေ ဆက်လက်ခံယူနေရသေးသည်။ပြီးခြဲတပတ်အတွင်း သူသတင်းကြားသိရသည်က
ဟိုဆော့နဲ့ မင်ယွန်းဂီဆိုသောသူ လက်ထက်သွားပြီဆိုသောသတင်းပင်။ဒီသတင်းကို ဆော့ဂျင်သာသိရင် စိတ်မကောင်းမှာ သူသိလို
ဘယ်တော့ ဖွင့်ပြောပြမည်မဟုတ်တော့ပါ။ယွန်းဂျယ် ကားလေးကို ကားပါကင်မှာနေရာတကျရပ်ရင်း
ပန်းစည်းလေးနဲ့ မုန့်ခြင်းလေးတခုကိုယူကာ
*မီရယ်*ဟုအမည်ရသော ဆေးရုံလေးထဲ ဝင်လာခဲ့သည်။
တွေ့သမျှ သူနာပြုတိုင်း နှုတ်ဆက်ခဲ့ရင်း
အခန်းနပါတ်_505ဟုသောအခန်းလေးရှေ့ ရောက်တော့
သူမဝင်သေးဘဲ ရပ်နေမိသည်။"ယွန်းဂျယ်ရှီ အထဲမဝင်သေးဘူးလား!! ဆော့ဂျင်က
တနေကုန် ပြတင်းပေါက်ကိုဘဲ ထိုင်ကြည့်နေတာ!!""အာ ဟုတ်လား! ဂရုစိုက်ပေးလို ကျေးဇူပါပဲ!!"
သူကိုဂရုတစိုက်လာပြောပေးတဲ့ သူနာပြုမလေးကို
ကျေးဇူတင်စကားဆိုရင်း အခန်းလေးထဲဝင်လာခဲ့လိုက်သည်။"ဟယ်လို ဆော့ဂျင်!!
ကောင်းသော နေ့လေးပါ!!"သူ့စကားသံကြောင့် သူရှိရာဘက်သို့လှည့်ကြည့်လာသော
ဆော့ဂျင်သည် သူကိုပြုံးပြလာခဲ့သည်။"ဒီနေ့ အပြင်မှာနေသာတယ် ဆော့ဂျင်
အကိုတို့ အပြင်ထွက်လမ်းလျှောက်ကြမလား!!"သူစကားကြောင့် ဆော့ဂျင်က ပြုံးသာပြုံးပြလာရင်း သူလက်ထဲက မုန့်ခြင်းလေးကို လက်ညိုးထိုးပြလာသည်။
"ဗိုက်ဆာနေလို့လား ကောင်းပြီလေ
မုန့်တွေစားပြီးရင် အပြင်ထွက်ရအောင်နော် "ခြင်းလေးထဲမှာသူယူလာတဲ့ ဆန်မုန့်လေးတွေကို ပန်ကန်လေးထဲ ပြောင်းထည့်ပေးရင်း
ဆော့ဂျင်အရှေ့ ချပေးလိုက်သည်နှင့်လက်နှစ်ဖက်နဲ့
နှစ်ခုယူကာ အားရပါးရစားနေတော့သည်။
YOU ARE READING
C A G E☑️Complete
Fanfiction"လုပ်ချင်တာလုပ်ပြီး တောင်းပန်တယ်ဆိုတဲ့စကားတခွန်းနဲ့ ကျေနပ်ရမှာတဲ့လား?"