10

2K 280 24
                                    

တတီတီမြည်နေသော အသံတွေကို သူသတိလည်လည်လာခြင်း ‌ဦးစွာကြားလြိက်ရသည်။  လဲလျောင်းလျက်ရှိနေသည့် အနေအထားမှ ထထိုင်ဖို့ပြင်ပေမယ့် နာကျင်လာသော
ဦးခေါင်းကြောင့် ခဏမျှ ငြိမ်နေလိုက်ရသည်။

သူခြေထောက်တွင်ပတ်တီးတွေရှိနေကာ ဘယ်ဘက်လက်တွင်လဲ ထိုနည်းအတိုင်းရှိနေခဲ့သည်။  ဒါတွေထက် သူစီုးရိမ်
ကြီးစွာ သတိရလာသည်က ကောင်လေး!!
ထိုကောင်လေးရော ဘယ်လိုအခြေအနေမှာ ရှိနေတာလဲဆိုတာပင်။

"ထယ်ယောင်း!! မင်းသတိရပြီလား
ဒီနေ့နဲ့ဆို မင်းသတိ‌လစ်နေတာ နှစ်ရက်ရှိပြီ!!"

"ဆော့ဂျင် ဆော့ဂျင် ဘယ်မှာလဲ သူအခြေအနေဘယ်လိုရှိလဲ
ငါသူကိုတွေ့ချင်တယ် ယွန်းဂျယ်
မင်းသူကိုလဲ ကယ်လာပေးတယ်မလား!!"

" ထယ်ယောင်း  ငါစိတ်မကောင်းပါဘူးကွာ
သူနေရာမှာ သွေးလွန်ပြီးဆုံးသွားရှာတယ် '

"ဘာ!!!"

စိတ်အားထက်သန်စွာဖြင့် သူထထိုင်ခဲ့ပေမယ် ယွန်းဂျယ်စကားကြောင့် သူလဲကျမလိုပင် ဖြစ်သွားခဲ့သည်။

"ငါမင်းတို့ကို စိတ်မချလို အနောက်ကလိုက်လာခဲ့တာ
ငါထင်တဲ့အတိုင်း ဟိုမိန်းမရောက်လာပြီး ကောက်ကျစ် ယုတ်မာခဲ့တယ်
သူတို့ထွက်သွားတာနဲ့ ငါမင်းနဲ့ဆော့ဂျင်ကို အာ့နေရာကနေကယ်လာခဲ့ပေမယ့် ဆော့ဂျင်က အခြေအနေ လုံးဝမကောင်းခဲ့ဘူး!!

ယွန်းဂျယ်ပြောနေသည့် စကားတွေကို ထပ်မကြားတော့ဘဲ
သူနားထဲ ဆော့ဂျင်ရဲ့ နောက်ဆုံးပြောခဲ့သည်စကားတွေကိုသာထပ်ခါတလဲလဲ ကြားနေရသည်။
!!

*ကျတော်မရှင်သန်ချင်တော့လို ကျတော်ကို မကယ်ပါနဲ့တော့*

သွေးအိုင်ထဲက ဆော့ဂျင်မျက်နှာလေးကိုသာ သူမြင်ယောင်လာရင်း သူကိုယ်သူထုရိုက်မိတော့သည်။
သူအမှားကြောင့် ဆော့ဂျင်ဒီလိုဖြစ်ရတာ သူသာဆော့ဂျင်ကို
ဓားစာခံအဖြစ် အခုလိုမဖမ်းထာူခဲ့ရင်!!

ဟိုဆော့‌ပေါ်ရှိ‌နေတဲ့ အမုန်းတရား‌တွေကို ဒီကောင်လေးအပေါ်
မလွဲချမိခဲ့ရင်!!

ဒီသနားစရာကောင်းတဲ့ ကောင်လေး အခုလို အဓိပ္ပာယ်မဲ့ဖြင့်
ဆုံးရှုံးရမည်မဟုတ်။

C A G E☑️Complete Where stories live. Discover now