သူအရှေ့ကိုပြစ်ချပေးတဲ့ ထမင်းပနါကန်လေးကို ကြည့်မိရင်း
သစ်သားထိုင်ခုံပေါ်က ထိုလူသားကိုလဲမော့ကြည့်မိတော့
စားဟုသော အရိပ်အမြွက်ပြလာသည်။ညလား ?မနက်လားတောင်မသိရတဲ့
ဒီအမှောင်ခန်းတွင် သူလှောင်ပိတ်ခံရတာ ဘယ်နရက်ရှိပြီမှန်းသူမမှတ်မိတော့ပါ။
အခုကျွေးသည်ကလဲ ညစာလား? နနက်စာဆိုတာလဲသူနသိတော့ပါ။"ဘာကြည့်တာလဲ စားစရာရှိတာမစားဘဲ!!
ဘာလဲ ငါကအဆိပ်ထည့်ထားမှာကြောက်လိုလား!!
အဟက်
စိတ်မပူနဲ့ ငါမင်းကိုမသတ်သေးဘူးမို့
ဒါကြောင့် စား!!
စားလို!!!!"စိတ်မရှည်တော့တဲ့ ထိုလူဟာ ထိုင်ခုံပေါ်ကဆင်းလာကာ
သူမျက်နှာကိုဆွဲကိုင်ရင်း ပါးစပ်ထဲအတွင်းထိုးကျွေးတော့သည်။"အဟွတ်~အဟွတ်~~!!"
ချောင်းတွေဆိုးလာတဲ့သူကြောင့်
ထမင်းတွေအကုန်ပြန်ထွက်လာကာ ထိုလူသားမျက်နှာကို
စင်ကုန်တာမို့ ထိုလူမျက်နှာဟာအရင်ကထက်
ပိုခက်ထန်သွားကာ
သူမျက်နှာကို ကိုင်ထားတဲ့လက်တွေကိုဖယ်ချလိုက်ရင်း" ဒီထမင်းကုန်အောင်စားလိုက်
မဟုတ်ရင် မင်းမလွယ်ဘူးသာမှတ်!! 'ကြိမ်းဝါးလာတဲ့ထိုလူစကားသံကြောင့် အတုန်တုန်အရီရီနဲ့ဆော့ဂျင်ထမင်းစစားမိတော့သညါ။
နှာခေါင်းကကျနေတဲ့သွေးတွေဟာ ခဲပြီး ပေကျံနေသလို
မျက်နှာတခုလုံးနဲ့ အဖြူရောင်သတိုးသားဝတ်စုံလေးဟာ
ဖုန်တွေပေကာ ညစ်ပတ်လိုနေသည်။သူထမင်းတလုပ်ကိုစစားမိတော့ ရေသန့်ဗူးတဗူးကို သူအရြေှ့ပစ်ပေါက်လာခဲ့သည့်ထိုလူက ဖုန်းတလုံးကိုကိုင်ထားရင်း
ထိုဖုန်းထဲအာရုံရောက်နေပုံရသည်။သူထိုဖုန်းကိုလိုချင်နေမိသည်။
မရနိုင်မှန်းသိပေမယ့် ထိုဖုန်းကိုလုယူချင်မိသည်။
ကိုကို ကို သူဖုန်းခေါ်ချင်မိသည်။
ဒါကြောင့်ကြောက်နေတဲ့ စိတ်ကိုတင်းကာ
လက်ထဲက စားနေတဲ့ ပန်ကန်လေးကိုဆုပ်ကိုင်ရင်း
ထိုလူမျက်နှာရှိရာသို့ကောက်ပေါက်လိုက်မိသည်။
YOU ARE READING
C A G E☑️Complete
Fanfiction"လုပ်ချင်တာလုပ်ပြီး တောင်းပန်တယ်ဆိုတဲ့စကားတခွန်းနဲ့ ကျေနပ်ရမှာတဲ့လား?"