3

2.3K 308 5
                                    

လက်တွေမှတင်းကြပ်မူတွေ ပြေလျော့နေသည်ကိုခံစားမိသလို သူလဲ‌လျောင်း‌နေတာကြမ်းပြင်မာမာပေါ် မဟုတ်ဘဲ
အိသလိုရှိသည် အရာပေါ်ရှိနေမှန်းသိလိုက်ရတာမို့ မျက်လုံးတွေကို အားယူကာဖွင့်ကြည့်မိသည်။

သူခြေထောက်တွင်ပတ်တီးဖြူဖြူကနေရာယူနေသည်။

"သုံးလေးရက်လေး သတိရမလာလို သေသွားပြီထင်နေတာ ၊ မျက်လုံးပြန်ပွင့်လာသားပဲ!!"

"ကျတော်ကို ဘာလိုဖမ်းထားတာလဲ
ကျတော်နဲ့ ဘာရန်ညိုးမှလဲမရှိဘဲ!!

"ရန်ညိုး ~~အင်းးး မင်းအပေါ်မရှိတာတော့မှန်တယ်"

"ဒါဆို ငွေအတွက်လား
ငွေကြေးအတွက်ကြောင့် ဆို ကျတော်မှာ ဘာမှပိုင်ဆိုင်မူမရှိဘူး ~~ ကျတော်က "

"ပိုင်ဆိုင်မူမရှိဘူး ဟုတ်လား?"

သူလဲနေသည် နေရာ၏ဘေးတွင် သစ်သားထိုင်ခုံတလုံးဖြင့်ထိုင်နေသော ထိုလူသားသည် ခပ်သဲ့သဲ့ရယ်လာသည်။

"မင်းက dream groupရဲ့ သမက်ဖြစ်တော့မယ်လူမဟုတ်ဘူးလား? "

"ဒါပေမယ့် ကိုကိုနဲ့ ကျတော်က !!"

"ကိုကို? ဧကန္တ ဂျောင်ဟိုဆော့ကို ခေါ်တာလား
အလိုမျိုး အဟက် "

"ကိုကို ကိုသိနေတာလား!! "

"မင်းမေးသမျှ ဖြေမို့ ငါမအားဘူး ၊ပါးစပ်ပိတ်ပြီး ဒါစားလိုက် "

"ကျတော်ကိုလွှတ်ပေးပါ ၊ ကိုကို ကျတော်ကိုစိုးရိမ်မှာ ကျတော်
‌ပျောက်‌သွားလို အရမ်းစီုးရိမ်နေခဲ့မှာ
တောင်းပန်ပါတယ် ~~ ရဲလဲမတိုင်ပါဘူး
ကျတော်ဒီတိုင်း ကားမှားစီးမိပြီး အိမ်ပြန်မလာတက်ဖြစ်နေတာလို ပြောလိုက်ရင် ရပါတယ် ဒါကြောင့် ကျတော်ကိုလွှတ်ပေးပါ "

"လွှတ်ပေးဖို့အစိစဉ်ရှိရင် မင်းကိုစကထဲက ဖမ်းမခေါ်လာဘူး
ကင်မ် ဆော့ဂျင်!! ပါးစပ်ပိတ်ပြီး ငါကျွေးတာစားလိုက်
ငတ်ပြီးမသေချင်ရင်"

"မစားဘူး!!! ကျတော်ကို လွှတ်ပေးလို့!!!"

တုပ်နှောင်ခြင်းမခံထားရတော့တာမို့ ထိုလူကိုတွန်းတိုက်ကာ
ထွက်ပြေးဖို့ကြံသည်။ ဒါပေမယ့် နာကျင်နေတဲ့ ခြေထောက်နဲ့အတူ ဆံပင်ကိုစောင့်ဆွဲခံလိုက်ရပြီး ကြမ်းပြင်ပေါ်
အားပြင်းပြင်းနဲ့စောင့်တွန်းခြင်းခံလိုက်ရသည်။
ဒါပေမယ့် သူဇွဲ‌မလျော့သေးဘဲ ထိုလူလက်ကိုကုန်းကိုက်တော့ သူပါးပြင်တဖက် ပူကနဲ ဖြစ်သွားကာ
မျက်နှာပါ လည်ထွက်သွားသည်အထိ အရိုက်ခံလိုက်ရသည်။

C A G E☑️Complete Where stories live. Discover now