6

2.2K 289 7
                                    

သူမရည်ရွယ်ထားမိဘူး!!
ဒီလို လုပ်ရပ်မျိုး လုပ်မိမယ်လိုလဲ မတွေးမိဘူးဖူး။
ဒီကောင်လေးကို နိုပ်စက်ရုံသကါသက်ပဲ ကြံရွယ်ထားမိတာ

ပြီးတော့ ညက သေချာပေါက် ဟန်နီ ဖြစ်ခဲ့တာပါ။
သူနဲ့အတူရှိခဲ့သူက သေချာပေါက် ဟန်နီပါ!!!!!

ရေခဲတမျှအေးစက်နေကာ သတိလဲမဲ့‌နေတဲ့
အဝတ်မဲ့ကိုယ်ငယ်လေးကို
စောင်ဖြစ်ပတ်ထွေးရင်း သူအခန်းရှိရာသို့ခေါ်လာမိသည်။

အထူဆုံးဖြစ်မည့် ဆွယ်တာတထည်ကို ဝတ်ပေးရင်း
ဘွိုင်လာကိုလဲ ထပ်တိုးထားသည်။
အနွေးထွေးဆုံးဖြစ်အောင်သူထားသည်။ ရေ နွေး အိတ်လေးဖြင့် လည်ပင်းလေးတွေ ၊လက်‌ဖဝါးလေးတွေကိုကပ်ပေးနေပေမယ့် ကောင်လေးလက်တွေဟာ ရေခဲတုံးသမျှ အေးစက်နေဆဲ။

ဒါကြောင့် ထူပူသွားကာ အသက်ရူသံ‌လေးစမ်းမိတော့ အားရစရာရှိတဲ့  ခပ်ဖျောဖျော့ အသက်ရူသံလေးကိုခံစားမိသည်။

"ဂေ ~ဟာ မှူး~~!!!"

ညည်းသံလိုခပ်သဲ့သဲ့အသံလေးကိုလဲသူကြား နေရတာမို့
သူဘာလုပ်လိုလုပ်ရမှန်းမသိတော့ ဒါကြောင့် ဖုန်းနပါတ်တခုကိုသာ ကောက်ဆက်လိုက်မိသည်။

××××

"ဟိုဆော့!! မင်း
အခုလိုတွေပဲလုပ်နေအုန်းမှာလား?
Company အလုပ်တွေကို ဘယ်အချိန် ပြစ်ထားမှာလဲလို့  "

အနွေးထည်ခပ်ထူထူအပေါ်ကနေ မာဖလာ ထပ်ပတ်နေတဲ့
သူအနောက်က လိုက်ပြီး သတိပေးစကားလိုက်ပြောနေတဲ့
ဒေါလေးကို ဘာမှအဖြေမပေးမိပါ။

"ဂျောင် ဟိုဆော့!! ငါပြောတာရောကြားရဲ့လား!!!"

"သူကိုတွေ့တဲ့အထိ လုပ်နေအုန်း ၊ ရှာနေအုန်းမှာလို့!!!"

"သူကဘာမို့လိုလဲ ဟမ်!!
သူကဘာမို့လို မင်းအဖေပိုင်တဲ့ companyကို
စွန့်လွှတ်ရအောင်!!
သေချာနားထောင် ‌ဟိုဆော့
မင်companyကးနေရာ ကိုလစ်လပ်ထားတာ
အတောကြာနေပြီ ၊ ဒီတိုင်းထပ်နေရင်
မင်း ရာထူးပြုတ်သွားနိုင်တယ် "

"ကျတော် ဂရုမစိုက်ဘူး!!!"

"မင်းရူးသွားပြီပဲ !!
ဒီcompanyကို မင်းအဖေဘယ်လို ဒုက္ခတွေနဲ့ဘယ်လို တညါ‌ထောင်ခဲ့လဲဆိုတာ
မင်းမသိတော့ဘူးလား ဟမ်!!!
အသိစိတ်ပြန်ဝင်အုန်း ဂျောင်ဟိုဆော့
ဘာမှမဟုတ်တဲ့ မိဘမဲ့ကောင်
တယောက်အတွက် မင်းဘဝကို မဖျက်စီးနဲ့ !!!"

C A G E☑️Complete Where stories live. Discover now