5

2.3K 300 21
                                    

စာကြည့်စားပွဲလေးပေါ်က ဓာတ်ပုံလေးကို ဆွဲယူလိုက်ရင်း
နင့်သီးစွာငိုမိပြန်ပါသည်။

"တောင်းပန်ပါတယ် ~~
မကာကွယ်ပေးနိုင်ခဲ့လို တောင်းပန်ပါတယ်!!"

ဓာတ်ပုံထဲက အမျိုးသမီးကတော့ တောက်ပစွာပြုံးနေလျက်ရှိသလို အက်ထရာစောင်း ဓာတ်ပုံလေးတပုံကိုလဲ ကိုင်ထားလျက်ရှိသည်။

"မင်းနဲ့ ကိုယ်တို့ ရင်သွေးလေးနောက်
ကိုယ်လိုက်လာဖို့ကြံပေမယ့်
ကိုယ်ဦးနှောက်က ခွင့်မပြုဘူး ဟန်နီ

ကိုယ်လက်စားချေရအုန်းမယ်

ကိုယ်နဲ့ ဟန်နီတို့ကို ခွဲရအောင်လုပ်တဲ့

အယုတ်တမာကောင်ကို
ထပ်တူထပ်မျှခံစားရအောင် ကိုယ်လက်စားချေရအုန်းမယ်

ကိုယ်အခု သူ သတိုးသားလောင်းကို ဖမ်းထားတယ်
ဟန်နီ
ကိုယ်တော်တယ်မလား ဟန်နီ

သူကိုမသတ်သေးဘဲ တစိမ့်စိမ့်ခံစားရအောင်
ကိုယ်လုပ်မယ် ဟန်နီ  ဒါကို
ဂျောင်ဟိုဆောါဆိုတဲ့ကောင်သိအောင်
ကိုယ်ပြမယ် !!!

တယောက်ထဲ စကားတွေကိုပြောရင်း သောက်လက်စအရက်ပုလင်းကိုလဲ ဆွဲယူကာ သူမော့သောက်မိသည်။

သူအရှေ့မှာတင် ဖြစ်သွားခဲ့တဲ့ယာဉ်တိုက်မူ

အတူပါခဲ့ပေမယ့် ဇနီးဖြစ်သူနှင့် ရင်သွေးလေးသာ
ဆုံးရှုံးသွားခဲ့ရတဲ့ ဖြစ်ရပ်။

ဒါတွေက လွန်ခဲ့တဲ့ ၆လက ကိစ္စတွေဆိုပေမယ့်
သူမျက်လုံးထဲ အခုဖြစ်ပျက်နေသလိုမြင်ယောင်နေပါသည်။

"ဟန်နီ ၊ ကားအရှိန် များနေတယ် လျော့စမ်း!!!"

"ဟင်အင်း ၊မေ်ော့ဘူး !!!
ဒီလိုမောင်းတာ ပျော်ဖို့ကောင်းတယ်"

"ဟန်နီ ခေါင်းမမာစမ်းနဲ့ ၊ ဟန်နီက အရင်ကလို
လူလွတ်မဟုတ်တော့ဘူးက‌လေးအ‌မေဖစြ်‌နေပြီ ဆိုတာ သတိဝင်စမ်း!!!"

C A G E☑️Complete Where stories live. Discover now