အခန်း(၉၅)

66 9 6
                                    

ကန်ကမစ္စတာဂျက်ကိုပြောင်ကျကျပဲမေးလိုက်သည်။

“ခင်ဗျားကနွန်ဆိုင်ဆိုတဲ့အမျိုးသမီးနဲ့ဘယ်လိုပတ်သတ်နေတာလဲ”

“ငယ်ငယ်ကကျောင်းနေဘက်တွေပါ။အကိုကမိဘမဲ့တစ်ယောက်ဆိုတော့ဦးလေးဘုန်းကြီးဆီမှာကပ်နေခဲ့ရတယ်။နွန်ဆိုင်ကလည်းဆင်းရဲတယ်။အထက်တန်းအောင်တော့အကိုတို့နှစ်ယောက်လုံးတက္ကသိုလ်ကိုဆက်မတက်နိုင်ခဲ့ကြဘူး။

ဒီလိုပဲကိုယ့်ဘဝကိုယ်ကျောင်းနေရင်းကနေအကိုတို့နှစ်ယောက်ချစ်သူတွေဖြစ်သွားခဲ့ကြ
တယ်။အကိုတို့နှစ်ယောက်ဘဝတစ်ခုကိုထူထောင်ကြမယ်ဆိုတဲ့အချိန်မှာငွေရှိဖို့ကလိုလာပြီ။

ဒါကြောင့်အကိုဘန်ကောက်ကိုတက်လာခဲ့တယ်။ဘန်ကောက်မှာအလုပ်မျိုးစုံလျှောက်လုပ်ရင်းသြစတြေးလျနိုင်ငံသားတစ်ယောက်နဲ့သိကျွမ်းခင်မင်ခဲ့တယ်။သူကဒုက္ခရောက်နေတာဆိုတော့အကိုသူ့ကိုအကူအညီတွေအများကြီးပေးခဲ့တယ်။

နောက်မှသိရတာကသူကသြစတြေးလျမှာ
အရမ်းချမ်းသာတဲ့လုပ်ငန်းရှင်သူဌေးကြီးတစ်ယောက်ဖြစ်နေတယ်။သူ့ရဲ့အကိုဝမ်းကွဲကသူ့ကိုအကောက်ကြံလို့မတရားစွပ်စွဲခံရပြီးထွက်ပြေးတိမ်းရှောင်နေရတာ။သူ့ရဲ့အမှုမှန်ပေါ်သွားတော့သူ့ရဲ့ပိုင်ဆိုင်မှုတွေအကုန်လုံးသူပြန်ရခဲ့တယ်။

သူသြစတြေးလျကိုပြန်တော့အကို့ကိုသူနဲ့အတူခေါ်သွားတယ်။သူ့ရဲ့လုပ်ငန်းတွေတော်တော်များများကိုအကို့ကိုလွှဲပေးတယ်။

အကိုဟိုမှာအရမ်းအဆင်ပြေနေလို့နွန်ဆိုင်ဆီကိုဆက်သွယ်ဖို့ကြိုးစားတော့လုံးဝဆက်သွယ်လို့မရတော့ဘူး။နွန်ဆိုင်နဲ့အကိုနဲ့အဆက်အသွယ်ပြတ်သွားတယ်။

အကိုကျောက်တစ်လုံးကိုလာပြီးနွန်ဆိုင်ကိုရှာသေးတယ်။နွန်ဆိုင်ကလေးတစ်ယောက်ရခဲ့တယ်ဆိုတဲ့အကြောင်းကိုအကိုသိခဲ့တယ်။ဒါပေမဲ့နွန်ဆိုင်ဘယ်ကိုထွက်သွားတယ်ဆိုတာကိုတော့စုံစမ်းလို့မရခဲ့ဘူး။

အကိုအခုအရမ်းချမ်းသာတယ်။ဒါပေမဲ့အကိုဘယ်လောက်ပဲချမ်းသာချမ်းသာအကို့ရဲ့ဖုန်းနံပါတ်ကိုအကိုဘယ်တော့မှမပြောင်းခဲ့ဘူး။တစ်နေ့နေ့တစ်ချိန်ချိန်မှာနွန်ဆိုင်ဆက်သွယ်လာခဲ့ရင်ဆိုတဲ့မျှော်လင့်ချက်လေးနဲ့ဖုန်းနံပါတ်ကိုဘယ်တော့မှမပြောင်းခဲ့ဘူး”

Who is my KoKo (Uni+Zawgyi)Where stories live. Discover now