အခန်း(၁၁၄)

46 6 0
                                    

တင်ကျောင်းအုပ်ကြီးဆီဖုန်းလှမ်းဆက်လိုက်သည်။ကျောင်းအုပ်ကြီးက-

“ဟုတ်ကဲ့ပြောပါခင်ဗျ"

“ကျွန်တော်ဒေါက်တာတင်ပါ”

“ဟုတ်ကဲ့ဒေါက်တာတင်။ကျွန်တော်ဘာကူညီ
ပေးရမလဲ”

“ဘာအကူအညီမှမလိုပါဘူး။ခွင့်တောင်းစရာ
လေးရှိလို့ပါ”

“ဟုတ်ကဲ့”

“ကျွန်တော်တို့နောက်လဆိုရင်ပါတီကိစ္စတွေစလုပ်ရတော့မယ်။ကျွန်တော့်ကလေးကလည်းအလုပ်တစ်ဖက်နဲ့ဆိုတော့အကိုဖီဒန်နဲ့သူနဲ့ကညဘက်မှကောင်းကောင်းတွေ့ရတာ။

အဲဒါကြောင့်မို့အကိုဖီဒန်ကိုကျွန်တော်တို့အိမ်မှာခေါ်ထားလို့ရမလား။ညဘက်အပြန်မိုးချုပ်
ရင်ကျောင်းအုပ်ကြီးကလည်းအကို့ကိုစိတ်မချဘူးလေ”

“သြော်ရပါတယ်။ဒေါက်တာတင်တို့အဆင်
ပြေသလိုလုပ်ပါ။ကျွန်တော့်ညီလေးလာနေမှာကိုမျက်စိမရှုပ်ဘူးဆိုရင်ခေါ်ထားလေ”

“အာ…မျက်စိရှုပ်စရာလား။အကိုဖီဒန်ဒီလောက်အားကိုးရတာ။မရှုပ်ဘူး။မရှုပ်ဘူး”

“အင်း…အဲဒါဆိုလည်းခေါ်ထားလိုက်”

“ဟုတ်ကဲ့ကျေးဇူးပါခင်ဗျ"

တင်ကဖုန်းချပြီးဂျက်ကိုကြည့်လိုက်တော့ဂျက်မျက်နှာကကျေနပ်နေတဲ့အပြုံးကြီးနဲ့-

“ညကျရင်ငါ့အကိုနဲ့မင်းကလေးကိုဖျော်ရည်ဖျော်တိုက်ရအောင်”

“မတိုက်ဘူး။သေဖော်သေဖက်လာမညှိနဲ့လို့
ခင်ဗျားကိုပြောပြီးသား”

“ဒီတစ်ခါရိုးရိုးသားသားဖျော်ရည်ဖျော်တိုက်မှာပါ”

“ဘာမှလာမပြောနဲ့။ကျွန်တော်အခုရေချိုးတော့မှာ။ခင်ဗျားဖြစ်ချင်တာလည်းလုပ်ပေးပြီးပြီ။ကျွန်တော့်ကိုမနှောင့်ယှက်နဲ့တော့”

တင်ရေချိုးခန်းထဲဝင်သွားတော့ဂျက်ပြန်ထွက်သွားသည်။

*

*

*

တင်နဲ့ကန်ရေချိုးပြီးအိမ်အောက်ထပ်ကိုဆင်းလာကြသည်။အကိုဖီဒန်လည်းဧည့်ခန်းထဲမှာ
ရောက်နေပြီ။ဂျက်ကအထုပ်ကြီးနှစ်ထုပ်ဆွဲပြီးဝင်လာတော့တင်က-

Who is my KoKo (Uni+Zawgyi)Donde viven las historias. Descúbrelo ahora