part-11

744 91 2
                                    

"ဆိုယွန်း.. သမီး..ဒီကိုလာအုံး မေမေမေးစရာ
ရှိတယ်''

ဆိုယွန်း.. ''ဟုတ်မေမေ..''

ဆိုဖာပေါ်တွင်ထိုင်နေသော မိခင်ဖြစ်သူဘေး
ကပ်ရပ်တွင်ထိုင်လိုက်သည်.

"သမီးမှာချစ်သူရှိနေပြီလား''

ဆိုယွန်း.. ''အမ်...ဘာဖြစ်လို့လဲ..အာ...မေမေ
သမီးကိုအိမ်ထောင်ဖက်တွေ့ပေးဖို့စီစဉ်နေတာလား...ဟင့်အင်းနော်...မတွေ့ဖူး..''

"အဲ့တာကြောင့်မေးတာပေါ့ ညည်းမှာချစ်သူရှိ
လားလို့''

ဆိုယွန်း.. ''ရှိတော့ရှိတယ်..ဒါပေမယ့်သူက
Omegaမဟုတ်ဘူး Beta''

"အဲ့တာပဲသမီးရယ်...ဘာများဖြစ်​လို့လဲ။ သူ့
ဘာသာ betaမကလို့ alphaဖြစ်ဖြစ်omega
ဖြစ်ဖြစ်ပေါ့ကွယ် ''

ဆိုယွန်း.. ''ဒါဆိုမေမေသဘောတူတယ်ပေါ့''

"နေအုံး အလုပ်ပိတ်ရက် သူ့ကိုခေါ်လာခဲ့''

ဆိုယွန်း.. ''ဟုတ်ပါပြီရှင်...သမီးသွားတော့မ
ယ်''

"ကောင်လေးနဲ့သွားတွေ့မလို့လား''

ဆိုယွန်း.. ''ဒါပေါ့ ဒါပေါ့..''

မိခင်ကိုသွား၃၂ချောင်းပေါ်အောင်ရယ်ပြပြီး
အပြင်ထွက်သွားသည်..

"ဟင်း...ဒီကလေးမတောင်အရွယ်ရောက်လာပြီပဲ... ''

........................................................................

"ဗျာ!!. ..ဟုတ်....ကျွန်တော်အခုချက်ချင်းလာ
ခဲ့ပါမယ်''

စကားပြောနေစဉ်ဝင်လာတဲ့ဖုန်းကြောင့် ခြေမကိုင်မိလက်မကိုင်မိနဲ့ အရူးတစ်ယောက်
လိုဖြစ်နေတဲ့ ဟယ်ဆွန်းကြောင့် သူ့ကိုကြည့်
နေတဲ့ဂျီဟွန်းမိဘများပင်ဘာလုပ်ရမယ်မှန်းမသိ

ဂျီဟွန်းအဖေ...''သား..ဘာဖြစ်လို့လဲ''

ဟယ်ဆွန်း.. ''ဂျီ..ဂျီဟွန်း..ဆေးရုံမှာ..ခေါင်း
ကိုထိခိုက်မိထားလို့တဲ့.. ဆေးရုံကိုမြန်မြန်သွား
ရအောင်''

ဂျီဟွန်းအဖေ..''ဟုတ်ပြီ.. သားလည်းစိတ်ကို
အေးအေးထား...အဖေတို့တူတူသွားကြမယ်''

ဂျီဟွန်းအမေ..''လာ..သား..အမေနဲ့တူတူသွားမယ်.. ဂျီဟွန်းအဖေ.. ရှင်ကကားထုတ်ထား''

When I Reach The System [mission -3] /Real World (Z&U)(completed)Where stories live. Discover now