part-22

400 44 0
                                    

ငါးလကြာပြီးနောက်.....
အမေရိကန်နိုင်ငံ၏ကမ်းခြေတစ်ခုတွင်ရိုးရိုးရှင်းရှင်းလေးကျင်းပခဲ့သောလက်ထပ်ပွဲတစ်ခု...
စုံတွဲသုံးတွဲတစ်ခါတည်းအတူတူမင်္ဂလာဆောင်သည့်ပွဲလည်း
ဖြစ်ခဲ့သည်။

ချွဲမင်ဟာ ❤ကင်ဆိုယွန်း
ဟန်ဂျီဟွန်း ❤ယွန်းဟယ်ဆွန်း
ချန်းဝူ​ယောင်း❤ရာကီယုဇာ အိချီကို

သက်ဆိုင်သူတို့တစ်ယောက်နှင့်တစ်ယောက်လက်တွဲပြီး
အေးအတူပူအမျှတစ်သက်လုံးလက်တွဲမဖြုတ်ပဲနေသွားကြမည်ဟုကတိသစ္စာဆိုခဲ့ကြသည်။
.
.
.
.
.
.
"ကို''

"ဗျာ..ဗျ''

ဆိုယွန်း.. ''ကလေးအရမ်းပျော်တယ်''

မင်ဟာ..''ကိုယ်ရောပဲ..အရမ်းပျော်တယ်''

"ဟိတ်..နှစ်ကောင်''

ဆိုယွန်းနဲ့မင်ဟာတို့ကိုလှမ်းခေါ်လိုက်တဲ့ ဝူယောင်းတို့အတွဲ

မင်ဟာ..''ဘာတုန်း''

ဝူယောင်း..''အမယ်မယ်မယ်..လေသံတွေပြောင်းနေပါလား
ကိုယ်တော်ချော''

မင်ဟာ..''မဟုတ်ပါဖူးကွာ..ဘာလာလုပ်တာတုန်း''

ဝူယောင်း..''မင်း..ငါနဲ့လိုက်ခဲ့အုံး''

မင်ဟာ့လက်ကိုဆွဲပြီး..လူရှင်းတဲ့နေရာကိုအတင်းဆွဲခေါ်နေသည်။

မင်ဟာ..''မင်းဘိုးအေ...နေ..နေအုံးဟ..ကလေး..ကိုယ်သူနဲ့စကားသွားပြောလိုက်အုံးမယ်''

ဆိုယွန်း..''အင်း..''

ဝူယောင်းနောက်ကိုတရွတ်တိုက်ပါသွားတဲ့မင်ဟာ့ကိုကြည့်ပြီး
ခေါင်းခါမိသည်။

လူရှင်းတဲ့နေရာကိုရောက်တော့..

ဝူယောင်း...''ဒီနေရာမလုံခြုံတော့ဖူး။သူတို့တွေရောက်နေပြီ။'

မင်ဟာ..''သေချာလား။''

ဝူယောင်း..''အင်း..အခုပဲငါတွေ့လာခဲ့တာ။ငါတို့ကအဆင်ပြေ
ပေမယ့်...အခုက..ဆိုယွန်းနဲ့အိချီကိုတို့ပါနေတယ်။သူတို့ကို
တစ်နေရာကိုအရင်ပို့ထားကြမလား။''

မင်ဟာ..''အင်း..ရုံးချုပ်​ကိုအကြောင်းကြားပြီးလာကြိုခိုင်း
လိုက်မယ်''

When I Reach The System [mission -3] /Real World (Z&U)(completed)Where stories live. Discover now