part-20

437 49 0
                                    

Unicode.....

"ဟူး.....သတိရလိုက်တာ..တစ်ရက်ကျန်သေးတယ်''

ပြတင်းပေါက်တွင်မေးတင်ကာငူငူငိုင်ငိုင်ကြီးထိုင်နေပြီးသက်ပြင်းခနခနချနေလေတဲ့အီချီကို

"သခင်လေးရယ်..တစ်ရက်ပဲကျန်တော့တာပါ..မနက်ဖြန်ဆိုပြန်လာပြီပဲကို''

ဝူယောင်းအပါအဝင်နာကီနဲ့သခင်ကြီးကာကုအဲသုံးယောက်လုံးအလုပ်ကိစ္စကြောင့်တရုတ်သို့်ညတွင်းချင်းသွားခဲ့တာဒီနေ့
ဆိုလျှင်၆ရက်မြောက်နေ့ဖြစ်ခဲ့ပြီ။တစ်ပတ်လောက်ကြာမယ်လို့
ပြောထားတာကြောင့်အိချီကိုမှာအတော်လေးပင်လွမ်းနာကျ
နေလေပြီ။သူ့အတွက်လိုအပ်တာပြင်ဆင်ပေးဖို့အိမ်အကူတစ်
ယောက်ကိုလည်းထားပေးခဲ့သည်။

အိချီကို.. ''အင်း..အဲ့တစ်ရက်ကလည်းအကြာကြီး..''

"သခင်လေးကလည်း..အော်..ဒါနဲ့လေ..သခင်လေးဝူယောင်းနဲ့အတူပါသွားတဲ့လက်ထောက်မိန်းကလေးလေ..''

အိချီကို.. ''အင်း..သူဘာဖြစ်လို့လဲ''

"သူ့ကိုကြည့်ရတာ..သိပ်မရိုးသလိုပဲ''

အိချီကို.. ''ဘယ်လိုမရိုးတာ..''

"သခင်လေးဝူယောင်းကိုကြည့်တဲ့အကြည့်တွေကနည်းနည်း
ခက်ထန်သလိုပဲ..တစ်ခုခုကိုမကျေနပ်သလိုမျိုး''

အိချီကို.. ''ဝူယောင်းပြန်လာမှသေချာဆန်းစစ်ကြည့်တာပေါ့''

"သခင်လေး..ဒီနေ့ညကိုတော့ကျွန်တော်သခင်လေးကိုမဖော်လုပ်မပေးနိုင်တော့ဖူးဗျာ.. ဇနီးဖြစ်သူကိုဆေးခန်းသွားပြရအုံး
မှာမို့လို့..''

အိချီကို.. ''အမျိုးသမီးကဘာဖြစ်လို့လဲ''

"ကိုယ်ဝန်ကြီးနဲ့လေဗျာ..သခင်လေးမေ့ပြန်ပြီ''

အိချီကို.. ''အာ..ဟုတ်သားပဲ..ဘာလေးလဲ''

"မိန်းကလေးဗျ..အခုလနဲ့ဆိုရင် ၇လရှိနေပြီ.မွေးဖို့သိပ်မလို
တော့ဖူး..''

အိချီကို.. ''အင်း..သေချာဂရုစိုက်ပေးနော်..''

"ကောင်းပါပြီဗျ''

အိချီကို.. ''ကျွန်တော်လက်ဖက်ရည်သောက်ချင်လာလို့..
တစ်ခွက်လောက်ဖျော်ပေးလို့ရမလား''

When I Reach The System [mission -3] /Real World (Z&U)(completed)Where stories live. Discover now