part-25

317 39 2
                                    

'' Gin. ...မင်းတို့အခြေအနေကဘာလဲ ''

မျက်ခုံးပင့်ပြီး ပြောင်စပ်စပ်မျက်နှာပေးနဲ့ ပြောလာတဲ့ အိချီကို

Gin. ..''ဘာကိုဘာရမှာလဲ..... သူနဲ့ဘာမှမဟုတ်တာ။ ''

အိချီကို... ''အိုး......အကိုကြီးရေ.....နောက်မှနောင်တမရ
နဲ့နော်.....အခွင့်အရေးရှိတုန်းဖွင့်ပြောထားတာအကောင်းဆုံးပဲ။အော...ဒါနဲ့....မင်းသိပြီးပြီလား။ Light. ..ခေါင်းဆောင်
ရာထူးကနှုတ်ထွက်လိုက်ပြီ။ ''

Gin. ..''သူနှုတ်ထွက်တာငါနဲ့မှမဆိုင်တာ။ငါကဘာလုပ်ပေး
ရမှာလဲ။သူ့ကိုမထွက်ပါနဲ့လို့ ခခယယတောင်းပန်နေရမှာလား ''

အိခ်ီကို... ''ဖြီး....ဟားဟား..ဟား..ဟား...ဟား...''

ဗိုက်နှိပ်ပြီးရယ်နေတဲ့အိချီကို ကိုကြည့်ပြီးမျက်နှာကစူပုပ်လာ
သည်။

Gin. ..''ငါပြောတာရယ်စရာပါနေလို့လား ''

အိချီကို... ''မင်းကလေ..စိတ်မဝင်စားလို့ပြောနေတာနဲ့မတူပဲ
ချစ်သူကိုစိတ်ကောက်နေတဲ့သူနဲ့တူနေတာကို ''

Gin. ..''ငါပြောအုံးမယ်....မင်း..သူ့ဆီကလာဘ်ထိုးငွေတွေများရထားသေးလား။ငါ့ကိုသူနဲ့သာအတင်းလှော်နေတာပဲ။
ပြောစမ်း...မင်းကိုသူဘာတွေလာဘ်ထိုးထားလဲ။ ''

အိချီကို... ''မဟုတ်ပါဖူးကွာ။ မင်းကိုဟိုကအတည်ကြီး
သဘောကျနေတာနော်။မင်းသာအနီးမှုန်ပြီးအ​ဝေးကန်းနေတာ
ကျန်တဲ့သူတွေတောင်အကုန်သိနေပြီ။မင်းသူ့ကိုနည်းနည်းလေးတောင်သဘောမကျဖူးလား။ ''

Gin မေးစေ့ကိုလက်ဖြင့်ပွတ်ပြီးမျက်မှောင်ကျုံ့ကာစဉ်းစား
နေသည်။

Gin. ..''အဲ့တာကငါတစ်ခါမှမစဉ်းစားဖူးဘူး။သူနဲ့ငယ်ငယ်တည်းကလည်ပင်းဖက်ပြီးပေါင်းလာကြပေမယ့်.....အင်း...ငါ့ပေါ်တော်တော်ကောင်းပေးတာတော့သိတယ်။ ''

အိချီကို... ''အင်းပါ..မင်းရဲ့ခံစားချက်ကိုသေချာသိအောင်
တော့လုပ်ဖို့လိုအပ်နေပြီ။နောက်မကျဖို့ပဲမျှော်လင့်ပါတယ်။ ''

*ငါ.....သူ့ကိုသဘောကျလား။*

ဝူယောင်းနဲ့အတူတူအပြင်ကိုထွက်သွားတဲ့ အိချီကို ရဲ့ကျောပြင်ကိုငေးကြည့်ပြီး သူ့ကိုယ်သူမေးခွန်းပြန်ထုတ်မိ
သည်။

When I Reach The System [mission -3] /Real World (Z&U)(completed)Where stories live. Discover now