part 1(ဧကရီသရဖူ)

2.4K 64 2
                                    

Unicode & Zawgyi

(Unicode)

#ကျွန်ုပ်က ဝေနိုင်ငံရဲ့ ဧကရီ တစ်ပါးပါ။#

လက်ရှိအချိန်....

ဝေနိုင်ငံ ၏ လမ်းမထက်တွင်သာမက တော်ဝင်နန်းတော် အတွင်း၌ပါ နီရဲရဲ ပိုးပုဝါတို့ ယှက်သန်းနေကြသည်။

လူအားလုံး၏ မျက်ဝန်းထက်တွင် အပြုံးပန်းတို့ ဝေ ဆာလျှက်။

ကောင်းကင်ဘုံရဲ့ ကောင်းချီးကို ခံယူကာ ဝေနိုင်ငံ တော်ဝင်အနွယ် ပိုင်လီ မျိုရိုးနဲ့  စစ်သူကြီး ယွဲ့လုံ၏ တစ်ဦးတည်းသော သမီး ယွဲ့မင်လန် တို့၏ တော်ဝင်လက်ထပ်ပွဲ
မဂ်လာ ကျင်းပမည့် အချိန်အခါ။

လူတိုင်း ယနေ့ကို ရင်ခုန်စိတ်လှုပ်ရှားစွာ
စောင့်မျှော်နေခဲ့ကြ၏။

သို့သော် ထိုအထဲတွင် လူအနည်းငယ်ကတော့ လူတိုင်း၏ အပျော်တို့နဲ့ ဆန့်ကျင်နေခဲ့၏။

ဝေနိုင်ငံဧကရာဇ် ပိုင်လီရီယန် သည်လည်း ထိုလူတွေထဲက တစ်ယောက်ပင်။

"အရှင်မင်းကြီး...အခမ်းအနားအတွက် တော်ဝင်ဝတ်လဲတော် လဲရန် အသင့်ဖြစ်ကြောင်းပါ ဘုရား...."

"ကောင်းပြီ..."

ပိုင်လီရီယန် အနေနဲ့ ထိုပြည့်မဂ်လာ ပြုမှုကို မလိုလားသော်လည်း မိမိဘက်က ငြင်းဆန်ဖို့ရာ အခွင့်အလမ်းမရှိ။

ယွဲ့မင်လန်...ထိုမိန်းကလေးကို မိမိနှစ်သက် မြတ်နိုးခြင်းတစ်စုံတစ်ရာ မရှိပါပဲ မိမိ၏ ဧကရီအရာကို ပေးအပ်ခဲ့ရ၏။

မိမိအနေနဲ့ ငယ်စဥ်က တွေးခဲ့မိသည်။မိမိသည်သာ ဧကရာဇ် ဖြစ်လာပါက ဧကရီနေရာကို မိမိနှစ်သက်သူသာ ဖြစ်ရမည်ဟု တွေးခဲ့မိ၏။

သို့သော် စိတ်ကူးအတွေးမျှသာ။အမှန်တကယ် လက်တွေ့၌ ကံကြမ္မာ သည်ကား သတ်မှတ်ထားခဲ့လေသည်။
ထိုမိန်းကလေးအတွက်လည်း ထို့အတူပင် ဖြစ်ချေရော့မည် ထင်၏။

မိမိသည်ကား ထိုအေးစက်နေသည့် မိန်းကလေး အပေါ် စိတ်ခံစားချက် တစ်စုံတစ်ရာ မရှိ။

သို့သော် ဝေနိုင်ငံ၏ ဧကရီ နေရာသည်ကား မိမိ၏ ခံစားချက်များနဲ့သက်ဆိုင်ခြင်းမရှိပေ။

ဧကရီ မဟုတ်တဲ့ ဧကရီ Where stories live. Discover now