part 4(ပေကောင်းရဲ့ဟွမ် )

530 50 6
                                    

Unicode & Zawgyi

(Unicode)

ချမ်းအေးတဲ့ ဆောင်းနှင်းတို့ကြား နေမင်းရဲ့ မေတ္တာက လွန်စွာ နွေးထွေး၏။

ပန်းခင်းတို့အလယ် ကတ္တီပါ ပိတ်ထက်က
ဖီးနစ်မှာ တောင်ပံဖြန့်လျှက် လှပစွာ ဝဲလွင့်နေ၏။

အပြုံးခပ်ရေးရေးနဲ့ ဧကရီ မျက်နှာက အေးချမ်းနေသည်။ထိုပန်းအထုံကို လွန်စွာ နှစ်ခြိုက်ပုံပင်။

လတ်ဆတ်သည့် ရနံ့တို့ကြား ဝေ့ဝဲ ပျံသန်း
နေသည့် လိပ်ပြာငယ်လေးပမာ။

ယွဲ့မင်လန် အနီးရှိ နှင်းချယ်ရီပင်က လက်လှမ်းမီသည့် ကိုင်းခက်လေး တစ်ခုကို ခပ်ဆတ်ဆတ် ချိုးလိုက်၏။

လက်ထဲက ချယ်ရီခက်လေးကို ဝေ့ဝိုက်ကစားရင်း ခပ်သော့သော့ ဓားအက တစ်ခုကို ပုံဖော်ကနေမိသည်။

ကန်ရေပြင်အထက်မှာ နှင်းချယ်ရီ ခက်တစ်ခက်ရဲ့ အကူအညီဖြင့် ကြာပွင့်ကြာဖတ်တို့အပေါ် ခပ်သွဲ့သွဲ့ ချနင်းလိုက်ပုံက ငှက်မွေးငှက်တောင် တစ်ခု လေအသွဲ့မှာ မျောပါ ယိမ်းနွဲ့နေသည့်အလား ပေါ့ပါးကာ ကျော့ရှင်းနေ၏။

အနီးရှိ ပန်းမျိုးအစုံက ယွဲ့မင်လန် ၏ ဓားအက ကို ချီးကျူးဂုဏ်ပြုသယောင်
လေအသွဲ့မှာ လိုက်ပါ ယိမ်းနွဲ့နေကြ၏။
ရနံ့ တို့ဖြင့်လည်း ဝန်းရံ အဖော်ပြုပေးနေသေးသည်။

ခပ်သုတ်သုတ် ဝင်လာသော အထိန်းတော် ကုန်းကုန်း ကြောင့် လှပသော ပန်းပင်တို့ ကိုယ်ဟန် ယိမ်းနွဲ့ကုန်သလို ရနံ့တို့လည်း အဝေးသို့ ဖယ်ချီသွားသည်။

ယွဲ့မင်လန်၏ အပြုံးခပ်ရေးရေးသည်လည်း တမဟုတ်ချင်း ပြယ်လွင့်သွားခဲ့၏။

"ဧကရီ....အရှင်က အခေါ်လွှတ်လိုက်ကြောင်းပါ...."

"ဘာအတွက်လဲ ကုန်းကုန်း..."

"ကျွန်တော်မျိုး မသိရကြောင်းပါ...."

"ငါ ဧကရီ လာခဲ့မယ်လို့ အကြောင်းပြန်လိုက်ပါ..."

"ဟုတ်ကဲ့...."

အထိန်းတော်ကုန်းကုန်း ထွက်သွားသည်နှင့် လုရှန်း၏ ဆူပုတ်ပုတ် မျက်နှာက ပို၍ ထင်ရှားလာသယောင်။

ဧကရီ မဟုတ်တဲ့ ဧကရီ Wo Geschichten leben. Entdecke jetzt