part 3(အမျိုးမျိုးသော ပန်းတို့နဲ့ တွေ့ဆုံမှု)

600 52 0
                                    

Unicode & Zawgyi

(Unicode)

ဆောင်းမနက်ခင်းရဲ့ နှင်းဖွေးဖွေးနဲ့အတူ အာကာယံ နေမင်းက တိမ်အစွယ်ကနေ
ပြူတင်း ထွက်ပေါ်လာ၏။

ယွဲ့မင်လန် ညောင်းညာနေတဲ့ ခါးကို အနည်းငယ် ဆန့်လိုက်ပြီး အကြောဖြေလျော့လိုက်သည်။

သူ့ရဲ့ ဖတ်လက်စ ဝေနိုင်ငံတည်ထောင်မှု သမိုင်းကြောင်း စာအုပ်ကို ပိတ်ကာ
လိုက်ကာစ ကို လှပ်ပြီး
ရောင်ခြည်ထွေးနဲ့အတူ သာယာနေသော
ငှက်အပေါင်းကို ကြည့်နေ၏။

"ငါ စာကြည့်စားပွဲမှာ တစ်ညလုံး ထိုင်နေခဲ့တော့ ကိုယ်လက်တွေ ကိုက်ခဲနေတာပဲ.... "

"အရှင်မ.... မျက်နှာသစ်ရေ ရပါပြီ...."

"အင်း..."

ပြန်ဖြေသံနဲ့အတူ ပေါ်ပေါက်လာသော
အပြုံးနုထွေးထွေးကြောင့် လုရှန်း ရင်တို့ တလှပ်လှပ်ခုန်သွား၏။

လုရှန်း သူ့ရဲ့ ပန်းသွေးခြယ်နေတဲ့ မျက်နှာလေးကို အောက်သို့ငုံ့ကာ...

"အရှင်မ...ပျော်နေသလိုပဲ....."

"ဘာလို့ အဲ့လို ထင်တာလဲ...."

"အရှင်မ အပြုံးတွေက အရှင်မ စိတ်ခံစားချက်ကို ထင်ရှားနေစေတယ်လေ...."

"လုရှန်း....မင်းက တကယ့် ကောင်မလေးပဲ...မင်း ဒီလို သိနေတော့.....ငါ မင်းကို
ဘာ ဖုံးကွယ် ထားနိုင်မှာလဲ....."

"လုရှန်းက အရှင်မ ငယ်ငယ်ကတည်းက အတူ နေလာတာပဲဟာ....အရှင်မ အကြောင်း ဒီလောက်တော့ သိတာပေါ့...."

"ဧကရီအရှင်မ ကို ဂါဝရ ပြုပါတယ်..."

ရောက်ရှိလာသော နန်းတွင်းအပျိုတော်မလေးကြောင့် ယွဲ့မင်လန် နဲ့ လုရှန်း တို့ကြားက စကားဝိုင်း ပြတ်တောက်သွားခဲ့၏။

"ထပါ..."

"ဟုတ်ကဲ့.... "

"ဘာကိစ္စလဲ....."

လုရှန်း စကားဆိုလိုက်၏။

"အနောက်ဆောင်က ကြင်ယာတော် တု နဲ့ အခြား ကိုယ်လုပ်တော်တွေ ဧကရီအရှင်မကို မနက်ခင်း လက်ဖက်ရည် ဆက်သရန်
ရောက်ရှိနေကြောင်းပါ..."

"ကောင်းပြီ....မင်း သူတို့ကို ခန်းမထဲမှာ စောင့်နေခိုင်းလိုက်ပါ...ခဏနေ လာခဲ့မယ်... "

ဧကရီ မဟုတ်တဲ့ ဧကရီ Where stories live. Discover now