part 9( ဒီမင်းသားက ကိုယ့်ဟာကိုယ် လုပ်နိုင်တယ်)

315 27 6
                                    

Unicode & Zawgyi

(Unicode)

ဝေနိုင်ငံ ပြက္ခဒိန် သက္ကရာဇ် ၁၁၂၁ခု...။

မိုးကောင်းကင် ၏ ချီးမြင့်မြှောက်စားမှုနဲ့အတူ ဝေနိုင်ငံသည်ကား ကောက်နှံစပါး ပေါကြွယ်ဝကာ သာယာဖွံ့ဖြိုး၏။

ပြည်သူအပေါင်း၏ နိုင်ငံပြည့်ရှင်ဧကရာဇ်မင်းနဲ့ ဧကရီအပေါ် ဂါဝရတရားကလည်း ပိုလို့နက်ရှိုင်းလာခဲ့သည်။

သွင်သွင် စီးဆင်းနေသော ခပ်တိမ်တိမ် စမ်းချောင်းငယ်စပ်လေးတွင် ဘောင်းဘီတို့ ဒူးခေါင်းထိ လိပ်တင်ထားသော လူငယ်လေးတစ်ယောက်က ခပ်မြူးမြူး ပျော်ပါးနေ၏။

နက်မှောင်ရှည်လျားသော ဆံနွှယ်ရှည်တို့က ခါးထက်က ကျော်လွန်ကာ ဝဲ ဖြာကျနေ၏။

အရင်းနားထိ လိပ်တင်ထားသော ဝတ်ရုံလက်ဖျားအောက်က ထင်ရှားဖွေးဆွတ်နေ
သည့်  လက်ချောင်းတို့က ကျောက်စိမ်းပန်းပုအလား အပြစ်ကင်းကာ ချောမွတ်နေသည်။

နားသီးဖျားလေးရှိ ခပ်ရဲရဲ မှည့်နီလေးက ပန်ဆင်ထားသည့် နားအဆင်တန်ဆာတစ်ခုလို  လင်းလက်ကာ တောက်ပနေ၏။

မျက်ဝန်းတို့က တောက်ပကာ သူပြုမူနေရ
သည့် အပြုအမူအပေါ် နှစ်လိုနေဟန်။

ဘေး၌ ရှိနေသည့် အခြွေအရံအပေါင်း မျက်နှာတို့၌ စိုးထိတ်မှုတို့နဲ့အတူ ထိုအနေအထားကို တားမြစ်လိုဟန် ရှိနေသည်။

သို့သော်ငြား သူတို့မဝံ့ရဲပါချေ။

ဓားသွားတစ်ခုလို ဖြောင့်တန်းနေသည့် မျက်ခုံးပိုင်ရှင်က အနားခပ်လျှိုလျှို လျှောက်လာကာ အရိုအသေပြု စကားဆို၏။

"အရှင့်သား... ဝေနိုင်ငံနဲ့ နီးကပ်နေပါပြီ...
မိုးမချုပ်ခင်... မြို့ထဲက တည်းခိုဆောင်မှာ တည်းခိုနိုင်အောင် သွားသင့်ပြီ ဖြစ်ကြောင်းပါ..."

ပျော်မြူးနေသည့် မျက်ဝန်းတို့က မှုန်မှိုင်းသွားသည်။

သူ ဆော့ကစားနေသည့် စမ်းချောင်းငယ်လေးကို မစွန့်ခွာချင်သည့် အလား တမ်းတမ်းတတဖြင့် နောက်ကို တဖန်ပြန်လှည့်
ကြည့်၏။

"အရှင့်သား..."

ဘေးက လူက ထပ်မံ သတိပေးစကားဆိုလာချိန် သတိစကား ဆိုသူကို မကျေမနပ်နဲ့
ကြည့်လာ၏။

ဧကရီ မဟုတ်တဲ့ ဧကရီ Där berättelser lever. Upptäck nu