part 8 ( ရယ်ရွှင်ဖွယ်ရာ မျက်နှာလိုက်မှု )

635 55 19
                                    

Unicode & Zawgyi

(Unicode)

နွေဦးသို့ ရောက်နေပြီမို့ ပန်းတို့က နေရာအနှံ့ဝေဆာနေသလို ကျေးငှက်တို့ကလည်း မြူးထူးနေ၏။

ဝေနိုင်ငံ ၏ ပြည်သူ အပေါင်းတို့ကလည်း ပြုံးပန်းတို့ဝေဆာလျှက် တစ်နေ့တာ၏ လုပ်ငန်းဆောင်တာများကို ဆောင်ရွက်ရန် အလျှင်း ပြုနေကြ၏။

"အရှင်မ..... နိုးပါပြီလား...."

လုရှန်း က မတိုးမကျယ် လေသံဖြင့်
ခပ်တိုးတိုး အသံပြု၏။

"ဝင်လာခဲ့....."

ဖြူလျော်သည့် ပိုးသားအိပ်ယာထက်တွင် နက်မှောင်သည့် ဆံနွယ်ရှည်တို့က ကပိုကယို ဖြစ်ကာ ကျဆင်းနေသည်။

"အရှင်မ....ညက ကောင်းကောင်း အိပ်ပျော်ပါရဲ့လား...."

"အင်း....."

ချိုသာနေသည့် အသံလေးက
ထွက်ပေါ်လာသည်။

"လုရှန်း အရှင်မကို ပြင်ဆင်ပေးပါမယ်...."

အချိန်ခဏ ကြာပြီးနောက် ကျက်သရေရှိ
လှသည့် မျက်နှာသွင်ပြင်လေးက
အသရေ တင့်စွာ ထွက်ပေါ်လာသည်။

ပြင်ဆင်မှု၏နောက်ဆုံးအနေနဲ့ လုရှန်းက
ဖီးနစ်ဆံထိုးကို နက်မှောင်သော ဆံကေသာ ထက်၌ ဆင်မြန်းပေးလိုက်သည်။

"မယ်တော် မိဖုရားကြီး ကို နံနက်ခင်းဂါဝရ ပြုဖို့ သွားကြတာပေါ့...."

"ဟုတ်ကဲ့....."

ယွဲ့မင်လန် သူ၏ခြေလှမ်းတို့ကို လုံချီ
နန်းဆောင်ထံ ဦးတည် လျှောက်လှမ်းလိုက်သည်။

ယွဲ့မင်လန် ၏လုံချီ နန်းဆောင်ထဲသို့ ဝင်လုဆဲဆဲ ခြေလှမ်းတို့ က တစ်စုံတစ်ယောက်ကြောင့် ရပ်တန့်သွားရသည်။

ယွဲ့မင်လန် သူ့ထံသို့ လျှောက်လာသော
ထိုသူ ကို ကြည့်မိသည်။

အရှင်တစ်ပါး၏ အရှိန်အဝါ နဲ့ ပြည့်စုံကာ ချောမော၏။

သို့သော် ဤသည်ကား ယွဲ့မင်လန်
မှတ်ချက်ပြုရုံသာ။

သူ့စိတ်ထဲ တခြားမည်သည့် ပုံမှန်မဟုတ်မှုကိုမှ မခံစားရချေ။

"အရှင့်ကို ဂါဝရ ပြုပါတယ်.... "

ပိုင်လီရီယန် ဝတ်ရုံလက်ကို အနည်းငယ်
ခါယမ်းလိုက်ပြီး....သူ့ရှေ့က မိုးကောင်းကင် ပြိုကျလျှင်တောင် တုန်လှုပ်မှု အလျှင်း
မရှိမည့် မိန်းကလေးကို ကြည့်လိုက်သည်။
ထို့နောက်....

ဧကရီ မဟုတ်တဲ့ ဧကရီ Hikayelerin yaşadığı yer. Şimdi keşfedin