part 6(သူ သဝန်တိုနေတာလား)

539 50 4
                                    

Unicode & Zawgyi

(Unicode)

'တေးနှစ်ထပ်ပုံပြင်???အဲ့ဒါ ဘာပါလိမ့်...'

ပေကောင်းရဲ့ဟွမ် ...ခပ်တိုးတိုး ရေရွတ်ရင်း သူ့အရှေ့က ဧကရီအရှင်မကို စိတ်ရှုပ်ထွေးစွာဖြင့်သာ ကြည့်လိုက်မိ၏။

ပေကောင်းရဲ့ဟွမ် ၏ အူကြောင်ကြား
အမူအယာကြောင့် လုရှန်းကမူ တခွီးခွီးနဲ့
ဗိုက်နှိပ် အူတက်နေလေသည်။

သို့သော် သိသာအောင်တော့ မရယ်ရဲ။ သူ့အရှင်မ ငြူစူမည်ကို လုရှန်း စိုးရိမ်သည်။

"စိတ်ထဲ မထားပါနဲ့ ပေကောင်းလူကြီးမင်း ....
အဲ့ဒါက ဘာမှရယ် မဟုတ်ပါဘူး....ဒီအတိုင်း လူကြီးမင်း ရဲ့ ကျော်ကြားမှုအကြောင်း ဖော်ပြထားတဲ့ သမိုင်းစာအုပ်သက်သက်ပါပဲ...."

ယွဲ့မင်လန် ပေကောင်းရဲ့ဟွမ် ရဲ့အမူအယာကြောင့် ရယ်ချင်မိသော်လည်း မိမိကား ဧကရီ တစ်ပါး ဖြစ်နေ၏။

စောင့်ထိန်းစရာတို့ရှိကာ လက်လွတ်စပယ်
မနေသင့်ပေ။

ပေကောင်းရဲ့ဟွမ် နန်းတွင်းသူတို့၏ မျက်နှာထက်က အမူအယာကြောင့် ယွဲ့မင်လန် ၏ စကားကို ယုံကြည်ဖို့ရာ ခဲယဥ်းနေ၏။

သို့သော်လည်း ဧကရီတစ်ပါးက အရေးမကြီးလှတဲ့ အကြောင်းအရာလို့ ပြောနေမှတော့
မိမိအနေနဲ့ မငြင်းဆန်သင့်ပေ။

"အရှင်မက ဒီလို ပြောမှတော့ ကျွန်တော် လည်း အာရုံမထားတော့ပါဘူး..."

ယွဲ့မင်လန် နူးညံ့တဲ့ အပြုံးတစ်ခုနဲ့သာ
တုံ့ပြန် ခေါင်းညိတ်ပြလိုက်၏။

ယွဲ့မင်လန်၏ အပြုံးကား နွေးထွေး၏။

အေးစက်ခြင်းအလျှင်း ကင်းမဲ့လျှက်
လောကအပေါင်းကိုရောင်ခြည်ဖြာကျနေသော နေမင်း၏ အလင်းရောင်လေးအလားတူညီနေ၏။

ပေကောင်းရဲ့ဟွမ် သူ့အရှေ့တွင် နွေဦး၏
ရနံ့ နဲ့အတူ လှပသော ပန်းဥယျာဥ်အတွင်း ရောက်ရှိသွားသည့် အလား ခံစားလိုက်ရ၏။

"ကျွန်တော် မထင်ခဲ့မိဘူး....အရှင်မက သတင်းစကားနဲ့ အမြင် တကယ်ကို ကွာခြားတာပဲ...."

"ဘယ်လိုများ ကွာခြားလို့လဲ
ပေကောင်းလူကြီးမင်း..
ကျွန်မ က ငရဲလိုအေးစက်တဲ့ ဧကရီ
ဒါမှမဟုတ် နှလုံးသားမဲ့နေတဲ့ ဧကရီ....
အဲ့ဒါတွေနဲ့ မတူညီဘူးလို့ ဆိုလိုချင်
တာလား... "

ဧကရီ မဟုတ်တဲ့ ဧကရီ Where stories live. Discover now