Uni..
" ချစ်သော"
နာမည်ခေါ်လိုက်တာနဲ့..ပြောလက်စ စကားပြတ်ကာ..ထွက်သွားတဲ့ ကောင်ငယ်လေး..။
" ဒါဆို..ကျွန်တော် သွားလိုက်ပါအုန်းမယ်"
" အင်း"
မျက်နှာလေးမြင်ချင်လို့တောင်..တမင်တသက်သက် ကိုယ်တွေရဲ့လမ်းထိပ်မှာမဆင်းပဲ ဒီဘက်လမ်းထိပ်မှာ ဆင်းတာကို မြင်လိုက်ရတဲ့မြင်ကွင်းက အချိုးမပြေ။
ကို့အပေါ်မဟုတ်တဲ့ ချိုမြိန်ခြင်းတွေကို တစ်ခြားသူတွေထံ မကျရောက်စေချင်တာ ကို့ရဲ့ အတ္တတစ်ခုဖြစ်လေမလား။
" ဟင်..ဖယ်ရီကို ဟိုဘက်လမ်းထိပ်မှာမဆင်းဘူးလား"
" သူက ဘယ်သူလဲ"
" သူငယ်ချင်းလေ"
" ဘယ်က သူငယ်ချင်း.."
" အော်..သင်တန်းကလေ"
" ဘာလဲ..သင်တန်းမှာ မတွေ့ရလို့..အိမ်ထိ လာတွေ့ရလောက်အောင်..အဲ့ သူငယ်ချင်းက ဘာမို့လို့လဲ"
" ဟာ..ချစ်သောကို လာမအော်နဲ့နော်"
" ဒါဆို ပြော သူက ဘယ်သူလဲ"
" သူငယ်ချင်းပါဆို"
" သူငယ်ချင်းက ဘာလို့အိမ်ထိတောင် လာတွေ့ရတာလဲ..အချိန်လည်းကြည့်အုန်း..ပြီးတော့ အိမ်ထဲတောင် မဝင်ပဲ..အခုလို လမ်းထောင့်မှာလာပြောနေရတယ်ပေါ့"
" ကို့ သူငယ်ချင်းနဲ့ ဘယ်နေရာမှာပြောပြောပေါ့..ဘယ်သူ့အရေးစိုက်နေရမှာလဲ"
" ကျစ်..မင်း.."
ရည်စားလူလု အူနုကျွဲခတ်ဆိုတဲ့စကား..ကိုနားလည်ခဲ့ပြီ။ ဒေါသကြောင့် ကျယ်လောင်သွားတဲ့ အသံတွေကို မထိန်းချုပ်နိုင်ခဲ့။
" ဟင့်..ဘာလို့..ဘာလို့မဆိုင်ပဲနဲ့..လာအော်နေတာလဲ..ချစ်သောကို စကားလာမပြောနဲ့.."
လှည့်ထွက်သွားသော ကျောပြင်က ယုံကြည့်ချက်တွေ ခံနိုင်ရည်စွမ်းတွေကို ကျဆင်းစေသည်။
ဒေါသနဲ့အတူ အိမ်တောင်ဘယ်လိုရောက်လာမှန်းမသိ..နောက်ဖေးမှာ ထမင်းဝိုင်းပြင်နေတဲ့ နေခြည်ကို မြင်တော့ အကျိုးကြောင်းမေးရသည်။
YOU ARE READING
ချစ်သော..ပို၍ချစ်သော ( Complete)
Romanceပထမဦးဆုံးသော GL Fic လေးမို့ ဖတ်ကြည့်သူများ အမှားပါရင် နားလည်ပေးပါ။