အပိုင်း ၁၀

1.9K 131 1
                                    

Uni..

ဒီတစ်ကြိမ်တော့ ကို ချစ်သောကို မချော့ဖြစ်..မချော့ဖြစ်ဘူးဆိုတာထက်..ရင်မဆိုင်ရဲတာဆိုလျှင် ပိုမှန်သည်။ ဘာလိုလိုနဲ့ သူတို့ရဲ့သင်တန်းလေးတောင် ပြီးမြောက်သွားပြီလေ..ဒါပေမယ့်လည်း.. နေခြည်မပါပဲနဲ့..ဟိုတစ်ခါတွေ့တဲ့ကောင်လေးအပြင်..နောက်တစ်ယောက်နဲ့ပါ ရိုက်ပြီးတင်ထားတဲ့ပုံကြောင့်.. ခံစားခဲ့ရတာအမှန်။

နေခြည့်ကိုမေးတော့လည်း အခုတလောသူတို့နှစ်ယောက်နဲ့ပေါင်းနေတာကို မပြောပြ၊ အချိန်တန်ရင်ပြောမယ်လို့သာ ပြောသည်တဲ့..အခုတက်လာတဲ့ပုံကိစ္စလည်း နေခြည်တစ်ယောက် သိမနေခဲ့။

ငယ် ဘာတွေများလုပ်နေခဲ့တာလည်းကွာ။

/ ချစ်သော/

Messenger မှာ စာပို့ထားသော်လည်း ပြန်စာရောက်မလာခဲ့..ခဏတာ စောင့်နေလိုက်တော့မှ စာရောက်လာသည်။

/ဘာလဲ/

/ ကိုယ်တောင်းပန်ပါတယ် တစ်ကယ်ဆို ကို မင်းကို မအော်လိုက်သင့်ဘူး/

ဝမ်းနည်းမိတာ မှန်ပေမယ့်လည်း အဲ့ဒီနေ့က သူတင်တဲ့ Status ကြောင့် သူ့ Crush နဲ့အဆင်မပြေတာသိတာမို့ အလိုက်သင့်ပြောလိုက်သည်။

/ ရပါတယ်..ချစ်သော စိတ်ထဲမထားပါဘူး/

/ ကိုတစ်ကယ်တောင်းပန်တာပါ..ကိုအော်ဖို့မရည်ရွယ်ခဲ့ပါဘူး..ချစ်သောကို ယောကျာ်းလေးတစ်ယောက်နဲ့ တွဲမြင်လိုက်ရတော့..ကို..ကိုစိတ်ပူသွားလို့ပါ နောက်ပြီး ကို ချစ်သောနဲ့ အရင်လို စကားတွေ အများကြီးပြောချင်တယ်/

စိတ်ပူတယ်တဲ့..သူကလေ..မဖြစ်နိုင်တာ..

/ ဒါဆို..ချစ်သော အလုပ်ရှိသေးလို့..အောက်တော့မယ်နော်/

1min ago ဖြစ်သည်အထိ စောင့်ကြည့်နေမိပေမယ့် စာတော့ပြန်မပို့ဖြစ်တော့..။

အနုပညာရှင် တစ်ယောက်ကို ချစ်မိရင်

မင်း သဝန်တိုတဲ့ အချစ်ကို ခံစားရမယ်။

လုပ်ငန်းရှင်တစ်ယောက်ကို ချစ်မိရင်

မင်း သူ့အချိန်တွေကို နားလည်နိုင်ရမယ်။

သာမန်လူတစ်ယောက်ကို ချစ်မိရင်

သူ့ကြိုးစားမှုတွေကို လက်ခံနိုင်ရမယ်။

ချစ်သော..ပို၍ချစ်သော ( Complete)Where stories live. Discover now