Extra 5

1.7K 53 8
                                    

Uni..

" ကို..ကိုးး"

" ဖူး..အဟွက် အဟွက်"

မွေးရာပါ အားသာချက်ပြည့်ဝနေတဲ့ သူ့ရဲ့ Vocal အသံကြီးကိုမေ့လျော့စွာ ကော်ဖီသောက်နေသောကိုယ့်ကိုယ်အနောက်ကနေလှမ်းဖက်စွာခေါ်လိုက်သံက ခေါင်းဝက်နင်းခံရသလိုပင်။

" အာ.. ဆောရီး ဘေဘီက ဟီး"

" ကဲပါ ဟုတ်ပါပြီ ဘာပြောချင်လို့လဲ"

အနောက်ကနေလှမ်းဆွဲကာ ပေါင်ပေါ်တင်လိုက်တော့ ကိုယ့်ပခုံးတွေကိုပြန်လည်သိုင်းဖက်ထားတဲ့ ငယ့်ဆီက မနက်ခင်းရေချိုးပြီးစမို့ သနပ်ခါးနံ့လေးလည်းခပ်မွှေးမွှေး။

" ကိုကိုးးး ဘေဘီလေ Spicy အနက်ရောင်ထုပ်လေး စားချင်တယ်"

" အော် ဘေဘီက အဲ့ဒါလေးစားချင်နေတာလား..မွ"

" ဟုတ် ကိုကို"

နှစ်ဖက်ခွဲစည်းထားသောဆံနွယ်တွေကိုပွတ်သပ်ကာ ပါးပြင်တစ်ဖက်ကိုနမ်းရင်းဆိုလိုက်တော့ လေသံစူးစူးလေးကချိုမြမြ။

" မ..ရ..ဘူး"

" ဟာ ကိုကို ခင်ဗျားက အဲ့လိုလား ရတယ်နော်"

သူ့အလိုမလိုက်တော့ ခုနဏခေါ်ခဲ့တဲ့ ကိုကိုးဆိုတဲ့လေသံက ဘယ်တောင်ရောက်သွားတယ်မသိရ။ ဒီကြားထဲပခုံးကိုရိုက်တာခံလိုက်ရသေးသည်။

" ရတယ်နော် မဟုတ်ဘူး..ဘေဘီရဲ့ ရက်ကနီးလာပြီ အပူအစပ်တွေစားရင် ဗိုက်အောင့်တယ် ဖင်နာတယ်ခေါင်းနာတယ်ဖြစ်အုန်းမယ် ဒီတော့ မစားရဘူး"

"ဟင့် ကိုကိုက ဘေဘီ့ကို မသထာတော့ဘူး.ဟုတ်နေပါပြီ"

သူ့ကိုမသထာတော့ပါဘူးဆိုကာ ကိုယ့်ဆီကထသွားရင်း အိပ်ယာပေါ်ဝုန်းခနဲ့ပစ်လှဲလိုက်တဲ့ ဘေဘီ။

ကိုယ့်ရဲ့ပြုစုယုယမှုအောက်ကွယ် ၀ဖြိုးပြီးဝင့်ကြွားလာတဲ့ပေါက်စီတင်းတင်းရင်းရင်းတွေကို ခဏတာဥပက္ခာပြုရင်း ပစ်လှဲလိုက်တဲ့ဘေဘီ့ကြောင့် အနားမှာရှိတဲ့ ဘီဒိုစင်လေးလှုပ်သွားတယ်လို့တော့မပြောဖြစ် ဘာလို့ဆို ကိုယ်လည်းမယက တစ်ယောက်အပါဝင်မို့။

" ဘေဘီ"

"ဘယ်က ဘေဘီလဲ ဘာကိစ္စလဲ မသိဘူး မရှိဘူး သွား"

ချစ်သော..ပို၍ချစ်သော ( Complete)Where stories live. Discover now