အပိုင်း ၇

1.8K 126 8
                                    

Uni..

အမောဖြေနေကျတုန်း..နေခြည်ပြောလာသည်။

" မောင်..ရွှေတိဂုံဆိုတာနဲ့..မောင်ကံအကြောင်းလည်း ပြောရမယ်လေ"

" ဟဲ.ဟုတ်သား..ပြောပြမယ်နော် ..အတိအကျမဟုတ်ပေမယ့်..လက်လှမ်းမှီသလောက် လေ့လာထားတဲ့ဟာလေးပေါ့နော်.."

" မောင်ကံက..ဘုရားမှာပန်းရောင်းပြီး.အမေအိုကို လုပ်ကျွေးနေတဲ့သူလို့ သိရတယ်..တစ်နေ့ သူ ပန်းတွေရောင်းနေတုန်း..ရသေ့တစ်ပါးရောက်လာတယ်..အဲ့အချိန်မှာရသေ့က..သူရဲ့အလုပ်ကို မောင်ကံက ကူညီနိုင်မယ်ဆိုပြီးတော့..မောင်ကံဆီရောက်လာတယ်တဲ့"

( ဘရသေ့..ပန်းဝယ်မလို့လား..ဒါဆိုရင် မဝယ်ပဲနဲ့ သူလှုပါမယ့်တဲ့..)

" အဲ့မှာ ဘရသေ့က မောင်ကံရဲ့စိတ်ထားကို သိပြီး သူက တစ်ကယ်ကူညီပေးနိုင်မယ့်သူလို့တွေးပြီး အကူညီတောင်းလိုက်တယ်တဲ့"

( လူလေး..အဘကို ကူညီပါ..အဘကိစ္စကို လူလေးကူညီနိုင်မယ်လို့ထင်တယ်..တစ်ကယ်လို့ ပြီးမြောက်ခဲ့ရင်လည်း..လူလေး အကျိုးမယုတ်စေရပါဘူး)

" အဲ့ချိန်မှာ မောင်ကံက သူကူညီပါမယ်တဲ့"

" အဲ့နောက်..ဘရသေ့က ရွှေတိဂုံဘုရားနောက်က ဂူကြီးတစ်ဂူထဲခေါ်သွားတယ်.."

" အဲ့မှာ ဘရသေ့က..မောင်ကံ နာမည်မေးပြီးတော့ မောင်ကံရဲ့လက်ထဲကို ဆေးလုံးနှစ်လုံးနဲ့အင်းပြားတစ်ခုပေးပြီး မှာလိုက်တယ်"

(ဘရသေ့ ဒီစည်းဝိုင်းထဲရောက်တာနဲ့မီးထတောက်လိမ့်မယ်..အဲ့အခါမှာ အနှောင့်ယှက်တွေပေါ်လာတဲ့အခါ..ပထမဆေးလုံးနဲ့ပစ်..နောက်တစ်ခါ..ဒုတိယဆေးလုံးနဲ့ပစ်..နောက်ဆုံးမရတော့ရင် အင်းပြားနဲ့ပစ်နော်လူလေး..တစ်ကယ်လို့ မလိုက်နာရင်..နှစ်ယောက်လုံး အန္တာရယ်ရှိလို့ ဂရုစိုက်နော်လူလေး)

" အဲ့လိုပြောပြီး ဘရသေ့က စည်းဝိုင်းထဲဝင်လိုက်တာနဲ့ မီးထတောက်တယ်တဲ့..မောင်ကံလည်း..လန့်သွားတယ်..နောက်တော့..မီးခိုးလုံးတွေပေါ်လာပြီး သရဲတွေထွက်လာတယ်တဲ့..တစ်ခါမှ မကြုံဖူးတဲ့မောင်ကံက လန့်နေတုန်း ဘရသေ့က မောင်ကံ မင်း ဘာလုပ်နေတာလဲ ဆေးလုံးနဲ့ပစ်လေဆိုပြီးလှမ်းအော်လိုက်တာ..အဲ့လို လှမ်းအော်လိုက်မှ သတိဝင်လာပြီး..ဆေးလုံးနဲ့ပစ်လိုက်တော့..သရဲတွေပျောက်သွားတယ်..နောက်တစ်ခါ..ဘီလူးတွေပေါ်လာတယ်တဲ့..ဒုတိယဆေးလုံးနဲ့ပစ်လိုက်တော့ ပျောက်ကွယ်သွားပြီး နောက်ဆုံးကြိမ်မှာ အမျိုးသမီးတွေရောက်လာပြီး မောင်ကံကို မြူစွယ်ကျတုန်း..မောင်ကံလည်း သူတို့မာယာမှာ မြောလုဆဲဆဲ..ဘရသေ့ပြောတာကို သတိရပြီး အင်းပြားနဲ့ပစ်လိုက်မှ မီးလုံးတွေကော သူတို့ကော ပျောက်ကွယ်သွားတယ်တဲ့"

ချစ်သော..ပို၍ချစ်သော ( Complete)Where stories live. Discover now