Uni..
နေခြည်ကိုနဲ့ချစ်သောမောင်တို့ ဆုံတွေ့ဖြစ်တာက ၈တန်းရောက်မှခင်တာဆိုပေမယ့်..ငယ်သူငယ်ချင်းလိုမျိုး ခင်ကျတာမျိုး၊ ၈တန်းလောက်မှာ ချစ်သောမောင်တို့မိသားစု ရန်ကုန်ကိုပြောင်းရွှေ့လာခဲ့သည်.. ကျောင်းတူတာကြောင့် နဂိုကျောင်းမှာတွေ့ကျပေမယ့်လည်း သိပ့်ခင်မင်ရင်းနှီးတဲ့ အနေထားမျိုးမဟုတ်၊
နောက်တော့မှ ခင်မင်ရင်း ချစ်သောမောင်တို့့ နေခြည်တို့နဲ့တစ်လမ်းဆိုတာသိခဲ့ရသည်။ လမ်းချိုးလေးရဲ့ ဟိုဘက်ထိပ်နဲ့ဒီဘက်ထိပ်မို့..ကျောင်းသွားကျောင်းပြန်တူရင်းက ခင်မင်ရင်းနှီးသွားခြင်းပင်။
နှစ်ယောက်သားပြောမနာဆိုမနာပေါင်းသင်းလာရင်းက တက္ကသိုလ် Marth Major နောက်ဆုံးနှစ်တောင် ရောက်ခဲ့ပြီမို့လား။နောက်တစ်နေ့ရောက်တော့..အမြဲတမ်းကိုယ်ခေါ်မှအိမ်ကထွက်လာသော နေခြည်သည် ဒီနေ့တော့ စောစောစီးစီးအပြင်တောင်ထွက်စောင့်နေတာကြောင့်..
" အမယ် ကျားသားနဲ့မိုးကြိုးပါလား..မိန်းမ စောစောစီးစီး"
" အင်း လာ..သွားကြမယ်"
နေခြည့်ကိုတွေ့တာနဲ့ ချစ်သောရဲ့တစ်နေ့တာအလုပ်က လက်မောင်းလေးဆွဲကာ ဖုန်းထဲခေါင်းနှစ်ခြင်း..နေခြည်ကတော့ ထီးတော်မိုးပေါ့..ချစ်သောရဲ့ သာယာနေသော တစ်နေ့တာလေးက ကျောင်းထိပ်၀ရောက်တာနဲ့..ပြောင်းလဲသွားခဲ့သည်။
" ချစ်..ရောက်ပြီလား"
" ဟုတ်..ဒါနဲ့ ကိုကော နေကောင်းသွားပြီလား"
" အင်း..ကောင်းသွားပါပြီ ချစ်ရဲ့"
သမီးရည်းစားနှစ်ယောက် ချစ်ရည်လူးချင်သောလည်း အလိုက်မသိသလိုနဲ့ ချစ်သောတစ်ယောက် နေခြည့်လက်ကို အခုထိမလွှတ်ပေး။
" ဟဲ့..ဟဲ့..."
လူသေးသလောက် အသံအောင်တဲ့ ချစ်သော ကြောင့် အနီးရှိလူတွေ တုန်တက်သွားရတာတော့ အမှန်ပင်။
" ဖြေးဖြေးအော်ပါဟာ နင် ဆိုသည်မှာလည်း"
ချစ်သောအသံ အောင်လား မအောင်လားဆိုတာ တွဲထားသောလက်ကိုဖြုတ်လိုက်တဲ့ နေခြည့်ကြောင့်..
YOU ARE READING
ချစ်သော..ပို၍ချစ်သော ( Complete)
Romanceပထမဦးဆုံးသော GL Fic လေးမို့ ဖတ်ကြည့်သူများ အမှားပါရင် နားလည်ပေးပါ။