အပိုင်း ၁၂

1.8K 127 1
                                    

Uni..

နေခြည်တို့ မနက်ကိုးနာရီမဟုတ်ပဲ ခြောက်နာရီလောက်ထဲက ချစ်သောတို့အိမ်ရောက်နေသည်။ အနည်းငယ်သော ဘောလုံးတို့ကိုချိတ်ဆွဲကာ စားပွဲဝိုင်းတို့ ပြင်ပေးလိုက်သည်။ လူကြီးသူမတွေနဲ့ အိမ်းနီးချင်းအနည်းငယ်ကိုယ်တော့ အိမ်ပေါ်မှာပဲ မနက်ဆယ်နာရီလောက်ထိ ကျွေးမည်ဖြစ်ပြီး..နောက်မှာတော့ အိမ်ရှေ့မှာ စားပွဲဝိုင်းတွေခင်းထားပြီး ကျန်တာကျွေးမွေးမည်ဖြစ်သည်။

နှစ်တိုင်းလုပ်သော အလှုဒါနလေးဖြစ်တာကြောင့် လမ်းထဲရှိလူတွေကလည်း ၀ိုင်းဝန်းကူလုပ်ပေးသည်။ ဆံနွယ်တို့ကို နှစ်ဖက်ခွဲစည်းကာ ခေါင်းစည်းကြိုးအလှလေးနဲ့ချည်ထားသေးသည်။ မိတ်ကပ်ပါးပါးလေးချယ်သကာ အပေါ်ကသနပ်ခါးလေးလည်း လိမ်းချယ်ထားပြီး အပြာနဲ့ပန်းရောင်ရောစပ်ထားသော ဝတ်စုံလေးနဲ့ ချစ်သောက လှနေတာအမှန်။

ရွှန်းလဲကိုကို တစ်ယောက် မြန်မာဝတ်စုံ ဝတ်တာရှားပေမယ့်လည်း အခုအခါတော့ ချစ်ရသူရဲ့ မွေးနေ့လေးဖြစ်တာကြောင့် ဝတ်ဆင်ခဲ့ပေမယ့်..သိပ့်တော့အချိုးမကျလှ။ ကိုဝင်လာတာကို တစ်ချက်မျှသာ ငေးကြည့်ပြီး လုပ်စရာရှိတာလုပ်နေတဲ့ ချစ်သောပါလေ။

" ချစ်သောရေ..အမေ ဘုန်းကြီးပွဲအတွက် အချိုပွဲတွေ မှာထားတာ မလာသေးဘူး..အဲ့ဒါ တစ်ယောက်ယောက်ခေါ်ပြီး သွားယူစမ်း"

" ဟုတ်..မေမေ"

ချစ်သော နေခြည်ကိုခေါ်မလို့ ကြည့်လိုက်ပေမယ့်..စားပွဲဝိုင်းတွေမှာ လိုအပ်တဲ့အရာလေးတွေ လိုက်ချနေတာကြောင့် မအား..။ တစ်ခြားသူတွေကြည့်လိုက်တော့ ထိုအတိုင်းမို့..ချစ်သော တစ်ယောက်ထဲသာ လာခဲ့လိုက်သည်။

" ချစ်သော..ခဏ"

အသံကြားလို့ လှည့်ကြည့်လိုက်တော့ အနောက်က လိုက်လာတဲ့ ရွှန်းလဲ့ရယ်ပါ။

စျေးထဲဝင်ကာ ရွှေကြည်၊ ဆနွင်းမကင်းတို့ဆိုင် ရောက်သည့်တိုင်စကားတစ်ခွန်းမှ မပြောဖြစ်ခဲ့။

" အန်တီရေ..အမေ..မှာထားတဲ့ အချိုပွဲတွေမလာသေးဘူးလားတဲ့"

" ရပြီသမီးရေ..အန်တီ ဆိုက်ကားဌားမရလို့..ကြာနေတာ..အခု အဆင်ပြေပြီမို့ အန်တီ ဆိုက်ကားနဲ့တင်ပေးလိုက်တယ်.."

ချစ်သော..ပို၍ချစ်သော ( Complete)Where stories live. Discover now