Chapter-16(Z+U)

4.6K 785 45
                                    

{Zawgyi}

တကယ်တော့အဲဒီ့နေရာမှာ Psychoနဲ့ပတ်သက်ပြီးလွဲမှားသောအရာတစ်ခုခုရှိနေခဲ့တယ်။ဒါပေမယ့်အဲဒီအချိန်ကငါ့ကိုအမျက်ဒေါသထွက်စေတဲ့စွပ်စွဲချက်တွေကြောင့်ငါအများကြီးဂရုမစိုက်နိုင်ခဲ့ဘူး ။ ညအချိန်ရောက်သောအခါလည်ဆွဲနဲ့အတူသူအသည်းအသန်ဖျားခဲ့သည်။

ကျယ်လောင်သောသူ့အသံကငါ့ကိုနှိုးသောအခါငါထမကြည့်ဘဲဆက်သာအိပ်နေလိုက်သည်။
ငါသူ့ကိုဘာမှမတုံ့ပြန်မီသူသည်အိပ်ရာပေါ်သို့အမြန်ပြေးတတ်လာပြီးထုံးစံအတိုင်းပဲအ​ပေါ်က​နေငါ့ကိုဖိထားပြန်​တဲ့အခါဒီအကျွမ်းတဝင်ခန္ဓာကိုယ်အပူချိန်နှင့်​ဖောင်းကြွဖုထစ်​​နေတဲ့​ဘောင်းဘီ​အောက်​ကအရာ​ကြောင့်​ဒီလူဟာဘယ်​သူလဲဆိုတာငါတန်းသိလိုက်​တယ်​​။

လွန်ခဲ့သောသုံးလကငါ့ရဲ့အတွင်းပိုင်းဒဏ်ရာများကိုမကုသနိုင်သေးသောကြောင့်သာသူ့ကိုလုပ်ခွင့်ပေးခဲ့တာ။  ဒါပေမယ့်အခုသူ့ကိုအလွယ်တကူအောင်မြင်အောင်ဘယ်လိုလုပ်ငါလုပ်ခွင့်ပေးနိုင်မှာလဲ။  သူ့ကိုငါဆန့်ကျင်တိုက်ထုတ်ဖို့ငါ့ရဲ့ခွန်အားအားလုံးကိုချက်ချင်းပဲသုံးလိုက်တယ်။

"ခွေးကောင်!ငါ့အပေါ်ကနေခုချက်ချင်းဖယ်ပေးစမ်း!!"

အဲ့အခိုက်အတန့်အတွင်းရင်ထဲကဖြစ်ပေါ်လာတဲ့
နာကျင်မုန်းတီးမှုတွေကြောင့်သူ့ရင်ဘက်ကိုကိုက်ဆွဲပစ်လိုက်တယ်။

တစ်နေ့တာတည်းမှာပဲနေ့ဘက်မှာတော့ငါ့ကိုသတ်ချင်နေပြီးညဘက်မှာကြတော့ငါ့ကိုအရှက်ရအောင်လုပ်နေတယ်ပေါ့လေ။ငါတွေးရင်းတွေးရင်းအရမ်းဒေါသထွက်လွန်းလို့ သူ့ကိုငါအစွမ်းသတ္တိရှိသမျှနဲ့တိုက်ထုတ်ပစ်ချင်တယ်။  Xiao Zhongnan သည် Qi လမ်းစဉ်ဖောက်ပြားမှုသို့ကျရောက်ခဲ့သော်လည်းသူသည်ကျော်ကြားသောဂိုဏ်းချုပ်တစ်ဦးဖြစ်နေဆဲပင်။  သူကငါ့လက်ကိုအလွယ်တကူရှောင်ပြီးလက်ကိုငါ့ခေါင်းပေါ်မှာသူ့လက်တွေနဲ့တင်းတင်းကျပ်ကျပ်ဆုပ်ကိုင်ထားတယ်။  ငါ့သူ့ဒူးကိုချက်ချင်းငုံ့လိုက်ပြီးတိုက်ခိုက်လိုက်ပေမယ့်သူ့ခြေထောက်တွေနဲ့တတ်ဖိလိုက်တာကြောင့်ငါလှုပ်ရှားလို့မရတော့။တကယ်တော်ပါတယ်။တကယ်ကိုတော်တာ။သူကိုယ်သူမထိခိုက်အောင်ကာကွယ်တဲ့နေရာမှာပေါ့။

Sect Master And Psycho (Myanmar Translation) Where stories live. Discover now